KNU နယ်မြေအတွင်းရှိ ခရိုင်ငါးခုမှစစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းကျော်အတွက် စားသောက် ကုန်များနှင့်ဆေးဝါးများလိုအပ်နေ

0
73

KNU နယ်မြေအတွင်းရှိ ခရိုင်ငါးခုမှစစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းကျော်အတွက် စားသောက် ကုန်များနှင့်ဆေးဝါးများလိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကော်သူးလေးနယ်မြေအတွင်း ခရိုင်ငါးခုတွင် ဖြစ်ပွားလျက်ရှိသည့် ထိတွေ့တိုက်ပွဲများကြောင့် နေအိမ်များအားစွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် ၇၀၀၀၀ ကျော်အတွက် အခြေခံစား သောက်ကုန်များနှင့်ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီ သူများထံမှ သိရသည်။

ကော်သူးလေးနယ်မြေအတွင်းရှိ သထုံခရိုင်၊ညောင်လေးပင်ခရိုင်၊ဘိတ်ထားဝယ်ခရိုင်၊ဖာပွန်ခရိုင်နှင့်ဒူးပလာယာခရိုင်တို့တွင် နစက ၏လုံခြုံ ရေးအဖွဲ့ဝင်များနှင့် KNU အဖွဲ့တို့ကြား၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ယင်း ခရိုင်ငါးခုရှိ ကျေးရွာများအတွင်းနေထိုင်သည့် ဒေသခံကျေးရွာသူ၊ကျေးရွာသားများသည် တိုက်ပွဲဖြစ်ပွားမှုနှင့်လွတ်ကင်းရာနေရာများဖြစ်သည့် တော၊တောင်များအတွင်း၊တိုက်ပွဲလွတ် ကင်းရာ မြို့ပေါ်များသို့ တိမ်းရှောင်ရောက်ရှိနေကြသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“လတ်တလောအရေးပေါ်လိုအပ်နေတာက ဆန်နဲ့အမိုးတွေအကာတွေအခင်းတွေလုပ်ဖို့အတွက် တာလပတ်စတွေပဲ မိုးကဒီရက်အတွင်းမှာရွာချလိုက်တော့ တောထဲမှာရှောင်နေရတဲ့လူတွေအ တွက် အရမ်းဒုက္ခရောက်ရတယ် မိုးကလည်းရွာအေးတာလည်းအရမ်းအေးဆိုတော့ ကလေးတွေအတွက်ရယ် သက်ကြီးဘိုးဘွားတွေအတွက်ရယ် ဆေးလည်းလိုတယ်”ဟုစစ်ဘေးရှောင်များအားကူညီပေးနေသည့် ကိုဝဏ္ဏကပြောသည်။

မိုးရွာသွန်းမှုကြောင့် မြို့ပေါ်များ၌ရောက်ရှိနေသည့် စစ်ဘေးရှောင်များမှာအခက်အခဲဖြစ်ပေါ်မှုနည်းပါးသော်လည်း တော၊တောင်များအတွင်းနှင့်သောင်ရင်းမြစ်ကမ်းဘေးရောက်ရှိနေသည့် စစ်ဘေးရှောင်များမှာ မိုးရွာမှုကြောင့် စားသောက် ကုန်များရေစိုပျက်စီးခြင်း၊အဝတ်အထည်ရေစိုခြင်းများနှင့်ဆေးဝါးပစ္စည်းများရေစိုပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“သောင်ရင်းမြစ်ကမ်းဘေးမှာဆိုရင် ထိုင်းဖက်က စစ်ဘေးရှောင်စခန်းတစ်ခုကိုပိတ်လိုက်တဲ့အချိန်မှာပိုများလာတာ ရာသီဥတုအေးလာတဲ့အပြင်မိုးပါရွာလိုက်တော့ပိုဆိုးသွားတာပေါ့ တစ်ချို့က လေးတွေဆိုရင် နေမကောင်းဖြစ်နေကြတယ် ဆေးဝါးပစ္စည်းကမရှိတော့ အလျင်းသင့်သလိုပဲ ကုပေးနေရတာပေါ့ နောက်တစ်ခုလိုအပ်တာက အနွေးထည်ပဲ အရမ်းအေးလာတော့အနွေးထည်တွေလိုတယ်”ဟုကိုဝဏ္ဏကပြောသည်။

အဆိုပါ အရေးပေါ်လိုအပ်ချက်များအားကူညီဖြည့်ဆည်းပေးနိုင်ရန် လူမှုကူညီရေးအသင်းများ၊ပ ရဟိတအဖွဲ့များ၊အလှူရှင်များနှင့်ချိတ်ဆက်၍ လှူ ဒါန်းမှုများပြုလုပ်ပေးလျက်ရှိသည်ဟု သိရသည်။

Zaw Gyi

KNU နယ္ေျမအတြင္းရွိ ခ႐ိုင္ငါးခုမွစစ္ေဘးေရွာင္ဦးေရ ခုႏွစ္ေသာင္းေက်ာ္အတြက္ စားေသာက္ ကုန္မ်ားႏွင့္ေဆးဝါးမ်ားလိုအပ္ေန

