စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိ စျာပနအခမ်းအနားပြုလုပ်

0
319

စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိ စျာပနအခမ်းအနားပြုလုပ်

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူစဥ် ဖေဖော်ဝါရီ ၇ ရက်ညနေ ၅ နာရီ ၅၀ မိနစ်၌ပျံလွန်တော်မူသွားခဲ့သည့် စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားအား ဖေ ဖော်ဝါရီ ၁၃ ရက်မွန်းတည့် ၁၂ နာရီကကျင်းပ သည်။

စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားအား အပိုင်းနှစ်ပိုင်းခွဲ၍ ဆင် ယင်ကျင်းပခြင်းဖြစ်ပြီး ပထမပိုင်းတွင် ပရိတ်တရားတော်များနာယူခြင်း၊ဧည့်ပရိသတ်များက ငါးပါးသီလခံယူခြင်း၊ဆရာတော်ကြီးများပေးပို့သည့် သံဝေဇနိယနှင့်ဥယျောဇနကထာများဖတ်ကြားခြင်း၊ဆရာတော်ကြီး၏ ထေရုပတ္တိအားဖတ်ကြားခြင်း၊ဓမ္မသံဝေဂသဝဏ်လွှာဖတ်ကြားခြင်းနှင့်ရေစက်ချခြင်းတို့အား ပြုလုပ်ခဲ့ကြသည်။

“ပါမောက္ခချုပ်ဆရာတော်ကြီး ပေးပို့တဲ့သံဝေဇနိယနဲ့ဥယျောဇနကထာကိုလည်း ဖတ်ကြားခဲ့ပါတယ်”ဟုမုံရွာတိုက်အုပ်ဆရာတော်မှမိန့်ကြား သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအဖြစ် စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဓမ္မာရုံစံကျောင်းတော်မှတဆင့် လောင် တိုက်တော်အထိ အသီးသီးပင့်ဆောင်ကာ ဆရာ တော်ကြီးများမှ စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား မီးပူဇော်ခွင့်ပြုရန် ခွင့်တောင်းလျှောက်ထားပြီးနောက် မီးပူဇော်ခဲ့ကြသည်။

“စံကျောင်းတော်ကနေ လောင်တိုက်တော်အထိ ဆရာတော်ကြီးရဲ့ တပည့်သားသံဃာတော်တွေ တပည့်သားသမီးတွေ အစိုးရတာဝန်ရှိသူတွေ ဒကာ၊ဒကာမတွေကအဆင့်ဆင့်သယ်ခဲ့ကြပါတယ် ဆရာတော်ကြီး ၈ ပါးက ရုပ်ကလာပ်တော်ကို မီးပူဇော်ခဲ့ကြပါတယ်”ဟု မုံရွာတိုက်အုပ်ဆရာတော်မှမိန့်ကြားသည်။

စစ်ကိုင်းတိပိဋကဆရာတော်ကြီးသည် ဘန် ကောက်မြို့ Bumrungrag ဆေးရုံကြီး၌ သွေးဖြူ ဥရောဂါနှင့်ရိုးတွင်းချဥ်ဆီလဲလှယ်ကုသရန်အ တွက် ဆေးကုသမှုခံယူစဥ်ပျံလွန်တော်မူခဲ့သဖြင့် ရုပ်ကလာပ်တော်အား ဖေဖော်ဝါရီ ၉ ရက်နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံမှပြန်လည်ပင့်ဆောင်လာခဲ့ပြီးနောက် မုံရွာလေဆိပ်သို့ နံနက် ၁၁ နာရီ ၂၄ မိနစ်၌ ဆိုက်ရောက်ခဲ့ပြီး ယနေ့တွင် အန္တိမအဂ္ဂိစျာပနအခမ်းအနားအား ကျင်းပခြင်းဖြစ်သည်။

Zaw Gyi

စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပနအခမ်းအနားပြုလုပ်

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူစဉ် ဖေဖော်ဝါရီ ၇ ရက်ညနေ ၅ နာရီ ၅၀ မိနစ်၌ပျံလွန်တော်မူသွားခဲ့သည့် စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားအား ဖေ ဖော်ဝါရီ ၁၃ ရက်မွန်းတည့် ၁၂ နာရီကကျင်းပ သည်။

စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားအား အပိုင်းနှစ်ပိုင်းခွဲ၍ ဆင် ယင်ကျင်းပခြင်းဖြစ်ပြီး ပထမပိုင်းတွင် ပရိတ်တရားတော်များနာယူခြင်း၊ဧည့်ပရိသတ်များက ငါးပါးသီလခံယူခြင်း၊ဆရာတော်ကြီးများပေးပို့သည့် သံဝေဇနိယနှင့်ဥယျောဇနကထာများဖတ်ကြားခြင်း၊ဆရာတော်ကြီး၏ ထေရုပတ္တိအားဖတ်ကြားခြင်း၊ဓမ္မသံဝေဂသဝဏ်လွှာဖတ်ကြားခြင်းနှင့်ရေစက်ချခြင်းတို့အား ပြုလုပ်ခဲ့ကြသည်။




စစ်ကိုင်းတိပိဋကဆရာတော်ကြီးသည် ဘန် ကောက်မြို့ Bumrungrag ဆေးရုံကြီး၌ သွေးဖြူ ဥရောဂါနှင့်ရိုးတွင်းချဉ်ဆီလဲလှယ်ကုသရန်အ တွက် ဆေးကုသမှုခံယူစဉ်ပျံလွန်တော်မူခဲ့သဖြင့် ရုပ်ကလာပ်တော်အား ဖေဖော်ဝါရီ ၉ ရက်နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံမှပြန်လည်ပင့်ဆောင်လာခဲ့ပြီးနောက် မုံရွာလေဆိပ်သို့ နံနက် ၁၁ နာရီ ၂၄ မိနစ်၌ ဆိုက်ရောက်ခဲ့ပြီး ယနေ့တွင် အန္တိမအဂ္ဂိဈာပနအခမ်းအနားအား ကျင်းပခြင်းဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here