ရခိုင်ပြည်နယ်အကျဉ်းထောင်များအတွင်း ထောင်ဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား ၆၀ကျော်လွတ်ငြိမ်းချမ်းသာရရှိ

0
155

ရခိုင်ပြည်နယ်အကျဉ်းထောင်များအတွင်း ထောင်ဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား ၆၀ကျော်လွတ်ငြိမ်းချမ်းသာရရှိ

ယနေ့ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များအတွင်း အကျဉ်းချနေရသူများအနက်က ၈၁၄ဦးအား လွတ်ငြိမ်းဖြင့် ပြန်လွတ်ပေးရာတွင် ရခိုင်ပြည်နယ်အတွင်း ရှိ အကျဉ်းထောင်များအတွင်းအကျဉ်းချခံနေရသူ ၆၇ဦးလည်း ပါဝင်ကြောင်းသိရသည်။

“အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်အရေးယူခံထားရတဲ့ ၄၆ဦးလည်းပါတယ်။နောက် ၂၂ဦးကတော့အခြားအမှုတွေနဲ့ပါ”ဟု အကျဉ်းထောင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

အမှုအသေးစိတ်အခြေအနေမျာကိုမူ မသိရှိရသေးပေ။

နစကဥက္ကဌက စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုခြင်းနှင့်ငြိမ်းချမ်းရေးအတွက်ရှေးရူ ၍ တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သောAA အဖွဲ့ဝင်များ နှင့်ဆက်စပ်သူ ၄၆ဦး၏တရားရုံးစစ်ဆေးဆဲ အမူများပိတ်သိမ်း၍ အမူမှလွတ်ရန် ယနေ့တွင် အမိန့်ထုတ်ပြန်ထားမှုလည်း ရှိထားသည်။

Zaw Gyi

ရခိုင္ျပည္နယ္အက်ဥ္းေထာင္မ်ားအတြင္း ေထာင္ဒဏ္ခ်မွတ္ခံထားရသည့္ အက်ဥ္းသား ၆၀ေက်ာ္လြတ္ၿငိမ္းခ်မ္းသာရရွိ

ယေန႔ ျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ တစ္ႏိုင္ငံလုံးရွိ အက်ဥ္းေထာင္မ်ားအတြင္း အက်ဥ္းခ်ေနရသူမ်ားအနက္က ၈၁၄ဦးအား လြတ္ၿငိမ္းျဖင့္ ျပန္လြတ္ေပးရာတြင္ ရခိုင္ျပည္နယ္အတြင္း ရွိ အက်ဥ္းေထာင္မ်ားအတြင္းအက်ဥ္းခ်ခံေနရသူ ၆၇ဦးလည္း ပါဝင္ေၾကာင္းသိရသည္။

“အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္အေရးယူခံထားရတဲ့ ၄၆ဦးလည္းပါတယ္။ေနာက္ ၂၂ဦးကေတာ့အျခားအမႈေတြနဲ႔ပါ”ဟု အက်ဥ္းေထာင္အသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက ေျပာျပသည္။

အမႈအေသးစိတ္အေျခအေနမ်ာကိုမူ မသိရွိရေသးေပ။

နစကဥကၠဌက စိန္ရတုျပည္ေထာင္စုေန႔ဂုဏ္ျပဳျခင္းႏွင့္ၿငိမ္းခ်မ္းေရးအတြက္ေရွး႐ူ ၍ တရား႐ုံးအသီးသီးတြင္ တရားစြဲဆိုထားဆဲျဖစ္ေသာAA အဖြဲ႕ဝင္မ်ား ႏွင့္ဆက္စပ္သူ ၄၆ဦး၏တရား႐ုံးစစ္ေဆးဆဲ အမူမ်ားပိတ္သိမ္း၍ အမူမွလြတ္ရန္ ယေန႔တြင္ အမိန႔္ထုတ္ျပန္ထားမႈလည္း ရွိထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here