ကမ္ဘောဒီးယားစစ်တပ်အကြီးအကဲတစ်ဦးနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး ဆွေးနွေး

0
115

ကမ္ဘောဒီးယားစစ်တပ်အကြီးအကဲတစ်ဦးနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး ဆွေးနွေး

မြန်မာနိုင်ငံကို ကမ္ဘောဒီးယားဝန်ကြီးချုပ်မစ္စတာဟွန်ဆန်နဲ့ အတူ လိုက်ပါလာခဲ့တဲ့ ဝန်ကြီးချုပ်ရဲ့ သားလည်းဖြစ်တဲ့ ကမ္ဘောဒီးယား စစ်တပ်အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Hun Manet နဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Yoshimasa Hayashi တို့ဟာ ဂျပန်နိုင်ငံတိုကျိုမြို့မှာ ဖေဖော်ဝါရီ ၁၄ရက်က တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နဲ့ ကမ္ဘောဒီးယားတို့ဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအရေးကိစ္စတွေမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Yoshimasa Hayashi က ပြောဆိုသွားတာရှိပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုမသွားပါဘူး။

ကမ္ဘောဒီးယားနိုင်ငံဟာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ကို ရရှိထားပြီး မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ အာရုံစိုက်ကြိုးပမ်းနေတာရှိပါတယ်။

ဂျပန်နိုင်ငံဘက်ကလည်း မြန်မာပြည်သူတွေကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီကူညီပေးဖို့ ရှိတဲ့အကြောင်း အခုရက်ထဲမှာပဲ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

Ref :https://apnews.com/article/business-japan-asia-myanmar-southeast-asia-cc0747e6baf44b9036b058d850798eeb

Zaw Gyi

ကေမာၻဒီးယားစစ္တပ္အႀကီးအကဲတစ္ဦးနဲ႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးတို႔ ျမန္မာ့အေရး ေဆြးေႏြး

ျမန္မာႏိုင္ငံကို ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္မစၥတာဟြန္ဆန္နဲ႔ အတူ လိုက္ပါလာခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ရဲ႕ သားလည္းျဖစ္တဲ့ ကေမာၻဒီးယား စစ္တပ္အႀကီးအကဲ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး Hun Manet နဲ႔ ဂ်ပန္ ႏိုင္ငံျခားေရး ဝန္ႀကီး Yoshimasa Hayashi တို႔ဟာ ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၁၄ရက္က ေတြ႕ဆုံၿပီး ျမန္မာ့အေရးေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

ဂ်ပန္နဲ႔ ကေမာၻဒီးယားတို႔ဟာ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံတကာအေရးကိစၥေတြမွာ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္ေနတဲ့အေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရး ဝန္ႀကီး Yoshimasa Hayashi က ေျပာဆိုသြားတာရွိပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေျပာဆိုေပမဲ့ အေသးစိတ္အခ်က္အလက္ကိုေတာ့ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးက ထည့္သြင္း ေျပာဆိုမသြားပါဘူး။

ကေမာၻဒီးယားႏိုင္ငံဟာ လက္ရွိ အာဆီယံအလွည့္က်ဥကၠဌတာဝန္ကို ရရွိထားၿပီး ျမန္မာ့အေရးနဲ႔ ပတ္သတ္ၿပီး ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ဖို႔ အာ႐ုံစိုက္ႀကိဳးပမ္းေနတာရွိပါတယ္။

ဂ်ပန္ႏိုင္ငံဘက္ကလည္း ျမန္မာျပည္သူေတြကို အေမရိကန္ေဒၚလာ သန္းနဲ႔ခ်ီကူညီေပးဖို႔ ရွိတဲ့အေၾကာင္း အခုရက္ထဲမွာပဲ သတင္းထုတ္ျပန္ထားတာေတြ႕ရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here