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ ေကာ္သူးေလးနယ္ေျမအတြင္း ခ႐ိုင္ငါးခုတြင္ ျဖစ္ပြားလ်က္ရွိသည့္ ထိေတြ႕တိုက္ပြဲမ်ားေၾကာင့္ ေနအိမ္မ်ားအားစြန္႔ခြာထြက္ေျပးေနရသည့္ စစ္ေဘးေရွာင္ ၇၀၀၀၀ ေက်ာ္အတြက္ အေျခခံစား ေသာက္ကုန္မ်ားႏွင့္ေဆးဝါးပစၥည္းမ်ား အေရးေပၚလိုအပ္လ်က္ရွိသည္ဟု စစ္ေဘးေရွာင္ကူညီ သူမ်ားထံမွ သိရသည္။

ေကာ္သူးေလးနယ္ေျမအတြင္းရွိ သထုံခ႐ိုင္၊ေညာင္ေလးပင္ခ႐ိုင္၊ဘိတ္ထားဝယ္ခ႐ိုင္၊ဖာပြန္ခ႐ိုင္ႏွင့္ဒူးပလာယာခ႐ိုင္တို႔တြင္ နစက ၏လုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားႏွင့္ KNU အဖြဲ႕တို႔ၾကား၌ ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည္။

ယင္း ခ႐ိုင္ငါးခုရွိ ေက်း႐ြာမ်ားအတြင္းေနထိုင္သည့္ ေဒသခံေက်း႐ြာသူ၊ေက်း႐ြာသားမ်ားသည္ တိုက္ပြဲျဖစ္ပြားမႈႏွင့္လြတ္ကင္းရာေနရာမ်ားျဖစ္သည့္ ေတာ၊ေတာင္မ်ားအတြင္း၊တိုက္ပြဲလြတ္ ကင္းရာ ၿမိဳ႕ေပၚမ်ားသို႔ တိမ္းေရွာင္ေရာက္ရွိေနၾကသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

“လတ္တေလာအေရးေပၚလိုအပ္ေနတာက ဆန္နဲ႔အမိုးေတြအကာေတြအခင္းေတြလုပ္ဖို႔အတြက္ တာလပတ္စေတြပဲ မိုးကဒီရက္အတြင္းမွာ႐ြာခ်လိုက္ေတာ့ ေတာထဲမွာေရွာင္ေနရတဲ့လူေတြအ တြက္ အရမ္းဒုကၡေရာက္ရတယ္ မိုးကလည္း႐ြာေအးတာလည္းအရမ္းေအးဆိုေတာ့ ကေလးေတြအတြက္ရယ္ သက္ႀကီးဘိုးဘြားေတြအတြက္ရယ္ ေဆးလည္းလိုတယ္”ဟုစစ္ေဘးေရွာင္မ်ားအားကူညီေပးေနသည့္ ကိုဝဏၰကေျပာသည္။

မိုး႐ြာသြန္းမႈေၾကာင့္ ၿမိဳ႕ေပၚမ်ား၌ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားမွာအခက္အခဲျဖစ္ေပၚမႈနည္းပါးေသာ္လည္း ေတာ၊ေတာင္မ်ားအတြင္းႏွင့္ေသာင္ရင္းျမစ္ကမ္းေဘးေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားမွာ မိုး႐ြာမႈေၾကာင့္ စားေသာက္ ကုန္မ်ားေရစိုပ်က္စီးျခင္း၊အဝတ္အထည္ေရစိုျခင္းမ်ားႏွင့္ေဆးဝါးပစၥည္းမ်ားေရစိုပ်က္စီးျခင္းတို႔ျဖစ္ေပၚခဲ့သည္ဟု သိရသည္။

“ေသာင္ရင္းျမစ္ကမ္းေဘးမွာဆိုရင္ ထိုင္းဖက္က စစ္ေဘးေရွာင္စခန္းတစ္ခုကိုပိတ္လိုက္တဲ့အခ်ိန္မွာပိုမ်ားလာတာ ရာသီဥတုေအးလာတဲ့အျပင္မိုးပါ႐ြာလိုက္ေတာ့ပိုဆိုးသြားတာေပါ့ တစ္ခ်ိဳ႕က ေလးေတြဆိုရင္ ေနမေကာင္းျဖစ္ေနၾကတယ္ ေဆးဝါးပစၥည္းကမရွိေတာ့ အလ်င္းသင့္သလိုပဲ ကုေပးေနရတာေပါ့ ေနာက္တစ္ခုလိုအပ္တာက အေႏြးထည္ပဲ အရမ္းေအးလာေတာ့အေႏြးထည္ေတြလိုတယ္”ဟုကိုဝဏၰကေျပာသည္။

အဆိုပါ အေရးေပၚလိုအပ္ခ်က္မ်ားအားကူညီျဖည့္ဆည္းေပးႏိုင္ရန္ လူမႈကူညီေရးအသင္းမ်ား၊ပ ရဟိတအဖြဲ႕မ်ား၊အလႉရွင္မ်ားႏွင့္ခ်ိတ္ဆက္၍ လႉ ဒါန္းမႈမ်ားျပဳလုပ္ေပးလ်က္ရွိသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here