ရန်ကုန်ကလေးဆေးရုံကြီး၏ ကလေးဦးနှောက်အာရုံကြောဆေးကုဌာနအား ယာ ယီရပ်နား

0
164

ရန်ကုန်ကလေးဆေးရုံကြီး၏ ကလေးဦးနှောက်အာရုံကြောဆေးကုဌာနအား ယာ ယီရပ်နား

ရန်ကုန်မြို့ရှိ ရန်ကုန်ကလေးဆေးရုံကြီး ၏ ကလေးဦးနှောက်အာရုံကြောဆေး ကုဌာန၏ လူနာအသစ်၊အဟောင်းများအား ပြင်ပလူနာအဖြစ်ကြည့်ရှု့စစ်ဆေးကုသခြင်းအား ယာယီရပ်နားထားသည်ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ သိရသည်။

ရန်ကုန်ကလေးဆေးရုံကြီး၏ ဆရာဝန်ကြီးများနှင့်ဆရာမများတွင် ကိုဗစ်(၁၉) ရောဂါကူးစက်ခံ ထားရသူများရှိနေသဖြင့် ယာယီရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ယာယီရပ်နားခဲ့သော်လည်း ဦးနှောက်နှင့်အာရုံကြော ကလေးလူနာအ သစ်နှင့်လူနာအဟောင်းများ၌ ကလေးများသည် ၅ မိနစ်နှင့်အထက်ဆက်တိုက်တက်လျင်၊ ၃ နာရီ ၄ နာရီနှင့်အထက် သတိလစ်၊မေ့မြောနေလျင်၊ကလေးငယ်များမှာ ရုတ်တရက် ခြေ၊လက်ပျော့ခွေ၊မလှုပ်ရှားနိုင်လျင်(အထူးသဖြင့်၂၄ နာရီအတွင်း ပြန်မကောင်း၊ပိုဆိုးလာလျင်) ရန်ကုန်ကလေးဆေးရုံကြီး၏ အရေးပေါ်ဌာနသို့ပြသနိုင်သည်ဟု ယင်းဆေးရုံကြီး ၏ လူမှုကွန်ယက်စာမျက်နှာ၌ရေးသားအသိပေးထားသည်။

ထို့ပြင် ဦးနှောက်အာရုံကြောရောဂါနှင့်ပတ်သက်၍ အရေးပေါ်မေးမြန်းစုံစမ်းနိုင်ရန် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ နံနက် ၁၀ နာရီမှနေ့လည် ၂ နာရီအထိ ရုံးဖွင့်ရက်များ၌ ဖုန်းနံပါတ် ၀၉ ၄၀၆၅၉၉၉၂၉ နှင့် ၀၉ ၇၅၈၃၁၄၅၉၁ တို့သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးရေးသားထားသည်။

ကလေးဦးနှောက်အာရုံကြောရောဂါခံ စားနေရသည့် ကလေးငယ်လူနာအသစ်၊အဟောင်းများအား ယခင်ကအပတ်စဥ် သောကြာနေ့တိုင်း ပြင်ပလူနာအဖြစ်ကြည့်ရှု့ကုသမှုများပြုလုပ်ပေးခဲ့သည်။

Zaw Gyi

ရန္ကုန္ကေလးေဆး႐ုံႀကီး၏ ကေလးဦးေႏွာက္အာ႐ုံေၾကာေဆးကုဌာနအား ယာ ယီရပ္နား

ရန္ကုန္ၿမိဳ႕ရွိ ရန္ကုန္ကေလးေဆး႐ုံႀကီး ၏ ကေလးဦးေႏွာက္အာ႐ုံေၾကာေဆး ကုဌာန၏ လူနာအသစ္၊အေဟာင္းမ်ားအား ျပင္ပလူနာအျဖစ္ၾကည့္ရႈ႕စစ္ေဆးကုသျခင္းအား ယာယီရပ္နားထားသည္ဟု ရန္ကုန္ကေလးေဆး႐ုံႀကီးမွ သိရသည္။

ရန္ကုန္ကေလးေဆး႐ုံႀကီး၏ ဆရာဝန္ႀကီးမ်ားႏွင့္ဆရာမမ်ားတြင္ ကိုဗစ္(၁၉) ေရာဂါကူးစက္ခံ ထားရသူမ်ားရွိေနသျဖင့္ ယာယီရပ္နားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ယာယီရပ္နားခဲ့ေသာ္လည္း ဦးေႏွာက္ႏွင့္အာ႐ုံေၾကာ ကေလးလူနာအ သစ္ႏွင့္လူနာအေဟာင္းမ်ား၌ ကေလးမ်ားသည္ ၅ မိနစ္ႏွင့္အထက္ဆက္တိုက္တက္လ်င္၊ ၃ နာရီ ၄ နာရီႏွင့္အထက္ သတိလစ္၊ေမ့ေျမာေနလ်င္၊ကေလးငယ္မ်ားမွာ ႐ုတ္တရက္ ေျခ၊လက္ေပ်ာ့ေခြ၊မလႈပ္ရွားႏိုင္လ်င္(အထူးသျဖင့္၂၄ နာရီအတြင္း ျပန္မေကာင္း၊ပိုဆိုးလာလ်င္) ရန္ကုန္ကေလးေဆး႐ုံႀကီး၏ အေရးေပၚဌာနသို႔ျပသႏိုင္သည္ဟု ယင္းေဆး႐ုံႀကီး ၏ လူမႈကြန္ယက္စာမ်က္ႏွာ၌ေရးသားအသိေပးထားသည္။

ထို႔ျပင္ ဦးေႏွာက္အာ႐ုံေၾကာေရာဂါႏွင့္ပတ္သက္၍ အေရးေပၚေမးျမန္းစုံစမ္းႏိုင္ရန္ ေဖေဖာ္ဝါရီ ၁၄ ရက္မွစတင္၍ နံနက္ ၁၀ နာရီမွေန႔လည္ ၂ နာရီအထိ ႐ုံးဖြင့္ရက္မ်ား၌ ဖုန္းနံပါတ္ ၀၉ ၄၀၆၅၉၉၉၂၉ ႏွင့္ ၀၉ ၇၅၈၃၁၄၅၉၁ တို႔သို႔ဆက္သြယ္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း အသိေပးေရးသားထားသည္။

ကေလးဦးေႏွာက္အာ႐ုံေၾကာေရာဂါခံ စားေနရသည့္ ကေလးငယ္လူနာအသစ္၊အေဟာင္းမ်ားအား ယခင္ကအပတ္စဥ္ ေသာၾကာေန႔တိုင္း ျပင္ပလူနာအျဖစ္ၾကည့္ရႈ႕ကုသမႈမ်ားျပဳလုပ္ေပးခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here