ကိုဗစ်ကူးစက်မှု ပြန်လည်များပြားလာသည့် ရန်ကုန်တွင် ကုသရေးစင်တာများကြိုတင်ပြင်ဆင်

0
144

ကိုဗစ်ကူးစက်မှု ပြန်လည်များပြားလာသည့် ရန်ကုန်တွင် ကုသရေးစင်တာများကြိုတင်ပြင်ဆင်

ရန်ကုန်မြို့ ရှိ အင်းစိန်မြို့နယ် သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်၊ မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမနှင့် လှိုင်မြို့နယ် လှိုင်ကိုဗစ်- ၁၉ ကုသရေးစင်တာများကို လိုအပ်လာပါက အဆင် သင့် အသုံးပြုနိုင်ရေး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန်လည်ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စီမံဆောင်ရွက်မှု ဖြင့် ဆောင်ရွက်သော အင်းစိန်မြို့နယ် သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် သံဃာတော်အပါး ၁၉၀ ကုသနိုင်ရေးအတွက် ကုသရေးစင်တာပြင်ဆင်ထားပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ MCC တွင် ကိုဗစ်ကူးစက်ခံရသူ ၄၃၀ အထိ ထားရှိ ကုသနိုင်ရေးနှင့် လှိုင် စင်တာတွင်လူဦးရေ ၆၀၀ ထားရှိကုသနိုင်ရေး စသည်တို့အား ပြင်ဆင်ထားသည်ဟု သိရှိရသည်။

ယင်းအပြင် MCC စင်တာတွင် တန် ၂၀ Liquid Oxygen Tank မှ တစ်ရက်လျှင် လီတာ ၄၀ ဆလင်ဒါအိုး ၁၀၀၀ ခန့် ထုတ်လုပ်နိုင်ရန် စီစဉ်ထားသည့်အပြင်၊ အောက်ဆီဂျင် အရည်ပါ လီတာ ၄၀ ဆလင်ဒါအိုးအသစ် ၂၄၀၀ကျော်ကိုလည်း စုဆောင်းထားသည်ဟု တိုင်းအစိုးရအဖွဲ့ထံကသိရသည်။

လှိုင်မြို့နယ်ရှိ လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင်လည်း အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ဖြင့် လီတာ ၄၀ ဆလင်ဒါအိုးများတွင် အောက်ဆီဂျင်ဖြည့်သွင်းထား ရှိပြီး တစ်ရက်လျှင် လီတာ ၄၀ ဆလင်ဒါအိုး ၁၂၀ ခန့် ထုတ်လုပ်နိုင်မှုအခြေအနေအထိ ပြင်ဆင်ထားသည်ဟု သိရသည်။

ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်းမှာပင် ကိုဗစ်ကူးစက်မှုအရှိန် ပြန်လည် မြင့်တက်လျှက်ရှိနေသည်။

Zaw Gyi

ကိုဗစ္ကူးစက္မႈ ျပန္လည္မ်ားျပားလာသည့္ ရန္ကုန္တြင္ ကုသေရးစင္တာမ်ားႀကိဳတင္ျပင္ဆင္

ရန္ကုန္ၿမိဳ႕ ရွိ အင္းစိန္ၿမိဳ႕နယ္ သီရိမဂၤလာ မဟာသာသနာ့ဗိမာန္ေတာ္၊ မရမ္းကုန္းၿမိဳ႕နယ္ ျမန္မာကြန္ဗင္းရွင္းစင္တာ MCC ခန္းမႏွင့္ လႈိင္ၿမိဳ႕နယ္ လႈိင္ကိုဗစ္- ၁၉ ကုသေရးစင္တာမ်ားကို လိုအပ္လာပါက အဆင္ သင့္ အသုံးျပဳႏိုင္ေရး ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ျပန္လည္ျပင္ဆင္ေဆာင္႐ြက္ေနသည္ဟု သိရသည္။

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၏ စီမံေဆာင္႐ြက္မႈ ျဖင့္ ေဆာင္႐ြက္ေသာ အင္းစိန္ၿမိဳ႕နယ္ သီရိမဂၤလာမဟာသာသနာ့ ဗိမာန္ေတာ္တြင္ သံဃာေတာ္အပါး ၁၉၀ ကုသႏိုင္ေရးအတြက္ ကုသေရးစင္တာျပင္ဆင္ထားၿပီး၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ အစီအစဥ္ျဖင့္ ေဆာင္႐ြက္ထားေသာ မရမ္းကုန္းၿမိဳ႕နယ္ ျမန္မာကြန္ဗင္းရွင္းစင္တာ MCC တြင္ ကိုဗစ္ကူးစက္ခံရသူ ၄၃၀ အထိ ထားရွိ ကုသႏိုင္ေရးႏွင့္ လႈိင္ စင္တာတြင္လူဦးေရ ၆၀၀ ထားရွိကုသႏိုင္ေရး စသည္တို႔အား ျပင္ဆင္ထားသည္ဟု သိရွိရသည္။

ယင္းအျပင္ MCC စင္တာတြင္ တန္ ၂၀ Liquid Oxygen Tank မွ တစ္ရက္လွ်င္ လီတာ ၄၀ ဆလင္ဒါအိုး ၁၀၀၀ ခန႔္ ထုတ္လုပ္ႏိုင္ရန္ စီစဥ္ထားသည့္အျပင္၊ ေအာက္ဆီဂ်င္ အရည္ပါ လီတာ ၄၀ ဆလင္ဒါအိုးအသစ္ ၂၄၀၀ေက်ာ္ကိုလည္း စုေဆာင္းထားသည္ဟု တိုင္းအစိုးရအဖြဲ႕ထံကသိရသည္။

လႈိင္ၿမိဳ႕နယ္ရွိ လႈိင္ ကိုဗစ္-၁၉ ကုသေရးစင္တာတြင္လည္း ေအာက္ဆီဂ်င္ထုတ္လုပ္သည့္စက္ျဖင့္ လီတာ ၄၀ ဆလင္ဒါအိုးမ်ားတြင္ ေအာက္ဆီဂ်င္ျဖည့္သြင္းထား ရွိၿပီး တစ္ရက္လွ်င္ လီတာ ၄၀ ဆလင္ဒါအိုး ၁၂၀ ခန႔္ ထုတ္လုပ္ႏိုင္မႈအေျခအေနအထိ ျပင္ဆင္ထားသည္ဟု သိရသည္။

ရန္ကုန္တြင္ ယခုရက္ပိုင္းအတြင္းမွာပင္ ကိုဗစ္ကူးစက္မႈအရွိန္ ျပန္လည္ ျမင့္တက္လွ်က္ရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here