(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်း အနားအား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တက်ရောက်မည်

0
209

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်း အနားအား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တက်ရောက်မည်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် နစက မှကြီးမှူး၍ နေပြည်တော်၌ ဖေဖော်ဝါရီ ၁၂ ရက်တွင်ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ပြည်ထောင်စုနေ့အခမ်းအနားအား NCA လက် မှတ်ရေးထိုးထားကာ PPST အဖွဲ့ဝင်ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ၂၀၁၄ ခုနှစ်မှစတင်ကာနှစ်စဥ်တက်ရောက်ခဲ့ပြီး ယခုနှစ်တွင်လည်းတက်ရောက်မည်ဖြစ်သည်ဟု သိရသည်။

“စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို ALP ကအစဥ်အလာတစ်ခုအနေနဲ့တက်ရောက်မှာပါ”ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းကပြောသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်း အနားအား NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတက်ရောက်ရန် ဖေဖော် ဝါရီ ၆ ရက်၌ နစက ကထုတ်ပြန်ဖိတ်ခေါ်ထား သည်။

အဆိုပါ စိန်ရတုပြည်ထောင်စုနေ့တွင် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကိုလည်း ပြုလုပ်သွားမည်ဟုသိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် ကရင်အမျိုးသားအ စည်းအရုံး(KNU)နှင့်ချင်းအမျိုးသားတပ်ဦး (CNF)တို့မှာ စိန်ရတုပြည်ထောင်စုနေ့အခမ်းအ နားနှင့်ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

Zaw Gyi

(၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႔အခမ္း အနားအား ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)တက္ေရာက္မည္

ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)သည္ နစက မွႀကီးမႉး၍ ေနျပည္ေတာ္၌ ေဖေဖာ္ဝါရီ ၁၂ ရက္တြင္က်င္းပမည့္ (၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႔အခမ္းအနားသို႔တက္ေရာက္မည္ျဖစ္ေၾကာင္း ပါတီတာဝန္ရွိသူမ်ားထံမွ သိရသည္။

ျပည္ေထာင္စုေန႔အခမ္းအနားအား NCA လက္ မွတ္ေရးထိုးထားကာ PPST အဖြဲ႕ဝင္ျဖစ္သည့္ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီမွ ၂၀၁၄ ခုႏွစ္မွစတင္ကာႏွစ္စဥ္တက္ေရာက္ခဲ့ၿပီး ယခုႏွစ္တြင္လည္းတက္ေရာက္မည္ျဖစ္သည္ဟု သိရသည္။

“စိန္ရတုျပည္ေထာင္စုေန႔အခမ္းအနားကို ALP ကအစဥ္အလာတစ္ခုအေနနဲ႔တက္ေရာက္မွာပါ”ဟု ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ၏ ဒု-ဥကၠ႒ေဒၚေစာျမရာဇာလင္းကေျပာသည္။

(၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႔အခမ္း အနားအား NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ NCA လက္မွတ္မေရးထိုးရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားတက္ေရာက္ရန္ ေဖေဖာ္ ဝါရီ ၆ ရက္၌ နစက ကထုတ္ျပန္ဖိတ္ေခၚထား သည္။

အဆိုပါ စိန္ရတုျပည္ေထာင္စုေန႔တြင္ ထာဝရၿငိမ္းခ်မ္းေရးအႀကိဳညႇိႏႈိင္းေဆြးေႏြးပြဲကိုလည္း ျပဳလုပ္သြားမည္ဟုသိရသည္။

NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႕အနက္ ကရင္အမ်ိဳးသားအ စည္းအ႐ုံး(KNU)ႏွင့္ခ်င္းအမ်ိဳးသားတပ္ဦး (CNF)တို႔မွာ စိန္ရတုျပည္ေထာင္စုေန႔အခမ္းအ နားႏွင့္ထာဝရၿငိမ္းခ်မ္းေရးအႀကိဳညႇိႏႈိင္းအစည္း အေဝးသို႔ တက္ေရာက္မည္မဟုတ္ေၾကာင္း ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here