မြန်မာယူ-၂၃ ကစားသမားများ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေ၍ ပြိုင်ပွဲမှနှုတ်ထွက်

0
265

မြန်မာယူ-၂၃ ကစားသမားများ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေ၍ ပြိုင်ပွဲမှနှုတ်ထွက်

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်း ပနေသည့် AFF U-23 ဘောလုံးပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်နေသည့် မြန်မာယူ-၂၃ ဘောလုံးအသင်း ၏ ကစားသမားများတွင် ကိုဗစ်(၁၉)ရောဂါဖြစ် ပွားနေသဖြင့် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)တွင်ပြိုင်ပွဲမှနှုတ်ထွက်ခဲ့သည်ဟု သိရသည်။

မြန်မာယူ-၂၃ အသင်းတွင် ပါဝင်သည့် ကစားသ မား ၂၃ ဦးအနက် ၁၈ ဦး၌ ကိုဗစ်(၁၉)ရောဂါဖြစ် ပွားနေခြင်းဖြစ်သည်။

ထိုသို့ ဖြစ်ပွားနေသဖြင့် ကစားသမား ၅ ဦးသာပြိုင်ပွဲယှဥ်ပြိုင်ကစားရန် ကြံ့ခိုင်မှုရှိ၍ ပြိုင်ပွဲမှနှုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာယူ-၂၃ အသင်းသည် အုပ်စု(ခ)တွင်ပါဝင်ကာ ယနေ့တွင် မလေးရှားယူ-၂၃ အသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါအုပ်စု၌ လာအိုယူ-၂၃ နှင့်အင်ဒိုနီးရှားယူ-၂၃ အသင်းတို့ပါဝင်ကြောင်း သိရသည်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here