ကီရင် ဘီယာ ပြည်တွင်းကထွက်ခွာတော့မယ်ဆိုတဲ့ ကိစ္စ ဝန်ကြီးဌာနကိုတင်ပြလာခြင်းမရှိသေး၊တကယ်လို့ ထွက်ခွာခဲ့ရင်လည်း အစားထိုးဖို့လွယ်ကူတဲ့ လုပ်ငန်း ဖြစ်တယ်လို့ဆို

0
270

ကီရင် ဘီယာ ပြည်တွင်းကထွက်ခွာတော့မယ်ဆိုတဲ့ ကိစ္စ ဝန်ကြီးဌာနကိုတင်ပြလာခြင်းမရှိသေး၊တကယ်လို့ ထွက်ခွာခဲ့ရင်လည်း အစားထိုးဖို့လွယ်ကူတဲ့ လုပ်ငန်း ဖြစ်တယ်လို့ဆို

နေပြည်တော် ဖေဖော်ဝါရီ ၁၅

လူမှုကွန်ယက် စာမျက်နှာတွေမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ နာမည်ကြီး ကီရင် (Kirin )ဘီယာ အနေနဲ့ ဦးပိုင်နဲ့ ပူးပေါင်း ဆောင်ရွက်နေရာကနေ ပြည်တွင်းဈေးကွက်က ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေအပေါ် ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို တရားဝင် အသိပေး တင်ပြလာတာမျိုးမရှိသေး ဘူးလို့ သိရပါတယ်။

မြန်မာဘရူဝါရီကုမ္ပဏီ မှာ ကီရင်က (၅၁)ရာခိုင်နှုန်းနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်က (၄၉)ရာခိုင်နှုန်း အစုရှယ်ယာ ထည့်ပြီး ဘီယာထုတ်လုပ်ရောင်းချနေကြတာဖြစ်ပါတယ်။

လတ်တလောသတင်းတွေအရ ကီရင်ဘီယာအနေနဲ့ မြန်မာဈေးကွက်ကိုစွန့်ခွာတော့မယ်ဆိုတဲ့ အခြေအနေအပေါ် နစက အစိုးရရဲ့ ဝန်ကြီးဌာနဘက်က တရားဝင်တင်ပြလာတာမျိုးမရှိသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။

ရင်းနှီးမြုပ်နှံမှု လုပ်ငန်း အမျိုးအစား‌အရ ဘီယာ လုပ်ငန်းထွက်ခွာသွားတာဟာ အစားထိုးဖို့လွယ်ကူတဲ့ လုပ်ငန်းမျိုးဖြစ်ပြီး ဘီယာသောက်သုံးမှုကို လျော့ကျသွားစေနိုင်တယ်လို့ ဝန်ကြီးဌာနဘက်က မှတ်ချက်ပြုထားပါသေးတယ်။

Zaw Gyi

ကီရင္ ဘီယာ ျပည္တြင္းကထြက္ခြာေတာ့မယ္ဆိုတဲ့ ကိစၥ ဝန္ႀကီးဌာနကိုတင္ျပလာျခင္းမရွိေသး၊တကယ္လို႔ ထြက္ခြာခဲ့ရင္လည္း အစားထိုးဖို႔လြယ္ကူတဲ့ လုပ္ငန္း ျဖစ္တယ္လို႔ဆို

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၅

လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာ ထြက္ေပၚေနတဲ့သတင္းေတြအရ နာမည္ႀကီး ကီရင္ (Kirin )ဘီယာ အေနနဲ႔ ဦးပိုင္နဲ႔ ပူးေပါင္း ေဆာင္႐ြက္ေနရာကေန ျပည္တြင္းေဈးကြက္က ထြက္ခြာေတာ့မယ္ဆိုတဲ့ သတင္းေတြအေပၚ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနကို တရားဝင္ အသိေပး တင္ျပလာတာမ်ိဳးမရွိေသး ဘူးလို႔ သိရပါတယ္။

ျမန္မာဘ႐ူဝါရီကုမၸဏီ မွာ ကီရင္က (၅၁)ရာခိုင္ႏႈန္းနဲ႔ ျမန္မာ့စီးပြားေရး ဦးပိုင္က (၄၉)ရာခိုင္ႏႈန္း အစုရွယ္ယာ ထည့္ၿပီး ဘီယာထုတ္လုပ္ေရာင္းခ်ေနၾကတာျဖစ္ပါတယ္။

လတ္တေလာသတင္းေတြအရ ကီရင္ဘီယာအေနနဲ႔ ျမန္မာေဈးကြက္ကိုစြန႔္ခြာေတာ့မယ္ဆိုတဲ့ အေျခအေနအေပၚ နစက အစိုးရရဲ႕ ဝန္ႀကီးဌာနဘက္က တရားဝင္တင္ျပလာတာမ်ိဳးမရွိေသးဘူးလို႔ ေျဖၾကားခဲ့ပါတယ္။

ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္း အမ်ိဳးအစား‌အရ ဘီယာ လုပ္ငန္းထြက္ခြာသြားတာဟာ အစားထိုးဖို႔လြယ္ကူတဲ့ လုပ္ငန္းမ်ိဳးျဖစ္ၿပီး ဘီယာေသာက္သုံးမႈကို ေလ်ာ့က်သြားေစႏိုင္တယ္လို႔ ဝန္ႀကီးဌာနဘက္က မွတ္ခ်က္ျပဳထားပါေသးတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here