အင်းစိန်ထောင်အတွင်းမှ လွတ်ငြိမ်းဖြင့်လွတ်မြောက်လာသူ ၉၀ဦးရှိ

0
111

အင်းစိန်ထောင်အတွင်းမှ လွတ်ငြိမ်းဖြင့်လွတ်မြောက်လာသူ ၉၀ဦးရှိ

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူများထဲ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းမှ အကျဉ်းသား၊အကျဉ်းသူ ၉၀ဦးလည်း ပါသည်ဟု အကျဉ်းဦးစီးဌာနက သိရသည်။

အကျဉ်းသား ၈၂ဦး၊အကျဉ်းသူ ၈ဦးတို့ဖြစ်ပြီး အဆိုပါ အကျဉ်းသား၊သူ များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အ ပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိသည့်ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ယနေ့ လွတ်ငြိမ်းထဲ မျှော်လင့်ထားကြသူများ မပါလာခြင်းများရှိခဲ့သည်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here