တောင်ငူမြို့မှ အမှတ်(၁)တိုင်းလွှတ်တော်ကိုယ် စားလှယ်ဦးမိုးမခ၏နေအိမ် ချိတ်ပိတ်ခံရ

0
169

တောင်ငူမြို့မှ အမှတ်(၁)တိုင်းလွှတ်တော်ကိုယ် စားလှယ်ဦးမိုးမခ၏နေအိမ် ချိတ်ပိတ်ခံရ

ပဲခူးတိုငိး၊တောင်ငူမြို့၊ငွေလှံရပ်ကွက်ရှိ အမှတ် (၁)တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးမိုးမခ၏ နေအိမ်အား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးမိုးမခသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တစ်ဦးဖြစ်ကာ နေအိမ်မှရှောင်တိမ်းနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“ဦးမိုးမခရဲ့ခြံဝင်းထဲမှာက အိမ်နှစ်လုံးရှိတယ် နှစ်လုံး လုံးကိုချိတ်ပိတ်သွားတာ ဦးမိုးမခအိမ်မှာတော့တစ်ယောက်မှမရှိဘူး နောက်တစ်လုံးမှာကအိမ်သားတွေရှိကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

နေအိမ်နှစ်လုံးအားချိတ်ပိတ်ရာတွင် ဦးမိုးမခ၏ မိသားစုဝင်များနေထိုင်သည့် နေအိမ်မှအိမ်သူ၊အိမ်သားများအား နေအိမ်မှဆင်းစေ၍ ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ရပ်ကျေးအဖွဲ့ဝင်များနှင့်ရပ်မိရပ်ဖများလည်းပါဝင်ကာ နေအိမ်အားချိတ်ပိတ်ကြောင်းနှင့်ချိတ်ပိတ်ရသည့်အကြောင်းတို့အား ရေးသားထားသည့် ဗီနိုင်းများချိတ်ဆွဲခဲ့သည်ဟု သိရသည်။

Zaw Gyi

ေတာင္ငူၿမိဳ႕မွ အမွတ္(၁)တိုင္းလႊတ္ေတာ္ကိုယ္ စားလွယ္ဦးမိုးမခ၏ေနအိမ္ ခ်ိတ္ပိတ္ခံရ

ပဲခူးတိုငိး၊ေတာင္ငူၿမိဳ႕၊ေငြလွံရပ္ကြက္ရွိ အမွတ္ (၁)တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ဦးမိုးမခ၏ ေနအိမ္အား နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္ခ်ိတ္ပိတ္ခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။

အမွတ္(၁)တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ဦးမိုးမခသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီဝင္တစ္ဦးျဖစ္ကာ ေနအိမ္မွေရွာင္တိမ္းေနသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

“ဦးမိုးမခရဲ႕ၿခံဝင္းထဲမွာက အိမ္ႏွစ္လုံးရွိတယ္ ႏွစ္လုံး လုံးကိုခ်ိတ္ပိတ္သြားတာ ဦးမိုးမခအိမ္မွာေတာ့တစ္ေယာက္မွမရွိဘူး ေနာက္တစ္လုံးမွာကအိမ္သားေတြရွိၾကတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

ေနအိမ္ႏွစ္လုံးအားခ်ိတ္ပိတ္ရာတြင္ ဦးမိုးမခ၏ မိသားစုဝင္မ်ားေနထိုင္သည့္ ေနအိမ္မွအိမ္သူ၊အိမ္သားမ်ားအား ေနအိမ္မွဆင္းေစ၍ ခ်ိတ္ပိတ္ခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားထံမွသိရသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္အတူ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ား၊ရပ္ေက်းအဖြဲ႕ဝင္မ်ားႏွင့္ရပ္မိရပ္ဖမ်ားလည္းပါဝင္ကာ ေနအိမ္အားခ်ိတ္ပိတ္ေၾကာင္းႏွင့္ခ်ိတ္ပိတ္ရသည့္အေၾကာင္းတို႔အား ေရးသားထားသည့္ ဗီႏိုင္းမ်ားခ်ိတ္ဆြဲခဲ့သည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here