ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးခရီးကြမ်းတွင် မွန်တိုင်းရင်းသားများပါဝင်နေသည့် အပေါ် ခြွင်းချက်မရှိကြောင်းယုံကြည်ကြောင်း PPST ဆို

0
239

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးခရီးကြမ်းတွင် မွန်တိုင်းရင်းသားများပါဝင်နေသည့် အပေါ် ခြွင်းချက်မရှိကြောင်းယုံကြည်ကြောင်း PPST ဆို

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးခရီးကြမ်းတွင် မွန်တိုင်းရင်းသားများအနေဖြင့် ညီနောင်တိုင်းရင်းသားများနှင့်အတူ လက်တွဲမြဲမြံစွာဖြင့်မဆုတ်မနစ် ကြိုးပမ်းချီတက်သွားမည်ဟု ခြွင်းချက်မရှိ ယုံကြည်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) က ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ပြေကြားခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်က ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ယင်းသို့ ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သမိုင်းတစ်လျှောက်တွင် မွန်အမျိုးသားများသည် ဖက်ဒရာ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစုများတွင်
တက်တက်ကြွကြွပါဝင်၍သော်လည်းကောင်း၊ ဖက်ဒရယ်လမ်းညွှန်အခြေခံမူများရေးဆွဲရာတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှပါဝင်၍သော်လည်းကောင်း ၊ ဘဝတူညီနောင်တိုင်းရင်းသားများနှင့်
လက်တွဲကာ အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သကဲ့သို့ ယနေ့ထက်တိုင်လည်း ဆောင်ရွက်နေလျှက်ရှိသည့်အတွက် ကြိုဆိုဂုဏ်ပြုကြောင်း ရေးသားဖော်ပြထားသည်။

မွန်တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ၁၉၄၇ ခုနှစ် တွင် ချမှတ်ခြ့သည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုင်ရာရပိုင်ခွင့်များကို ထင်ဟပ်သည့် တောင်းဆိုချက် (၇)ချက်သည်
မွန်အမျိုးသားရေးလှုပ်ရှားမှု သမိုင်း၌အထင်ကရ နိုင်ငံရေးမှတ်တိုင်တစ်ခုအဖြစ်ရှိခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စံရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်။

Photo Credit – Kamawet Mudon Information

Zaw Gyi

ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတည္ေဆာက္ေရးခရီးၾကမ္းတြင္ မြန္တိုင္းရင္းသားမ်ားပါဝင္ေနသည့္ အေပၚ ႁခြင္းခ်က္မရွိေၾကာင္းယုံၾကည္ေၾကာင္း PPST ဆို

ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ေရးခရီးၾကမ္းတြင္ မြန္တိုင္းရင္းသားမ်ားအေနျဖင့္ ညီေနာင္တိုင္းရင္းသားမ်ားႏွင့္အတူ လက္တြဲၿမဲၿမံစြာျဖင့္
မဆုတ္မနစ္ ႀကိဳးပမ္းခ်ီတက္သြားမည္ဟု ႁခြင္းခ်က္မရွိ ယုံၾကည္ေၾကာင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕(PPST) က ယမန္ေန႔ ေဖေဖာ္ဝါရီ ၁၆ ရက္က ထုတ္ျပန္ေျပၾကားခဲ့သည္။

ယမန္ေန႔ ေဖေဖာ္ဝါရီ ၁၆ ရက္က က်ေရာက္ေသာ (၇၅)ႏွစ္ေျမာက္ စိန္ရတုမြန္အမ်ိဳးသားေန႔အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕(PPST)က ေပးပို႔သည့္ ဂုဏ္ျပဳသဝဏ္လႊာတြင္ ယင္းသို႔ ထည့္သြင္းေရးသားခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ သမိုင္းတစ္ေလွ်ာက္တြင္ မြန္အမ်ိဳးသားမ်ားသည္ ဖက္ဒရာ္ဒီမိုကေရစီျပည္ေထာင္စု တည္ေထာင္ေရးအတြက္ တိုင္းရင္းသားမဟာမိတ္တပ္ေပါင္းစုမ်ားတြင္
တက္တက္ႂကြႂကြပါဝင္၍ေသာ္လည္းေကာင္း၊ ဖက္ဒရယ္လမ္းၫႊန္အေျခခံမူမ်ားေရးဆြဲရာတြင္ ဦးေဆာင္သည့္ အခန္းက႑မွပါဝင္၍ေသာ္လည္းေကာင္း ၊ ဘဝတူညီေနာင္တိုင္းရင္းသားမ်ားႏွင့္
လက္တြဲကာ အင္တိုက္အားတိုက္ေဆာင္႐ြက္ခဲ့သကဲ့သို႔ ယေန႔ထက္တိုင္လည္း ေဆာင္႐ြက္ေနလွ်က္ရွိသည့္အတြက္ ႀကိဳဆိုဂုဏ္ျပဳေၾကာင္း ေရးသားေဖာ္ျပထားသည္။

မြန္တိုင္းရင္းသားေခါင္းေဆာင္မ်ားအေနျဖင့္ ၁၉၄၇ ခုႏွစ္ တြင္ ခ်မွတ္ျခ့သည့္ အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ဆိုင္ရာရပိုင္ခြင့္မ်ားကို ထင္ဟပ္သည့္ ေတာင္းဆိုခ်က္ (၇)ခ်က္သည္
မြန္အမ်ိဳးသားေရးလႈပ္ရွားမႈ သမိုင္း၌အထင္ကရ ႏိုင္ငံေရးမွတ္တိုင္တစ္ခုအျဖစ္ရွိခဲ့သည္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕သည္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စံေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (NCA)ကို လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႕ျဖင့္ ဖြဲ႕စည္းထားသည့္ အဖြဲ႕တစ္ခုျဖစ္သည္။

Photo Credit – Kamawet Mudon Information


LEAVE A REPLY

Please enter your comment!
Please enter your name here