YGWဘိုးဘွားများစောင့်ရှောက်ရေးကျောင်းမှ လူသိများထင်ရှားသူ အဘွားမေကြည်ခင် ကွယ်လွန်

0
236

YGWဘိုးဘွားများစောင့်ရှောက်ရေးကျောင်းမှ လူသိများထင်ရှားသူ အဘွားမေကြည်ခင် ကွယ်လွန်

မန္တလေးခရိုင်၊ပုသိမ်ကြီးမြို့နယ်၊ရေတံခွန်တောင်ပေါ်မှာရှိတဲ့ YGW(အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း)ဘိုးဘွားများစောင့်ရှောက်ရေးကျောင်းက လူသိများထင်ရှားသူ တစ်ဦးဖြစ်တဲ့ အသက်၈၄နှစ်အရွယ်ရှိ အဘွားမေကြည်ခင်ဟာ ကင်ဆာရောဂါဝေဒနာနဲ့ ဖေဖော်ဝါရီလ၁၅ရက်နံနက်ပိုင်းအစောပိုင်းက ကွယ်လွန်သွားပြီလို့သိရပါတယ်။

အနုပညာရှင်အချို့တွေကတောင် အဘွားမေကြည်ခင် ရဲ့ စကားပြောဟန်တွေကို ချစ်မြတ်နိုးလို့ သွားရောက်တွေ့ဆုံတာမျိုးတွေအထိ ရှိခဲ့ပါတယ်။

အဘွားမေကြည်ခင်ဟာ အခုနှစ် ဇန်နဝါရီလအတွင်းမှာ ကျန်းမာရေးသိသာစွာချို့ယွင်းလာတာကြောင့် ‌ကျန်းမာရေးစစ်ဆေးတာကိုလုပ်ဆောင်ခဲ့တာမှာ ကင်ဆာဝေဒနာကိုရှာဖွေတွေ့ရှိခဲ့တာပါ။

YGWဘိုးဘွားများစောင့်ရှောက်ရေးကျောင်းက “သခ်ါရ သဘောကို မလွန်ဆန်နိုင်တော့သွားရှာပြီးပေါ့ ဖွားမေရယ်။ဝမ်းနည်းခြင်း စိတ်မကောင်းခြင်းများစွာနဲ့အတူအမေခင် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်း မေတ္တာ အခါခါပို့လိုက်ပါတယ်။ဒီနေ့ နေ့လည် ၁-နာရီကျရင်အေးရိပ်ငြိမ် သုဿာန်သို့ ပို့ဆောင် သဂြိုလ်ပါ့မယ်”လို့ ပြောဆိုပါတယ်။

Zaw Gyi

YGWဘိုးဘြားမ်ားေစာင့္ေရွာက္ေရးေက်ာင္းမွ လူသိမ်ားထင္ရွားသူ အဘြားေမၾကည္ခင္ ကြယ္လြန္

မႏၲေလးခ႐ိုင္၊ပုသိမ္ႀကီးၿမိဳ႕နယ္ ၊ေရတံခြန္ေတာင္ေပၚမွာရွိတဲ့ YGW(အဝါေရာင္မ်ိဳးဆက္သစ္လူငယ္ပရဟိတအသင္း)ဘိုးဘြားမ် ားေစာင့္ေရွာက္ေရးေက်ာင္းက လူသိမ်ားထင္ရွားသူ တစ္ဦးျဖစ္တဲ့ အသက္၈၄ႏွစ္အ႐ြယ္ရွိ အဘြားေမၾကည္ခင္ဟာ ကင္ဆာေရာဂါေဝဒနာနဲ႔ ေဖေဖာ္ဝါရီလ၁၅ရက္နံနက္ပိုင္းအေစာပိုင္းက ကြယ္လြန္သြားၿပီလို႔သိရပါတယ္။

အႏုပညာရွင္အခ်ိဳ႕ေတြကေတာင္ အဘြားေမၾကည္ခင္ ရဲ႕ စကားေျပာဟန္ေတြကို ခ်စ္ျမတ္ႏိုးလို႔ သြားေရာက္ေတြ႕ဆုံတာမ်ိဳးေတြအထိ ရွိခဲ့ပါတယ္။

အဘြားေမၾကည္ခင္ဟာ အခုႏွစ္ ဇန္နဝါရီလအတြင္းမွာ က်န္းမာေရးသိသာစြာခ်ိဳ႕ယြင္းလာတာေၾကာင့္ ‌က်န္းမာေရးစစ္ေဆးတာကိုလုပ္ေဆာင္ခဲ့တာမွာ ကင္ဆာေဝဒနာကိုရွာေဖြေတြ႕ရွိခဲ့တာပါ။

YGWဘိုးဘြားမ်ားေစာင့္ေရွာက္ေရးေက်ာင္းက “သခ္ါရ သေဘာကို မလြန္ဆန္ႏိုင္ေတာ့
သြားရွာၿပီးေပါ့ ဖြားေမရယ္။ဝမ္းနည္းျခင္း စိတ္မေကာင္းျခင္းမ်ားစြာနဲ႔အတူအေမခင္ ေကာင္းရာမြန္ရာ ေရာက္ပါေစလို႔ ဆုေတာင္း ေမတၱာ အခါခါပို႔လိုက္ပါတယ္။ဒီေန႔ ေန႔လည္ ၁-နာရီက်ရင္ေအးရိပ္ၿငိမ္ သုႆာန္သို႔ ပို႔ေဆာင္ သၿဂိဳလ္ပါ့မယ္”လို႔ ေျပာဆိုပါတယ္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here