မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးတွင် ကိုဗစ်ကူးစက်မှုတွေ့ရှိ၍ ဗီဇာလျှောက်ထားခြင်း ယာယီရပ်နား

0
299

မြန်မာနိုင်ငံဆိုင်ရာတောင်ကိုရီးယားသံရုံးတွင် ကိုဗစ်ကူးစက်မှုတွေ့ရှိ၍ ဗီဇာလျှောက်ထားခြင်းယာယီရပ်နား

မြန်မာနိုင်ငံဆိုင်ရာတောင်ကိုရီးယားသံရုံးက ဗီဇာလျှောက်ထားခြင်း လက်ခံဆောင်ရွက်ပေးမှုအား ဖေဖော်ဝါရီ ၁၈ရက်နေ့အထိ ယာယီရပ်နားထားသည်ဟု သိရှိရသည်။

သံရုံးက အသိပေးကြေငြာမှုတွင် “(11.2.2022 – 18.2.2022) အတွင်း သံရုံးဗီဇာလျှောက်ထားခြင်းအား ယာယီရပ်နားခြင်း၊ လတ်တလောတွင် ကိုရီးယားသံရုံးဗီဇာဌာနတာဝန်ခံမှ ကိုရိုနာအတည်ပြု စစ်ဆေးတွေ့ရှိရသဖြင့် အလုပ်ဆင်းနိုင်သော ဝန်ထမ်းအရေအတွက်အား လျှော့ချထားသောကြောင့် (11.2.2022 မှ 18.2.2022)အထိ ဗီဇာလျှောက်ထားခြင်းကို လက်ခံဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်”ဟု ဖော်ပြထားသည်။

လျှောက်ထားပြီးသား ဗီဇာများကိုမူ နေ့စဉ် ညနေ ၄နာရီမှ ၄နာရီခွဲ အတွင်း ပုံမှန်အတိုင်း ထုတ်ပေးမှုကိုမူ သံရုံးဘက်က ဆက်လက် လုပ်ဆောင်ပေးမည်ဟု ကြေညာထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ရက်နေ့ကလည်း သံရုံးတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိထား၍ သံရုံးတစ်ခုလုံးအား ပိုးသတ်ခြင်း ပြုလုပ်ခဲ့ရာ ကောင်စစ်ဝန်ရုံး ဗီစာဌာန/နိုတြီဌာနအား ယာယီပိတ်ထားခဲ့သေးသည်။

Zaw Gyi

ျမန္မာႏိုင္ငံဆိုင္ရာေတာင္ကိုရီးယားသံ႐ုံးတြင္ ကိုဗစ္ကူးစက္မႈေတြ႕ရွိ၍ ဗီဇာေလွ်ာက္ထားျခင္းယာယီရပ္နား

ျမန္မာႏိုင္ငံဆိုင္ရာေတာင္ကိုရီးယားသံ႐ုံးက ဗီဇာေလွ်ာက္ထားျခင္း လက္ခံေဆာင္႐ြက္ေပးမႈအား ေဖေဖာ္ဝါရီ ၁၈ရက္ေန႔အထိ ယာယီရပ္နားထားသည္ဟု သိရွိရသည္။

သံ႐ုံးက အသိေပးေၾကျငာမႈတြင္ “(11.2.2022 – 18.2.2022) အတြင္း သံ႐ုံးဗီဇာေလွ်ာက္ထားျခင္းအား ယာယီရပ္နားျခင္း၊ လတ္တေလာတြင္ ကိုရီးယားသံ႐ုံးဗီဇာဌာနတာဝန္ခံမွ ကို႐ိုနာအတည္ျပဳ စစ္ေဆးေတြ႕ရွိရသျဖင့္ အလုပ္ဆင္းႏိုင္ေသာ ဝန္ထမ္းအေရအတြက္အား ေလွ်ာ့ခ်ထားေသာေၾကာင့္ (11.2.2022 မွ 18.2.2022)အထိ ဗီဇာေလွ်ာက္ထားျခင္းကို လက္ခံေဆာင္႐ြက္ေပးႏိုင္မည္မဟုတ္ေၾကာင္း ႀကိဳတင္အသိေပးအပ္ပါသည္”ဟု ေဖာ္ျပထားသည္။

ေလွ်ာက္ထားၿပီးသား ဗီဇာမ်ားကိုမူ ေန႔စဥ္ ညေန ၄နာရီမွ ၄နာရီခြဲ အတြင္း ပုံမွန္အတိုင္း ထုတ္ေပးမႈကိုမူ သံ႐ုံးဘက္က ဆက္လက္ လုပ္ေဆာင္ေပးမည္ဟု ေၾကညာထားသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၃ရက္ေန႔ကလည္း သံ႐ုံးတြင္ ကို႐ိုနာဗိုင္းရပ္ကူးစက္ခံရသည္ဟု သံသယျဖစ္ဖြယ္ေတြ႕ရွိထား၍ သံ႐ုံးတစ္ခုလုံးအား ပိုးသတ္ျခင္း ျပဳလုပ္ခဲ့ရာ ေကာင္စစ္ဝန္႐ုံး ဗီစာဌာန/ႏိုႀတီဌာနအား ယာယီပိတ္ထားခဲ့ေသးသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here