ဒီမိုကရေစီအရေး ဆောင်ရွက်ကြရာတွင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး လမ်းစဉ်ကိုသာ ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌပြောကြား

0
208

(Unicode)

ဒီမိုကရေစီအရေး ဆောင်ရွက်ကြရာတွင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး လမ်းစဉ်ကိုသာ ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌပြောကြား

မိမိတို့အနေဖြင့် နိုင်ငံရေး၊ လူမျိုးရေးများနှင့်ပတ်သက်၍ လက်နက်ကိုင်ဆောင်ရွက် ခြင်းကိုအားမပေးပါဟုနစကဥက္ကဋ္ဌက ၎င်း၏ဖေဖော်ဝါရီ၁၆ရက်နေ့ မိုင်းခတ်မြို့နယ်နှင့် မိုင်းယောင်း မြို့နယ်ခရီးစဉ်တွင် ပြောကြားသည်။

ယင်းအပြင် ဒီမိုကရေစီအရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး လမ်းစဉ်ကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်းဆိုသည်။

ယခုကာလကို လုံခြုံရေးအရ တည်ငြိမ်အောင်၊ နိုင်ငံရေးအရ ငြိမ်းချမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံရေး မတည်ငြိမ်မှုများရှိပါက နိုင်ငံတိုးတက်မှုရှိမည်မဟုတ်ဟုပါ အသိပေးစကားပြောဆိုခဲ့သည်။

ထို့နောက် နိုင်ငံရေးအခြေအနေကြောင့် CDM ပြုလုပ် သွားသည့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအရ တာဝန်ပြန်လည် ထမ်းဆောင်ရေးအတွက်လည်း တိုက်တွန်းဆောင်ရွက်လျက်ရှိသည့်အကြောင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြကြောင်းပါ ထည့်သွင်းစကားဆိုခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရှမ်း၊ လားဟူ၊ အခါ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များတက်ရောက်ခဲ့ကြသည်ဟုသိရသည်။

(Zawgyi)

ဒီမိုကေရစီအေရး ေဆာင္႐ြက္ၾကရာတြင္ ႏိုင္ငံေရးအရ ေဆြးေႏြးညႇိႏႈိင္းအေျဖရွာေရး လမ္းစဥ္ကိုသာ ေဆာင္႐ြက္ရမည္ဟု နစကဥကၠ႒ေျပာၾကား

မိမိတို႔အေနျဖင့္ ႏိုင္ငံေရး၊ လူမ်ိဳးေရးမ်ားႏွင့္ပတ္သက္၍ လက္နက္ကိုင္ေဆာင္႐ြက္ ျခင္းကိုအားမေပးပါဟု
နစကဥကၠ႒က ၎၏ေဖေဖာ္ဝါရီ၁၆ရက္ေန႔ မိုင္းခတ္ၿမိဳ႕နယ္ႏွင့္ မိုင္းေယာင္း ၿမိဳ႕နယ္ခရီးစဥ္တြင္ ေျပာၾကားသည္။

ယင္းအျပင္ ဒီမိုကေရစီအေရး ေဆာင္႐ြက္ရာတြင္ ႏိုင္ငံေရးအရ ေဆြးေႏြးညႇိႏႈိင္းအေျဖရွာေရး လမ္းစဥ္ကိုသာ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္းဆိုသည္။

ယခုကာလကို လုံၿခဳံေရးအရ တည္ၿငိမ္ေအာင္၊ ႏိုင္ငံေရးအရ ၿငိမ္းခ်မ္းေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ႏိုင္ငံေရး မတည္ၿငိမ္မႈမ်ားရွိပါက ႏိုင္ငံတိုးတက္မႈရွိမည္မဟုတ္ဟုပါ အသိေပးစကားေျပာဆိုခဲ့သည္။

ထို႔ေနာက္ ႏိုင္ငံေရးအေျခအေနေၾကာင့္ CDM ျပဳလုပ္ သြားသည့္ ပညာေရးႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားကို ဝန္ထမ္းစည္းမ်ဥ္း စည္းကမ္းအရ တာဝန္ျပန္လည္ ထမ္းေဆာင္ေရးအတြက္လည္း တိုက္တြန္းေဆာင္႐ြက္လ်က္ရွိသည့္အေၾကာင္းႏွင့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားအေနျဖင့္ ညီရင္းအစ္ကိုစိတ္ဓာတ္ျဖင့္ ပူးေပါင္းေဆာင္႐ြက္ၾက ေစလိုၾကေၾကာင္းပါ ထည့္သြင္းစကားဆိုခဲ့သည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ရွမ္း၊ လားဟူ၊ အခါ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မ်ားတက္ေရာက္ခဲ့ၾကသည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here