ကချင်ပြည်နယ်တွင်းက ဒေသအချို့မှာ စစ်ရေးအရှိန်မြင့်လာ၍ ဒေသခံထောင်ချီတိမ်းရှောင်ခဲ့ရ

0
154

ကချင်ပြည်နယ်တွင်းက ဒေသအချို့မှာ စစ်ရေးအရှိန်မြင့်လာ၍ ဒေသခံထောင်ချီတိမ်းရှောင်ခဲ့ရ

ကချင်ပြည်နယ်အတွင်းဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေကြေဒဏ်ရာရမှုတွေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေနဲ့ အရပ်သားပိုင်ပစ္စည်း ဖျက်ဆီးခံရမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေက ဒီကနေ့ ဖေဖော်ဝါရီ ၁၆ရက်မှာ အသိပေးစကားဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ကချင်ပြည်နယ်က ဖားကန့်၊ မိုးညင်း၊ ပူတာအို၊ ဆွန်ပရာဘွမ်နဲ့ တနိုင်းမြို့နယ်တွေမှာ တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြားက တိုက်ပွဲတွေက ပြင်းထန်လာနေတာပါ။

ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေကတော့ ကချင်ပြည်နယ်တွင်းက မြို့နယ်အချို့မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေမှာ လေကြောင်းကနေတိုက်ခိုက်တဲ့အထိ သတင်းတွေကို ကြားသိထားရတယ်လို့ ပြောဆိုထားကြပါတယ်။

အဆိုပါတိုက်ပွဲတွေကြောင့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ကတည်းက ပူတာအိုမြို့နယ်အတွင်း ရွာ၅ရွာက လူဦးရေ ၆,၀၀၀ ကျော်ဟာ တိုက်ပွဲရှောင်ထွက်ပြေးခဲ့ကြရတာရှိသလို၊ ဒေသခံမိတ်ဖက်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အဆိုအရ နေရပ်စွန့်ခွာထွက်ပြေးလာကြသူတွေဟာ မြစ်ကြီးနားနဲ့ ပူတာအိုမြို့တွေမှာ ဆွေမျိုးတွေနဲ့ သွားရောက်နေထိုင်နေကြရတယ်လို့ သိရပါတယ်။အချိုကလည်း အနီးအနားက တောတွေထဲထွက်ပြေးကြရသူတွေလည်း ရှိကြပါတယ်။

ဖေဖေါ်ဝါရီလ ၉ ရက်နေ့အထိ လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်သူမိတ်ဖက်တွေဟာ ဒေသခံလူထုအသိုင်းအဝိုင်းက လက်ခံထားသူ ဦးရေ ၁,၀၀၀အတွက် အစားအစာဝယ်ဖို့ ငွေကြေး၊ အမိုးအကာ၊ အိုးခွက်ပန်းကန်စတဲ့ အိမ်ထောင်သုံးပစ္စည်း၊ တကိုယ်ရေသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာပစ္စည်းများကို ပေးအပ်ခဲ့ကြတာရှိပြီး ကျန်ရှိသူတွေကိုလည်း ဆက်လက်ပေးအပ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာလာသူဦးရေ ၈,၆၀၀ ခန့် ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် မတိုင်ခင် ပဋိက္ခတွေကြောင့် ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေရသူ ၉၆,၅၉၀ လည်း ရှိနေတဲ့ အတွက် ကချင်ပြည်နယ်အတွင်း ပဋိက္ခတွေကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေကြရတဲ့ သူတွေဟာ ၁သိန်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။

ပုံစာ-မြန်မာနိုင်ငံတွင်းက စစ်ဘေးရှောင်များအား မြင်တွေ့ရစဉ်။(ယခင်ပုံဟောင်းများဖြစ်ပါသည်)

Zaw Gyi

ကခ်င္ျပည္နယ္တြင္းက ေဒသအခ်ိဳ႕မွာ စစ္ေရးအရွိန္ျမင့္လာ၍ ေဒသခံေထာင္ခ်ီတိမ္းေရွာင္ခဲ့ရ

ကခ်င္ျပည္နယ္အတြင္းျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြေၾကာင့္ အရပ္သားေသေၾကဒဏ္ရာရမႈေတြ၊ အိုးအိမ္စြန႔္ခြာထြက္ေျပးရမႈေတြနဲ႔ အရပ္သားပိုင္ပစၥည္း ဖ်က္ဆီးခံရမႈေတြ ျဖစ္ေပၚခဲ့တယ္လို႔ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္းေတြက ဒီကေန႔ ေဖေဖာ္ဝါရီ ၁၆ရက္မွာ အသိေပးစကားဆိုလိုက္ၾကပါတယ္။

