ကိုဗစ်ကုသဆေးတစ်ရပ်အား နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ စတင်ထုတ်လုပ်နိုင်ပြီဖြစ်

0
174

ကိုဗစ်ကုသဆေးတစ်ရပ်အား နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ စတင်ထုတ်လုပ်နိုင်ပြီဖြစ်

MOLNUPAC 200 (Molnupiravir 200mg) အား မြန်မာပြည်နိုင်ငံအတွင်းရှိ နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ branded generic “MOLNUPAC 200”အမည်ဖြင့်ထုတ်လုပ်မှု အောင်မြင်ပြီဟု ယင်းစက်ရုံကကြေညာသည်။

“Covid-19 ရောဂါအတွက် ကမ္ဘာ့ပထမဆုံးကုသဆေး(သောက်ဆေး)အဖြစ် UK MHRA မှခွင့်ပြုခဲ့ပြီး အမေရိကန်နိုင်ငံ US FDA မှ Emergency Use Authorization (EUA )အဖြစ် ခွင့်ပြုချက်ရထားသည့် Molnupiravir အား မြန်မာပြည်နိုင်ငံအတွင်းရှိ နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ branded generic MOLNUPAC အမည်ဖြင့်ထုတ်လုပ်အောင်မြင်ပြီး မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှုဌာန Myanmar FDAမှ ထောက်ခံစာအမှတ်( 2302ND002) ဖြင့်ခွင့်ပြုချက်ရရှိခဲ့ပြီး ဈေးနှုန်းသက်သာစွာဖြင့် မြန်မာနိုင်ငံသားများအတွက် စတင်ဖြန့်ဖြူးပေးနေပြီဟု ကြေညာချက်ထဲ ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်းဈေးကွက်တွင် တရားမဝင်နည်းလမ်းများဖြင့်တင်သွင်းရောင်းချနေသော တရားဝင်မှတ်ပုံတင်မရှိသည့် အရည်အသွေးသံသယဖြစ်ဖွယ်ရာ Molnupiravir ဆေးများမှာ ဈေးနှုန်း ( သိန်းဂဏန်းကျပ်ကျော်ကျော် ) အလွန်မြင့် မားသည့်အပြင် ဆေးဝါးအရည်အသွေး အာမခံချက်မရှိခြင်းနှင့် ဆေးဝါးအတုများ၏ ဘေးထွက်ဆိုးကျိုး အန္တရာယ်များ မှာ လွန်စွာကြီးမားလှသောကြောင့် Pacific Medical Industries Ltd မှ နေ၍ MOLNUPAC 200 (Molnupiravir 200mg) ဆေးအား အကျိုးအမြတ် ပဓာနမထားဘဲ ပြည်သူ့ကျန်းမာရေးအတွက်ရှေးရှု၍ လူနာတစ်ဦးစီအတွက် သင့်တင့်မျှတသောဈေးနှုန်း one course (MOLNUPAC 200mg အလုံး ၄၀) စာအတွက် ၃၉,၀၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးသွားမည်ဟုလည်း ကြေညာချက်ထဲဖော်ပြထားသည်။

Zaw Gyi

ကိုဗစ္ကုသေဆးတစ္ရပ္အား ႏိုင္ငံသားပိုင္ Pacific Medical Industries Ltd ေဆးဝါးစက္႐ုံမွ စတင္ထုတ္လုပ္ႏိုင္ၿပီျဖစ္

MOLNUPAC 200 (Molnupiravir 200mg) အား ျမန္မာျပည္ႏိုင္ငံအတြင္းရွိ ႏိုင္ငံသားပိုင္ Pacific Medical Industries Ltd ေဆးဝါးစက္႐ုံမွ branded generic “MOLNUPAC 200”အမည္ျဖင့္ထုတ္လုပ္မႈ ေအာင္ျမင္ၿပီဟု ယင္းစက္႐ုံကေၾကညာသည္။

“Covid-19 ေရာဂါအတြက္ ကမာၻ႔ပထမဆုံးကုသေဆး(ေသာက္ေဆး)အျဖစ္ UK MHRA မွခြင့္ျပဳခဲ့ၿပီး အေမရိကန္ႏိုင္ငံ US FDA မွ Emergency Use Authorization (EUA )အျဖစ္ ခြင့္ျပဳခ်က္ရထားသည့္ Molnupiravir အား ျမန္မာျပည္ႏိုင္ငံအတြင္းရွိ ႏိုင္ငံသားပိုင္ Pacific Medical Industries Ltd ေဆးဝါးစက္႐ုံမွ branded generic MOLNUPAC အမည္ျဖင့္ထုတ္လုပ္ေအာင္ျမင္ၿပီး ျမန္မာႏိုင္ငံ အစားအေသာက္ ႏွင့္ေဆးဝါးကြပ္ကဲမႈဌာန Myanmar FDAမွ ေထာက္ခံစာအမွတ္( 2302ND002) ျဖင့္ခြင့္ျပဳခ်က္ရရွိခဲ့ၿပီး ေဈးႏႈန္းသက္သာစြာျဖင့္ ျမန္မာႏိုင္ငံသားမ်ားအတြက္ စတင္ျဖန႔္ျဖဴးေပးေနၿပီဟု ေၾကညာခ်က္ထဲ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံအတြင္းေဈးကြက္တြင္ တရားမဝင္နည္းလမ္းမ်ားျဖင့္တင္သြင္းေရာင္းခ်ေနေသာ တရားဝင္မွတ္ပုံတင္မရွိသည့္ အရည္အေသြးသံသယျဖစ္ဖြယ္ရာ Molnupiravir ေဆးမ်ားမွာ ေဈးႏႈန္း ( သိန္းဂဏန္းက်ပ္ေက်ာ္ေက်ာ္ ) အလြန္ျမင့္ မားသည့္အျပင္ ေဆးဝါးအရည္အေသြး အာမခံခ်က္မရွိျခင္းႏွင့္ ေဆးဝါးအတုမ်ား၏ ေဘးထြက္ဆိုးက်ိဳး အႏၲရာယ္မ်ား မွာ လြန္စြာႀကီးမားလွေသာေၾကာင့္ Pacific Medical Industries Ltd မွ ေန၍ MOLNUPAC 200 (Molnupiravir 200mg) ေဆးအား အက်ိဳးအျမတ္ ပဓာနမထားဘဲ ျပည္သူ႔က်န္းမာေရးအတြက္ေရွးရႈ၍ လူနာတစ္ဦးစီအတြက္ သင့္တင့္မွ်တေသာေဈးႏႈန္း one course (MOLNUPAC 200mg အလုံး ၄၀) စာအတြက္ ၃၉,၀၀၀ က်ပ္ ႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္ဟုလည္း ေၾကညာခ်က္ထဲေဖာ္ျပထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here