ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးအနီးလဘက်ရည်ဆိုင်တွင် အမျိုး သားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
178

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးအနီးလဘက်ရည်ဆိုင်တွင် အမျိုး သားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊စံပြစျေးအနီးရှိ “အောင်နန်းသစ်”လဘက်ရည်ဆိုင်တွင် လဘက်ရည်သောက်နေသည့် အမျိုး သားတစ်ဦး ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့)နံနက် ၁၀ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု စံပြစျေးအနီးနေသူများထံမှ သိရသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ကိုမိုးမြင့်သန်းကြွယ်သည် စံပြ(၃)လမ်း၌နေထိုင်သူဖြစ်ကာ အ မည်မသိအမျိုးသားတစ်ဦးမှ ဦးခေါင်းအားအနီး ကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားသည်ဟု သိရသည်။

“စံပြစျေးနဲ့မျက်နှာချင်းဆိုင်လမ်းတစ်ဖက် စံပြ (၃)လမ်းထိပ်က လဘက်ရည်ဆိုင်မှာထိုင်နေတုန်း အနီးကပ်တေ့ပြီးပစ်ခံလိုက်ရတာ ပွဲချင်းပြီးပဲ”ဟုစံပြစျေးအနီးနေသူတစ်ဦးကပြောသည်။

ကိုမိုးမြင့်သန်းကြွယ်အား သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ခဲ့သူသည် ပစ်ခတ်ပြီးနောက်ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။

အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးကာ ကျည်ခွံအချို့အားသိမ်းဆည်းရမိခဲ့ပြီး လမ်းမကြီးနှင့်စံပြ(၃)လမ်းထိပ်အားယာယီပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

Zaw Gyi

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဈေးအနီးလဘက်ရည်ဆိုင်တွင် အမျိုး သားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊စံပြဈေးအနီးရှိ “အောင်နန်းသစ်”လဘက်ရည်ဆိုင်တွင် လဘက်ရည်သောက်နေသည့် အမျိုး သားတစ်ဦး ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့)နံနက် ၁၀ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု စံပြဈေးအနီးနေသူများထံမှ သိရသည်။


“စံပြဈေးနဲ့မျက်နှာချင်းဆိုင်လမ်းတစ်ဖက် စံပြ (၃)လမ်းထိပ်က လဘက်ရည်ဆိုင်မှာထိုင်နေတုန်း အနီးကပ်တေ့ပြီးပစ်ခံလိုက်ရတာ ပွဲချင်းပြီးပဲ”ဟုစံပြဈေးအနီးနေသူတစ်ဦးကပြောသည်။




LEAVE A REPLY

Please enter your comment!
Please enter your name here