Facebook မှာ ပို့စ်တင်မိခြင်းကြောင့် အလုပ်မဝင်ခင်အလုပ်ပြုတ်သွားခဲ့ရတဲ့ သြစတြေးလျမှဝန်ထမ်း

0
108

Facebook မှာ ပို့စ်တင်မိခြင်းကြောင့် အလုပ်မဝင်ခင်အလုပ်ပြုတ်သွားခဲ့ရတဲ့ သြစတြေးလျမှဝန်ထမ်း

စူပါမားကတ်တစ်ခုမှာလာရောက်အလုပ်လျှောက်ထားခဲ့တဲ့ အဲလက်စ်ဆိုသူအမျိုးသားဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်အတုနဲ့လျှောက်ထားခဲ့ကာ အလုပ်ရရှိခဲ့ပါတယ်။

ဖြစ်စဥ်ကတော့ အဲလက်စ်ကအလုပ်ရစဥ်မှာပဲ ၄င်းရဲ့ Facebook စာမျက်နှာထက် လက်မှတ်အတုနဲ့အလုပ်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းရေးသားခဲ့ပြီး မကြာမီမှာပဲ အဲလက်စ်ကိုအင်တာဗျူးခဲ့တဲ့မန်နေဂျာက ယခုပို့စ်ကိုမြင်သွားခဲ့ကာ ကွန်းမန့် ဝင်ရောက်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။

မန်နေဂျာရဲ့ကွန်းမန့်ကတော့ “ဟဲလိုအဲလက်စ်, ငါကဒီနေ့မနက်မင်းကိုအင်တာဗျူးခဲ့တဲ့စူပါမားကတ်ရဲ့မန်နေဂျာပါ၊ မင်းပြခဲ့တဲ့ဆေးဝါးထောက်ခံချက်ဟာအမှန်မဟုတ်ခဲ့လို့ ငါတို့ရဲ့အလုပ်ကမ်းလှမ်းချက်ကိုပြန်ရုပ်သိမ်းဖို့စဥ်းစားရတော့မယ်၊ ငါတို့မင်းကိုတိုက်ရိုက်ဆက်သွယ်လိုက်ပါမယ်” လို့ ပြန်လည်ရေးသားထားခဲ့တာဖြစ်ပါတယ်။

စူပါမားကတ်အနေနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလက သြစတြေးလျမှာရှိတဲ့သူတို့ရဲ့ဝန်ထမ်းတွေအတွက် ကာကွယ်ဆေးထိုးလက်မှတ်ဟာ တရားဝင်ထောက်ခံချက်တစ်ခုဖြစ်ကြောင်း ကြေငြာထားခဲ့တာဖြစ်ပါတယ်။

Source – 7News

Zaw Gyi

Facebook မွာ ပို႔စ္တင္မိျခင္းေၾကာင့္ အလုပ္မဝင္ခင္အလုပ္ျပဳတ္သြားခဲ့ရတဲ့ ၾသစေၾတးလ်မွဝန္ထမ္း

စူပါမားကတ္တစ္ခုမွာလာေရာက္အလုပ္ေလွ်ာက္ထားခဲ့တဲ့ အဲလက္စ္ဆိုသူအမ်ိဳးသားဟာ ကိုဗစ္ကာကြယ္ေဆးထိုးႏွံၿပီးစီးေၾကာင္း လက္မွတ္အတုနဲ႔ေလွ်ာက္ထားခဲ့ကာ အလုပ္ရရွိခဲ့ပါတယ္။

ျဖစ္စဥ္ကေတာ့ အဲလက္စ္ကအလုပ္ရစဥ္မွာပဲ ၄င္းရဲ႕ Facebook စာမ်က္ႏွာထက္ လက္မွတ္အတုနဲ႔အလုပ္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္းေရးသားခဲ့ၿပီး မၾကာမီမွာပဲ အဲလက္စ္ကိုအင္တာဗ်ဴးခဲ့တဲ့မန္ေနဂ်ာက ယခုပို႔စ္ကိုျမင္သြားခဲ့ကာ ကြန္းမန္႔ ဝင္ေရာက္ေရးသားခဲ့ျခင္းျဖစ္ပါတယ္။

မန္ေနဂ်ာရဲ႕ကြန္းမန္႔ကေတာ့ “ဟဲလိုအဲလက္စ္, ငါကဒီေန႔မနက္မင္းကိုအင္တာဗ်ဴးခဲ့တဲ့စူပါမားကတ္ရဲ႕မန္ေနဂ်ာပါ၊ မင္းျပခဲ့တဲ့ေဆးဝါးေထာက္ခံခ်က္ဟာအမွန္မဟုတ္ခဲ့လို႔ ငါတို႔ရဲ႕အလုပ္ကမ္းလွမ္းခ်က္ကိုျပန္႐ုပ္သိမ္းဖို႔စဥ္းစားရေတာ့မယ္၊ ငါတို႔မင္းကိုတိုက္႐ိုက္ဆက္သြယ္လိုက္ပါမယ္” လို႔ ျပန္လည္ေရးသားထားခဲ့တာျဖစ္ပါတယ္။

စူပါမားကတ္အေနနဲ႔ ၿပီးခဲ့တဲ့ေအာက္တိုဘာလက ၾသစေၾတးလ်မွာရွိတဲ့သူတို႔ရဲ႕ဝန္ထမ္းေတြအတြက္ ကာကြယ္ေဆးထိုးလက္မွတ္ဟာ တရားဝင္ေထာက္ခံခ်က္တစ္ခုျဖစ္ေၾကာင္း ေၾကျငာထားခဲ့တာျဖစ္ပါတယ္။

Source – 7News


LEAVE A REPLY

Please enter your comment!
Please enter your name here