ရှေးဟောင်းမီးသတ်ယာဥ်များပြတိုက်စတင်ဖွင့်လှစ်

0
100

ရှေးဟောင်းမီးသတ်ယာဥ်များပြတိုက်စတင်ဖွင့်လှစ်

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊အမှတ်(၅)ရပ် ကွက်၊အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့ဌာနချုပ်၌ ဖေဖော်ဝါရီ ၁၀ ရက်ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရှေးဟောင်းမီး သတ်ယာဥ်များပြတိုက်(Myanmar Fire Museum)အားဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရှေးဟောင်းမီးသတ်ယာဥ်များပြတိုက် (Myanmar Fire Museum)အား နိုင်ငံတော်အ တွင်း ခေတ်အဆက်ဆက် တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် မီးလောင်မှုကြီးများ၌ မီးသတ်သမားများနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ကြသည့် မီးသတ်သမိုင်းဝင်အမွေအနှစ်ဖြစ်သည့် မီးသတ်ယာဉ်များအား အများပြည်သူလေ့လာနိုင်ရေးအတွက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကိုလိုနီခေတ်မှ ခေတ်အဆက်ဆက် မြို့ပြ၊ကျေး လက်ဒေသအနှံ့အသုံးပြုခဲ့သည့် မီးသတ်ယာဉ်များအနက် သက်တမ်းရှေးကျဆုံး မီးသတ်ယာဉ်များအား ခေတ်အလိုက်ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံသို့ ၁၉၀၉ ခုနှစ်တွင် စတင်ရောက်ရှိလာသည့် Fire King ကမ္ဘာ့ရှေးဟောင်းမီးသတ်ကားအမျိုးအစားများတွင် ပါဝင်သည့် Merryweather(STEAM)နှင့် Merryweather (Petrol)မီးသတ်ကားများကိုလည်းထည့်သွင်းပြ သထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊မီးသတ်ဦးစီးဌာနသည် နိုင်ငံတစ်ဝှမ်းရှိ မြို့ပြ၊ကျေးလက်များ၌ မီးဘေးလုံခြုံရေးအတွက် မီးသတ်ကား ၃၆၆၅ စီးဖြင့် မီး ဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

Zaw Gyi

ေရွးေဟာင္းမီးသတ္ယာဥ္မ်ားျပတိုက္စတင္ဖြင့္လွစ္

ရန္ကုန္ၿမိဳ႕၊မရမ္းကုန္းၿမိဳ႕နယ္၊အမွတ္(၅)ရပ္ ကြက္၊အုတ္ပုံဆိပ္လမ္းရွိ ျမန္မာႏိုင္ငံမီးသတ္တပ္ ဖြဲ႕ဌာနခ်ဳပ္၌ ေဖေဖာ္ဝါရီ ၁၀ ရက္ကစတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

(၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္အေနျဖင့္ ေရွးေဟာင္းမီး သတ္ယာဥ္မ်ားျပတိုက္(Myanmar Fire Museum)အားဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ ေရွးေဟာင္းမီးသတ္ယာဥ္မ်ားျပတိုက္ (Myanmar Fire Museum)အား ႏိုင္ငံေတာ္အ တြင္း ေခတ္အဆက္ဆက္ ေတြ႕ႀကဳံရင္ဆိုင္ခဲ့ရသည့္ မီးေလာင္မႈႀကီးမ်ား၌ မီးသတ္သမားမ်ားႏွင့္အတူ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ မီးသတ္သမိုင္းဝင္အေမြအႏွစ္ျဖစ္သည့္ မီးသတ္ယာဥ္မ်ားအား အမ်ားျပည္သူေလ့လာႏိုင္ေရးအတြက္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

ကိုလိုနီေခတ္မွ ေခတ္အဆက္ဆက္ ၿမိဳ႕ျပ၊ေက်း လက္ေဒသအႏွံ႔အသုံးျပဳခဲ့သည့္ မီးသတ္ယာဥ္မ်ားအနက္ သက္တမ္းေရွးက်ဆုံး မီးသတ္ယာဥ္မ်ားအား ေခတ္အလိုက္ခင္းက်င္းျပသထားၿပီး ျမန္မာႏိုင္ငံသို႔ ၁၉၀၉ ခုႏွစ္တြင္ စတင္ေရာက္ရွိလာသည့္ Fire King ကမာၻ႔ေရွးေဟာင္းမီးသတ္ကားအမ်ိဳးအစားမ်ားတြင္ ပါဝင္သည့္ Merryweather(STEAM)ႏွင့္ Merryweather (Petrol)မီးသတ္ကားမ်ားကိုလည္းထည့္သြင္းျပ သထားသည္။

ျပည္ထဲေရးဝန္ႀကီးဌာန၊မီးသတ္ဦးစီးဌာနသည္ ႏိုင္ငံတစ္ဝွမ္းရွိ ၿမိဳ႕ျပ၊ေက်းလက္မ်ား၌ မီးေဘးလုံၿခဳံေရးအတြက္ မီးသတ္ကား ၃၆၆၅ စီးျဖင့္ မီး ေဘးလုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here