ျမန္မာႏိုင္ငံအေရွ႕ေျမာက္ပိုင္း ကခ်င္ျပည္နယ္က ဖားကန႔္၊ မိုးညင္း၊ ပူတာအို၊ ဆြန္ပရာဘြမ္နဲ႔ တႏိုင္းၿမိဳ႕နယ္ေတြမွာ တပ္မေတာ္ နဲ႔ ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႕၊ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြၾကားက တိုက္ပြဲေတြက ျပင္းထန္လာေနတာပါ။

ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္းေတြကေတာ့ ကခ်င္ျပည္နယ္တြင္းက ၿမိဳ႕နယ္အခ်ိဳ႕မွာ ျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြမွာ ေလေၾကာင္းကေနတိုက္ခိုက္တဲ့အထိ သတင္းေတြကို ၾကားသိထားရတယ္လို႔ ေျပာဆိုထားၾကပါတယ္။

အဆိုပါတိုက္ပြဲေတြေၾကာင့္ ေဖေဖၚဝါရီလ ၃ ရက္ေန႔ကတည္းက ပူတာအိုၿမိဳ႕နယ္အတြင္း ႐ြာ၅႐ြာက လူဦးေရ ၆,၀၀၀ ေက်ာ္ဟာ တိုက္ပြဲေရွာင္ထြက္ေျပးခဲ့ၾကရတာရွိသလို၊ ေဒသခံမိတ္ဖက္ေတြနဲ႔ ဘာသာေရးေခါင္းေဆာင္ေတြရဲ႕ အဆိုအရ ေနရပ္စြန႔္ခြာထြက္ေျပးလာၾကသူေတြဟာ ျမစ္ႀကီးနားနဲ႔ ပူတာအိုၿမိဳ႕ေတြမွာ ေဆြမ်ိဳးေတြနဲ႔ သြားေရာက္ေနထိုင္ေနၾကရတယ္လို႔ သိရပါတယ္။အခ်ိဳကလည္း အနီးအနားက ေတာေတြထဲထြက္ေျပးၾကရသူေတြလည္း ရွိၾကပါတယ္။

ေဖေဖၚဝါရီလ ၉ ရက္ေန႔အထိ လူသားခ်င္းစာနာမႈ လုပ္ငန္းေဆာင္႐ြက္သူမိတ္ဖက္ေတြဟာ ေဒသခံလူထုအသိုင္းအဝိုင္းက လက္ခံထားသူ ဦးေရ ၁,၀၀၀အတြက္ အစားအစာဝယ္ဖို႔ ေငြေၾကး၊ အမိုးအကာ၊ အိုးခြက္ပန္းကန္စတဲ့ အိမ္ေထာင္သုံးပစၥည္း၊ တကိုယ္ေရသုံးပစၥည္းမ်ား၊ ကိုဗစ္-၁၉ ကာကြယ္ေရးဆိုင္ရာပစၥည္းမ်ားကို ေပးအပ္ခဲ့ၾကတာရွိၿပီး က်န္ရွိသူေတြကိုလည္း ဆက္လက္ေပးအပ္ႏိုင္ဖို႔ လုပ္ေဆာင္ေနၾကပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) က ေဖေဖၚဝါရီလ ၇ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြအရ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကတည္းက ကခ်င္ျပည္နယ္မွာ ေနရပ္စြန႔္ခြာလာသူဦးေရ ၈,၆၀၀ ခန႔္ ရွိေနပါတယ္။ ၂၀၂၁ ခုႏွစ္ မတိုင္ခင္ ပဋိကၡေတြေၾကာင့္ ယာယီစခန္းေတြမွာ ဆက္လက္ေနထိုင္ေနရသူ ၉၆,၅၉၀ လည္း ရွိေနတဲ့ အတြက္ ကခ်င္ျပည္နယ္အတြင္း ပဋိကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာေရွာင္တိမ္းေနၾကရတဲ့ သူေတြဟာ ၁သိန္းေက်ာ္အထိ ရွိလာေနၿပီျဖစ္ပါတယ္။

ပုံစာ-ျမန္မာႏိုင္ငံတြင္းက စစ္ေဘးေရွာင္မ်ားအား ျမင္ေတြ႕ရစဥ္။(ယခင္ပုံေဟာင္းမ်ားျဖစ္ပါသည္)


LEAVE A REPLY

Please enter your comment!
Please enter your name here