အမရပူရမြို့နယ် ရတနာပုံတံတားအနီးမီးလောင်မှုအား နာရီဝက်နီးပါးကြာငြိမ်းသတ်ခဲ့ရ

0
172

အမရပူရမြို့နယ် ရတနာပုံတံတားအနီးမီးလောင်မှုအား နာရီဝက်နီးပါးကြာငြိမ်းသတ်ခဲ့ရ

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ပတ္တမြားရပ်ကွက်၊ရတနာပုံတံတားအနီး၌ ယနေ့နေ့လည် ၃ နာ ရီ ၃၈ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ရတနာပုံတံတားအနီးမီးလောင်ကျွမ်းမှုဖြစ်စဥ်တွင် နေအိမ်အချို့လည်း မီးကူးစက်လောင်ကျွမ်းခဲ့သည်ဟု ပတ္တမြားရပ်ကွက်နေသူများထံမှ သိရသည်။

အဆိုပါ မီးလောင်မှုအား အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့် ရပ်ကွက်နေသူများနှင့်အတူဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ၌ မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီ ၉ မိနစ်၌ မီးငြိမ်းသွားခဲ့သည်။

“မီးလောင်တဲ့အကြောင်းနဲ့ ဆုံးရှုံးမှုကတော့ မီး သတ်တွေပဲသိလိမ့်မယ် အိမ်တွေကတော့ မီး လောင်တဲ့အထဲပါသွားတယ် နာရီဝက်လောက်တော့ကြာတယ် မီးလောင်ချိန်က မီးအားလည်းပြင်းတယ်”ဟုအမရပူရမြို့နယ်နေသူတစ်ဦးဖြစ်သည့် ကိုဇော်ထွေးကပြောသည်။

မီးလောင်မှုဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမရှိကြောင်း သိရသည်။

Zaw Gyi

အမရပူရၿမိဳ႕နယ္ ရတနာပုံတံတားအနီးမီးေလာင္မႈအား နာရီဝက္နီးပါးၾကာၿငိမ္းသတ္ခဲ့ရ

မႏၲေလးတိုင္း၊အမရပူရၿမိဳ႕နယ္၊ပတၱျမားရပ္ကြက္၊ရတနာပုံတံတားအနီး၌ ယေန႔ေန႔လည္ ၃ နာ ရီ ၃၈ မိနစ္က မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

ရတနာပုံတံတားအနီးမီးေလာင္ကြၽမ္းမႈျဖစ္စဥ္တြင္ ေနအိမ္အခ်ိဳ႕လည္း မီးကူးစက္ေလာင္ကြၽမ္းခဲ့သည္ဟု ပတၱျမားရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

အဆိုပါ မီးေလာင္မႈအား အမရပူရၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက Level 1 အဆင့္ျဖင့္ ရပ္ကြက္ေနသူမ်ားႏွင့္အတူဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၾကသျဖင့္ ညေန ၄ နာရီ၌ မီးထိန္းႏိုင္ခဲ့ၿပီး ညေန ၄ နာရီ ၉ မိနစ္၌ မီးၿငိမ္းသြားခဲ့သည္။

“မီးေလာင္တဲ့အေၾကာင္းနဲ႔ ဆုံးရႈံးမႈကေတာ့ မီး သတ္ေတြပဲသိလိမ့္မယ္ အိမ္ေတြကေတာ့ မီး ေလာင္တဲ့အထဲပါသြားတယ္ နာရီဝက္ေလာက္ေတာ့ၾကာတယ္ မီးေလာင္ခ်ိန္က မီးအားလည္းျပင္းတယ္”ဟုအမရပူရၿမိဳ႕နယ္ေနသူတစ္ဦးျဖစ္သည့္ ကိုေဇာ္ေထြးကေျပာသည္။

မီးေလာင္မႈျဖစ္စဥ္အား မီးသတ္တပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိၿပီး မီးေလာင္ကြၽမ္းမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားမရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here