ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီးအား ဖေဖော်ဝါရီ ၂၃ ရက်အထိ အရေးပေါ် လူနာများသာကြည့်ရှု့ပေးမည်

0
375

ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးအားဖေဖော်ဝါရီ ၂၃ ရက်အထိ အရေးပေါ်လူနာများသာကြည့်ရှု့ပေးမည်

ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီး၏ ဝန် ထမ်းများတွင် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသဖြင့် ဆေးရုံကြီးအား ဖေဖော်ဝါရီ ၂၃ ရက်အထိ ယာယီပိတ်သွားမည်ဖြစ်သည်ဟု ယင်းဆေးရုံကြီးမှထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ယာယီပိတ်ထားသော်လည်း လွှဲစာပါသည့်လူနာများကိုမူ လက်ခံကုသပေးသွားမည်ဖြစ်ကာ လွှဲစာ၌ လောလောဆယ်ပြသရန်လိုအပ်ကြောင်း မျက်စိပိုင်းဆိုင်ရာ ထင်မြင်ယူဆချက်ရေးပေးနိုင်သည့် ဆရာဝန်တစ်ဦး၏ လက်မှတ်ပါရှိရမည်ဖြစ် သည်။

ထိုပြင် အရေးပေါ်ပြသရန်လိုအပ်သည့်လူနာများကိုလည်း ၂၄ နာရီကြည့်ရှု့ကုသပေးသွားမည်ဖြစ်ကာ လူနာစောင့်တစ်ဦးလိုက်ပါခွင့်ရှိသည်ဟု ထုတ်ပြန်ကြေညာထားသည်။

လွှဲစာပါသည့် မျက်စိလူနာများအနေဖြင့် အစိုးရရုံးဖွင့်ရက်များတွင် မနက် ၈ နာရီခွဲမှညနေ ၄ နာရီအထိ ဖုန်းနံပါတ် ၀၉ ၈၈၈၆၂၉၉၄၅ နှင့် ၀၉ ၈၈၈၆၂၉၉၅၄ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ စာရင်းပေးသွင်းရာတွင် ဖေဖော်ဝါရီ ၁၈ ရက်အထိ လူနာစာရင်းပြည့်ပြီးဖြစ်သည်ဟု ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးမှ ထုတ် ပြန်ကြေညာထားသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here