စစ်ကိုင်းမြို့နယ်တွင် စစ်တပ်နှင့်နီးစပ်သည်ဟု နာမည်ထွက်​နေသည့် ၁၂ မီး ထွန်းနိုင် ဆိုသည့် အမျိုးသား သေနတ်ဖြင့်ပစ်သတ်ခံရ

0
123

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်နှင့်နီးစပ်သည်ဟု နာမည်ထွက်​နေသည့် ၁၂ မီး ထွန်းနိုင် ဆိုသည့် အမျိုးသား သေနတ်ဖြင့်ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊မန္တ လေး-မုံရွာ ကားလမ်းပေါ်ရှိ ညောင်ပင်ဝန်းကျေးရွာနေ စစ်တပ်နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးအား အမည်မသိလက်နက်ကိုင်အမျိုးသားတစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် ညောင်ပင်ဝန်းကျေးရွာနေ “၁၂ မီးထွန်းနိုင်”ဆိုသူဖြစ်ကာ လဘက်ရည်ဆိုင်တစ်ဆိုင်ရှေ့၌ သေနတ်ဖြင့်အနီး ကပ်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

“သူက စစ်သားတွေ ရဲတွေနဲ့နီးနီးကပ်ကပ်ပေါင်းနေတာကိုသိထားတယ် ဒီနေ့မနက် လဘက်ရည်ဆိုင်ရှေ့မှသေနတ်နဲ့ပစ်ခံရတယ်လို့သိထားတယ် ဖြစ်တဲ့နေရာကသူ့အိမ်နဲ့နီးတယ် ပစ်ခံရတဲ့နေရာမှာပဲသေသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

“၁၂ မီးထွန်းနိုင်”ဆိုသူအား အမည်မသိအမျိုးသားတစ်ဦးက လဘက်ရည်ဆိုင်ရှေ့တွင် သေနတ်ဖြင့်အနီးကပ်ဝင်ရောက်ပစ်ခတ်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ပစ်ခတ်ခံရသူမှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးပြီး ကျေးရွာအတွင်း၌ စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်း ဒေသခံများထံမှသိရသည်။

Zaw Gyi

စစ္ကိုင္းၿမိဳ႕နယ္တြင္ စစ္တပ္ႏွင့္နီးစပ္သည္ဟု နာမည္ထြက္​ေနသည့္ ၁၂ မီး ထြန္းႏိုင္ ဆိုသည့္ အမ်ိဳးသား ေသနတ္ျဖင့္ပစ္သတ္ခံရ

စစ္ကိုင္းတိုင္း၊စစ္ကိုင္းၿမိဳ႕နယ္၊မႏၲ ေလး-မုံ႐ြာ ကားလမ္းေပၚရွိ ေညာင္ပင္ဝန္းေက်း႐ြာေန စစ္တပ္ႏွင့္နီးစပ္သည့္ အမ်ိဳးသားတစ္ဦးအား အမည္မသိလက္နက္ကိုင္အမ်ိဳးသားတစ္ဦးက ေဖေဖာ္ဝါရီ ၁၃ ရက္(ယေန႔)နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္သတ္ခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ေသနတ္ျဖင့္ ပစ္သတ္ခံရသူသည္ ေညာင္ပင္ဝန္းေက်း႐ြာေန “၁၂ မီးထြန္းႏိုင္”ဆိုသူျဖစ္ကာ လဘက္ရည္ဆိုင္တစ္ဆိုင္ေရွ႕၌ ေသနတ္ျဖင့္အနီး ကပ္ပစ္သတ္ခံရျခင္းျဖစ္သည္ဟု သိရသည္။

“သူက စစ္သားေတြ ရဲေတြနဲ႔နီးနီးကပ္ကပ္ေပါင္းေနတာကိုသိထားတယ္ ဒီေန႔မနက္ လဘက္ရည္ဆိုင္ေရွ႕မွေသနတ္နဲ႔ပစ္ခံရတယ္လို႔သိထားတယ္ ျဖစ္တဲ့ေနရာကသူ႔အိမ္နဲ႔နီးတယ္ ပစ္ခံရတဲ့ေနရာမွာပဲေသသြားတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

“၁၂ မီးထြန္းႏိုင္”ဆိုသူအား အမည္မသိအမ်ိဳးသားတစ္ဦးက လဘက္ရည္ဆိုင္ေရွ႕တြင္ ေသနတ္ျဖင့္အနီးကပ္ဝင္ေရာက္ပစ္ခတ္၍ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ၿပီး ပစ္ခတ္ခံရသူမွာ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိ၍ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္စဥ္အား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးၿပီး ေက်း႐ြာအတြင္း၌ စစ္ေဆးမႈမ်ားကိုလည္း လုပ္ေဆာင္ခဲ့ၾကေၾကာင္း ေဒသခံမ်ားထံမွသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here