မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး ယူနက်စကိုမှ ကွင်းဆင်း လေ့လာ

0
127

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး ယူနက်စကိုမှ ကွင်းဆင်း လေ့လာ

ရခိုင်ပြည်နယ်၊မြောက်ဦး မြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက်၊ ရှေ့ပြေး လေ့လာမှုအနေနဲ့.ယူနက်စကိုတာဝန်ရှိသူအချို့ ယခုရက်ထဲ မြောက်ဦးမြို့သို့ရောက်ရှိလာပြီး၊ ကွင်းဆင်း လေ့လာနေတယ်လို့ နစကပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

ဖေဖော်ဝါရီ ၈ရက်နေ့က လာရောက်ခဲ့တာဖြစ်ပြီး ယူနက်စကိုက ရေအသုံးချမှုဆိုင်ရာပညာရှင်ဖြစ်တဲ့ အီတလီနိုင်ငံသား၊ Professor Massimo Sarti နဲ့ အဖွဲ့ လာရောက်ခဲ့တာပါ။

မြောက်ဦးမြို့ရှေ့ဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်း၊ ရခိုင်သဟာယအသင်းမှ ဒေါ်မြစံပါယ်ညွန့်၊ ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းမှ ဒေါက်တာတင်မာအောင် ရှေ့ဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက်ညွန်ကြားရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကြည်ခင် တို့ပူးပေါင်းပါအဖွဲ့ကလည်း ကွင်းဆင်းလေ့လာနေတာရှိပါတယ်။

ရေအသုံးချရေးဆိုင်ရာပညာရှင်ဖြစ်တဲ့ အီတလီနိုင်ငံသား Professor Massimo Sarti နဲ့ အဖွဲ့က မြောက်ဦးမြို့ဝင် ရေလမ်းကြောင်းတွေဖြစ်တဲ့ ကျောက်ရာဇ်ကေချောင်း၊ ငွေတောင် ပေါက်ချောင်း၊ တောင်ဖြူကျုံး၊ မင်းသမီးပေါင်း၊ ပန်းဈေးမြောင်းချောင်း၊ လက်ဆည်ကန်နဲ့ အနူမ ကန် တို့ကို လေ့လာကွင်းဆင်းခဲ့တယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာ မူချော ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ယူနက်စကိုသို့ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုလာမယ့် ၂၀၂၃ ခုနှစ်မှာ ယူနက်စကိုမှ ပညာရှင်များက လာရောက် ကွင်းဆင်းလေ့လာကြဖို့လည်းရှိနေပါတယ်။

မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင် မင်းအဆက်ဆက် ထီးနန်းစိုးစံအုပ် ချုပ်ခဲ့တဲ့ ရှေ့ဟောင်း သမိုင်းဝင် အမွေအနှစ်နေရာလည်းဖြစ်ပါတယ်။

Zaw Gyi

ေျမာက္ဦးၿမိဳ႕ကို ကမာၻ႔ေရွ႕ေဟာင္းအေမြအႏွစ္စာရင္းဝင္ႏိုင္ေရး ယူနက္စကိုမွ ကြင္းဆင္း ေလ့လာ

ရခိုင္ျပည္နယ္၊ေျမာက္ဦး ၿမိဳ႕ကို ကမာၻ႔ေရွ႕ေဟာင္းအေမြအႏွစ္စာရင္း ဝင္ႏိုင္ေရးအတြက္၊ ေရွ႕ေျပး ေလ့လာမႈအေနနဲ႔.ယူနက္စကိုတာဝန္ရွိသူအခ်ိဳ႕ ယခုရက္ထဲ ေျမာက္ဦးၿမိဳ႕သို႔ေရာက္ရွိလာၿပီး၊ ကြင္းဆင္း ေလ့လာေနတယ္လို႔ နစကျပန္ၾကားေရးက သတင္းထုတ္ထားပါတယ္။

ေဖေဖာ္ဝါရီ ၈ရက္ေန႔က လာေရာက္ခဲ့တာျဖစ္ၿပီး ယူနက္စကိုက ေရအသုံးခ်မႈဆိုင္ရာပညာရွင္ျဖစ္တဲ့ အီတလီႏိုင္ငံသား၊ Professor Massimo Sarti နဲ႔ အဖြဲ႕ လာေရာက္ခဲ့တာပါ။

ေျမာက္ဦးၿမိဳ႕ေရွ႕ေဟာင္းအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ ေရးေကာ္မတီဥကၠ႒ ေဒၚခင္သန္း၊ ရခိုင္သဟာယအသင္းမွ ေဒၚျမစံပါယ္ၫြန႔္၊ ေဒါက္တာ ေစာျမေအာင္ ေဖာင္ေဒးရွင္းမွ ေဒါက္တာတင္မာေအာင္ ေရွ႕ေဟာင္းသုေတသနနဲ႔ အမ်ိဳးသား ျပတိုက္ၫြန္ၾကားေရးဦးစီးဌာနမွ ၫြန္ၾကားေရးမႉး ဦးၾကည္ခင္ တို႔ပူးေပါင္းပါအဖြဲ႕ကလည္း ကြင္းဆင္းေလ့လာေနတာရွိပါတယ္။

ေရအသုံးခ်ေရးဆိုင္ရာပညာရွင္ျဖစ္တဲ့ အီတလီႏိုင္ငံသား Professor Massimo Sarti နဲ႔ အဖြဲ႕က ေျမာက္ဦးၿမိဳ႕ဝင္ ေရလမ္းေၾကာင္းေတြျဖစ္တဲ့ ေက်ာက္ရာဇ္ေကေခ်ာင္း၊ ေငြေတာင္ ေပါက္ေခ်ာင္း၊ ေတာင္ျဖဴက်ဳံး၊ မင္းသမီးေပါင္း၊ ပန္းေဈးေျမာင္းေခ်ာင္း၊ လက္ဆည္ကန္နဲ႔ အႏူမ ကန္ တို႔ကို ေလ့လာကြင္းဆင္းခဲ့တယ္လို႔ သိရပါတယ္။

ေျမာက္ဦးၿမိဳ႕ကို ကမာၻ႔ေရွ႕ေဟာင္း အေမြအႏွစ္စာရင္းတင္သြင္းႏိုင္ေရးအတြက္ အဆိုျပဳလႊာ မူေခ်ာ ကို ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ေန႔မွာ ယူနက္စကိုသို႔ တင္သြင္းခဲ့တာျဖစ္ပါတယ္။ ယခုလာမယ့္ ၂၀၂၃ ခုႏွစ္မွာ ယူနက္စကိုမွ ပညာရွင္မ်ားက လာေရာက္ ကြင္းဆင္းေလ့လာၾကဖို႔လည္းရွိေနပါတယ္။

ေျမာက္ဦးၿမိဳ႕ကို ေအဒီ ၁၄၃၀ ခုႏွစ္တြင္ ရခိုင္ဘုရင္မင္းေစာမြန္က စတင္ တည္ေထာင္ခဲ့ၿပီး ႏွစ္ေပါင္း ၃၅၄ ႏွစ္တိုင္ေအာင္ ရခိုင္ဘုရင္ မင္းအဆက္ဆက္ ထီးနန္းစိုးစံအုပ္ ခ်ဳပ္ခဲ့တဲ့ ေရွ႕ေဟာင္း သမိုင္းဝင္ အေမြအႏွစ္ေနရာလည္းျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here