မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များအတွင်း လွတ်ငြိမ်းဖြင့်ပြန်လွတ်လာသူ ၇၀ဦးရှိ

0
291

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များအတွင်း လွတ်ငြိမ်းဖြင့်ပြန်လွတ်လာသူ ၇၀ဦးရှိ

 

ပုံစာ-မွန်ပြည်နယ်ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/သူများအား မြင်တွေ့ရစဉ်။

မွန်ပြည်နယ်အတွင်းက ကျိုက်မရော၊မော်လမြိုင်၊သထုံအကျဉ်းထောင်များအပါအဝင် အကျဉ်းထောင်၊အလုပ်စခန်းအသီးသီးမှ ယနေ့( ပြည်ထောင်စုနေ့ ) လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသူ (၇၀)ဦးရှိသည်ဟု လုံခြုံရေးဆိုင်ရာအသိုင်းအဝိုင်းကပြောသည်။

“နာမည်အတိအကျတွေတော့ မသိရသေးဘူး”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နစက ဥက္ကဋ္ဌက အကျဉ်းထောင်အသီးသီးတွင် တည်ဆဲဥပဒေများအားဖောက်ဖျက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအနက် ထိုက်သင့်သည့်ပြစ်ဒဏ်ကျခံပြီးကာ စည်းကမ်းကောင်းမွန်စွာနေထိုင်ခဲ့ကြသည့် အကျဉ်းသား ၈၁၄ ဦးအားပြစ်ဒဏ်များမှ ယနေ့တွင်လွတ်ငြိမ်းခွင့်ပြုထားသည်။

ယနေ့လွတ်ငြိမ်းရ အကျဉ်းသားများသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အ ပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်ဟုသိရသည်။

Zaw Gyi

မြန္ျပည္နယ္အတြင္းရွိ အက်ဥ္းေထာင္မ်ားအတြင္း လြတ္ၿငိမ္းျဖင့္ျပန္လြတ္လာသူ ၇၀ဦးရွိ

မြန္ျပည္နယ္အတြင္းက က်ိဳက္မေရာ၊ေမာ္လၿမိဳင္၊သထုံအက်ဥ္းေထာင္မ်ားအပါအဝင္ အက်ဥ္းေထာင္၊အလုပ္စခန္းအသီးသီးမွ ယေန႔( ျပည္ေထာင္စုေန႔ ) လြတ္ၿငိမ္းျဖင့္ ျပန္လြတ္လာသူ (၇၀)ဦးရွိသည္ဟု လုံၿခဳံေရးဆိုင္ရာအသိုင္းအဝိုင္းကေျပာသည္။

“နာမည္အတိအက်ေတြေတာ့ မသိရေသးဘူး”ဟု တာဝန္ရွိသူတစ္ဦးကေျပာသည္။

(၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ နစက ဥကၠ႒က အက်ဥ္းေထာင္အသီးသီးတြင္ တည္ဆဲဥပေဒမ်ားအားေဖာက္ဖ်က္က်ဴးလြန္၍ ျပစ္ဒဏ္က်ခံေနရသည့္ အက်ဥ္းသားမ်ားအနက္ ထိုက္သင့္သည့္ျပစ္ဒဏ္က်ခံၿပီးကာ စည္းကမ္းေကာင္းမြန္စြာေနထိုင္ခဲ့ၾကသည့္ အက်ဥ္းသား ၈၁၄ ဦးအားျပစ္ဒဏ္မ်ားမွ ယေန႔တြင္လြတ္ၿငိမ္းခြင့္ျပဳထားသည္။

ယေန႔လြတ္ၿငိမ္းရ အက်ဥ္းသားမ်ားသည္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ-၄၀၁၊ပုဒ္မခြဲ(၁)အရ “ေနာက္တစ္ႀကိမ္ျပစ္မႈထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အ ျပင္ ယခုက်ခံရန္က်န္ရွိေသာ ျပစ္ဒဏ္မ်ားကိုပါ ဆက္လက္က်ခံပါမည္”ဟူသည့္ စည္းကမ္းသတ္မွတ္ခ်က္ျဖင့္ ျပန္လြတ္လာျခင္းျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here