ရန်ကုန် သာကေတမြို့နယ်တွင် လဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
336

ရန်ကုန် သာကေတမြို့နယ်တွင် လဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊သာကေတမြို့နယ်၊ ၇/အရှေ့ရပ် ကွက်၊အောင်သီရိလမ်းနှင့်ဓမ္မာရုံလမ်းထောင့်ရှိ “ကောင်းလက်ရာ”လဖက်ရည်ဆိုင်တွင် လဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦးသည် ယနေ့နံနက် ၁၀ နာရီခွဲကျော်ခန့်က သေနတ်ဖြင့်ပစ်သတိခံခဲ့ရသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

လဖက်ရည်သောက်နေသည့် အမျိုးသားအား အမည်မသိလက်နက်ကိုင်တစ်ဦးမှ ဆိုင်အတွင်းသို့ဝင်လာကာ သေနတ်ဖြင့်အနီးကပ်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

“လဖက်ရည်သောက်နေတုန်း အနီးကပ်ပစ်ခံရတာ သေနတ်ထိမှန်ဒဏ်ရာတွေနဲ့အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်”ဟုရဲအရာရှိတစ်ဦးကပြောသည်။

သေနတ်ဖြင့်အနီးကပ် ၅ ချက်ပစ်ခတ်ခံရမှုကြောင့် ခေါင်း၊ရင်ဘတ်နှင့် နံစောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေးရာ ကျည်ခွံများအားသိမ်းဆည်းရမိခဲ့ပြီး လမ်းများအားပိတ်ဆို့၍ ဖြတ်သန်းသွားလာနေသူများနှင့်ရပ်ကွက်အတွင်းသို့ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

Zaw Gyi

ရန္ကုန္ သာေကတၿမိဳ႕နယ္တြင္ လဖက္ရည္ေသာက္ေနသည့္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ

ရန္ကုန္ၿမိဳ႕၊သာေကတၿမိဳ႕နယ္၊ ၇/အေရွ႕ရပ္ ကြက္၊ေအာင္သီရိလမ္းႏွင့္ဓမၼာ႐ုံလမ္းေထာင့္ရွိ “ေကာင္းလက္ရာ”လဖက္ရည္ဆိုင္တြင္ လဖက္ရည္ေသာက္ေနသည့္ အမ်ိဳးသားတစ္ဦးသည္ ယေန႔နံနက္ ၁၀ နာရီခြဲေက်ာ္ခန္႔က ေသနတ္ျဖင့္ပစ္သတိခံခဲ့ရသည္ဟု ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ သိရသည္။

လဖက္ရည္ေသာက္ေနသည့္ အမ်ိဳးသားအား အမည္မသိလက္နက္ကိုင္တစ္ဦးမွ ဆိုင္အတြင္းသို႔ဝင္လာကာ ေသနတ္ျဖင့္အနီးကပ္ပစ္ခတ္၍ ထြက္ေျပးသြားခဲ့သည္ဟု သိရသည္။

“လဖက္ရည္ေသာက္ေနတုန္း အနီးကပ္ပစ္ခံရတာ ေသနတ္ထိမွန္ဒဏ္ရာေတြနဲ႔အခင္းျဖစ္ေနရာမွာပဲ ေသဆုံးသြားပါတယ္”ဟုရဲအရာရွိတစ္ဦးကေျပာသည္။

ေသနတ္ျဖင့္အနီးကပ္ ၅ ခ်က္ပစ္ခတ္ခံရမႈေၾကာင့္ ေခါင္း၊ရင္ဘတ္ႏွင့္ နံေစာင္းတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိ၍ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့သည္ဟု သိရသည္။

ျဖစ္စဥ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကစစ္ေဆးရာ က်ည္ခြံမ်ားအားသိမ္းဆည္းရမိခဲ့ၿပီး လမ္းမ်ားအားပိတ္ဆို႔၍ ျဖတ္သန္းသြားလာေနသူမ်ားႏွင့္ရပ္ကြက္အတြင္းသို႔ဝင္ေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here