NCA လက်မှတ်ရေးထိုးထားသည့် ၇ ဖွဲ့နှင့် မထိုးထားသည့် ၄ ဖွဲ့ တို့ ပြည်ထောင်စုနေ့သို့တက်ရောက်ခဲ့

0
173

NCA လက်မှတ်ရေးထိုးထားသည့် ၇ ဖွဲ့နှင့် မထိုးထားသည့် ၄ ဖွဲ့ တို့ ပြည်ထောင်စုနေ့သို့တက်ရောက်ခဲ့

နေပြည်တော်တွင် ယနေ့ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့
ဂုဏ်ပြု အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ဖွဲ့တက်ရောက်ခဲ့ကြသည်ဟု နစကဥက္ကဌကပြောသည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၂။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊၃။ ချင်းအမျိုးသား တပ်ဦး (CNF)၊၄။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊၅။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊၆။ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊၇။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊၈။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊၉။ မွန်ပြည်သစ်ပါတီ (NMSP)နှင့်၁၀။ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည့် ဆယ်ဖွဲ့ လက်မှတ်ထိုးထားသည့်ထဲမှ (၇)ဖွဲ့ တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တက်ရောက်ခဲ့ကြမှုအနေဖြင့် RCSS မှဗဟိုဦးစီးကော်မတီဝင် လွန့်ဆန်၊ KNU ၏ ဒူးပလာယာခရိုင် ဥက္ကဋ္ဌပဒိုရွှေမောင်း၊ KNU/KNLA(PC)မှ ဒု- ဥက္ကဋ္ဌ‌ ဒေါက်တာ​ဇော်ကပေါ်ထူး၊ DKBA မှကွပ်ကဲရေး(၂)မှူးစောဘငြိမ်း၊ ALP မှ ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း၊ NMSP မှ ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်း၊ LDU မှတွဲဘက်အတွင်းရေးမှူး(၂)ကျာယာကုပ် တို့လည်း အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအနက် UWSA မှလားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်း၊ SSPP မှဗဟိုကော်မတီဝင်စိုင်းနော်လိတ်၊ NDAA မှဌာနကြီးမှူးဦးစိုင်းမောက်၊ ULA မှနိုင်ငံရေးမှူးဦးဦးလှစော တို့သည်အဖွဲ့ဝင်များနှင့်အတူတက်ရောက်ကြသည်ဟုသိရသည်။

ငြိမ်းချမ်းရေးဆောင်ရွက်နေသူတစ်ဦးက ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ မြင်ရနိုင်သည်ဟု မှတ်ချက်ပြုသည်။

နစကဥက္ကဌက ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းပြီး “ ဒါတွေဆောင်ရွက်နိုင်ဖို့ အစိုးရနဲ့တပ်မတော်အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်သမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ လိုက်လျောကမ်းလှမ်းချက် ၂ ခု ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ (တစ်)ကတော့ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခြင်းနဲ့ (နှစ်)ကတော့ ထာဝရငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ဖိတ်ကြားခြင်းပဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့စပြီး ယခု ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ၄ နှစ်ကျော်ကာလ တစ်ဖတ်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ “ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ဖိတ်ကြားခြင်း” ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးကိုလိုချင်ရင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ်ရပ်စဲပေးသင့်တယ်ဆိုတဲ့အဆိုပြုမှုတွေ၊ အစိုးရနဲ့ တပ်မတော် အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးရာမှာ ကြိုတင် ကန့်သတ်မှုတွေ မပြုလုပ်သင့်ဘူးဆိုတဲ့ အဆိုပြုချက်တွေ အပေါ်မှာ အကောင်းဆုံးဖြေရှင်း ဆောင်ရွက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ များရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းမှာလည်း ဒီလိုဆောင်ရွက်မှုမျိုးဟာ ရတောင့်ရခဲဖြစ်စဉ်တစ်ခုဆိုတာ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ထိထိမိမိ အသုံးပြုနိုင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်လိုပါတယ်ဟု” ပြောသည်။

Zaw Gyi

NCA လက္မွတ္ေရးထိုးထားသည့္ ၇ ဖြဲ႕ႏွင့္ မထိုးထားသည့္ ၄ ဖြဲ႕ တို႔ ျပည္ေထာင္စုေန႔သို႔တက္ေရာက္ခဲ့

ေနျပည္ေတာ္တြင္ ယေန႔က်င္းပခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ (၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႔
ဂုဏ္ျပဳ အခမ္းအနားသို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း ၁၁ဖြဲ႕တက္ေရာက္ခဲ့ၾကသည္ဟု နစကဥကၠဌကေျပာသည္။

အပစ္ရပ္လက္မွတ္ေရးထိုးထားသည့္ ၁။ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး (ABSDF)၂။ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)၊၃။ ခ်င္းအမ်ိဳးသား တပ္ဦး (CNF)၊၄။ ဒီမိုကေရစီ အက်ိဳးျပဳ ကရင္တပ္မေတာ္ (DKBA)၊၅။ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU)၊၆။ကရင္အမ်ိဳးသားအစည္းအ႐ုံး/ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(ၿငိမ္းခ်မ္းေရးေကာင္စီ) (KNU/ KNLA PC)၊၇။ ပအိုဝ္း အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO)၊၈။ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ/ သွ်မ္းျပည္တပ္မေတာ္ (RCSS/ SSA)၊၉။ မြန္ျပည္သစ္ပါတီ (NMSP)ႏွင့္၁၀။ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး (LDU) စသည့္ ဆယ္ဖြဲ႕ လက္မွတ္ထိုးထားသည့္ထဲမွ (၇)ဖြဲ႕ တက္ေရာက္ခဲ့သည္။

NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအနက္ တက္ေရာက္ခဲ့ၾကမႈအေနျဖင့္ RCSS မွဗဟိုဦးစီးေကာ္မတီဝင္ လြန္႔ဆန္၊ KNU ၏ ဒူးပလာယာခ႐ိုင္ ဥကၠ႒ပဒိုေ႐ႊေမာင္း၊ KNU/KNLA(PC)မွ ဒု- ဥကၠ႒‌ ေဒါက္တာ​ေဇာ္ကေပၚထူး၊ DKBA မွကြပ္ကဲေရး(၂)မႉးေစာဘၿငိမ္း၊ ALP မွ ဒု-ဥကၠ႒ေဒၚေစာျမရာဇာလင္း၊ NMSP မွ ဗဟိုေကာ္မတီဝင္ ႏိုင္အမ္စိုက္ခ်မ္း၊ LDU မွတြဲဘက္အတြင္းေရးမႉး(၂)က်ာယာကုပ္ တို႔လည္း အဖြဲ႕ဝင္မ်ားႏွင့္အတူ တက္ေရာက္ခဲ့ၾကသည္။

NCA လက္မွတ္မေရးထိုးရေသးသည့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕မ်ားအနက္ UWSA မွလားရႈိးဆက္ဆံေရး႐ုံးတာဝန္ခံ ဦးညီရမ္း၊ SSPP မွဗဟိုေကာ္မတီဝင္စိုင္းေနာ္လိတ္၊ NDAA မွဌာနႀကီးမႉးဦးစိုင္းေမာက္၊ ULA မွႏိုင္ငံေရးမႉးဦးဦးလွေစာ တို႔သည္အဖြဲ႕ဝင္မ်ားႏွင့္အတူတက္ေရာက္ၾကသည္ဟုသိရသည္။

ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ေနသူတစ္ဦးက ၿငိမ္းခ်မ္းေရးအတြက္ ေျခလွမ္းသစ္မ်ား ျမင္ရႏိုင္သည္ဟု မွတ္ခ်က္ျပဳသည္။

နစကဥကၠဌက ၿငိမ္းခ်မ္းေရးႏွင့္ စပ္လ်ဥ္းၿပီး “ ဒါေတြေဆာင္႐ြက္ႏိုင္ဖို႔ အစိုးရနဲ႔တပ္မေတာ္အေနနဲ႔ ျမန္မာ့ၿငိမ္းခ်မ္းေရး ျဖစ္စဥ္သမိုင္းမွာ တစ္ခါမွမရွိခဲ့ဖူးတဲ့ လိုက္ေလ်ာကမ္းလွမ္းခ်က္ ၂ ခု ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ခဲ့ပါတယ္။ (တစ္)ကေတာ့ တစ္ဖက္သတ္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေပးျခင္းနဲ႔ (ႏွစ္)ကေတာ့ ထာဝရၿငိမ္းခ်မ္းေရးကိုဦးတည္ၿပီး ႀကိဳတင္ကန႔္သတ္ခ်က္မထားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ျပဳလုပ္ႏိုင္ေရး ဖိတ္ၾကားျခင္းပဲျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔စၿပီး ယခု ၂၀၂၂ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ ၄ ႏွစ္ေက်ာ္ကာလ တစ္ဖတ္သတ္ပစ္ခတ္တိုက္ခိုက္မႈရပ္စဲထားပါတယ္။ ယခုႏွစ္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာလည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ “ထာဝရၿငိမ္းခ်မ္းေရးအတြက္ ဖိတ္ေခၚျခင္းႏွင့္ စိန္ရတု ျပည္ေထာင္စုေန႔ အခမ္းအနားသို႔ဖိတ္ၾကားျခင္း” ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရးကိုလိုခ်င္ရင္ တပ္မေတာ္က ပစ္ခတ္တိုက္ခိုက္မႈကို တစ္ဖက္သတ္ရပ္စဲေပးသင့္တယ္ဆိုတဲ့အဆိုျပဳမႈေတြ၊ အစိုးရနဲ႔ တပ္မေတာ္ အေနနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ေဆြးေႏြးရာမွာ ႀကိဳတင္ ကန႔္သတ္မႈေတြ မျပဳလုပ္သင့္ဘူးဆိုတဲ့ အဆိုျပဳခ်က္ေတြ အေပၚမွာ အေကာင္းဆုံးေျဖရွင္း ေဆာင္႐ြက္ေပးခဲ့တာပဲျဖစ္ပါတယ္။ ကမာၻ႔ႏိုင္ငံ မ်ားရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္၊ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈသမိုင္းမွာလည္း ဒီလိုေဆာင္႐ြက္မႈမ်ိဳးဟာ ရေတာင့္ရခဲျဖစ္စဥ္တစ္ခုဆိုတာ ေတြ႕ရွိႏိုင္မွာ ျဖစ္ပါတယ္။ ဒါကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား အားလုံးနဲ႔ တိုင္းရင္းသားျပည္သူတစ္ရပ္လုံးက ထိထိမိမိ အသုံးျပဳႏိုင္ဖို႔ လိုအပ္ေၾကာင္း တိုက္တြန္းႏႈိးေဆာ္လိုပါတယ္ဟု” ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here