အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးစတင်ကျင်းပ

0
246

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးစတင်ကျင်းပ

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့်ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်ပင်တွင် ယနေ့ ဖေဖော်ဝါရီ၁၇ရက် မနက်ပိုင်းကစပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအား စတင်ကျင်းပနေပြီဖြစ်သည်။

အစည်းအဝေးပွဲကိုအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် အပြင် မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်တာဝန်ပါ ယူထားသည့် မစ္စတာ ပရက်ဆော့ခွန်းက ဦးဆောင်ကျင်းပနေခြင်းဖြစ်ပြီး ထိုင်း၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးများက အွန်လိုင်းမှ တဆင့်တက်ရောက်ကြကာ ကျန်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက လူကိုယ်တိုင်တက်ရောက်လျှက်ရှိကြသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံက နစကနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်အား ဖိတ်ကြားခြင်းမရှိခဲ့ဘဲ နိုင်ငံရေးအရမဟုတ်သည့်သူတစ်ဦးကိုသာ ဖိတ်ကြားလာခဲ့၍ နစကဘက်က အာဆီယံဆုံးဖြတ်ချက်မှာ ပဋိညာဉ်နှင့် မကိုက်၍ အစည်းအဝေးသို့ မည်သည့်ကိုယ်စားလှယ်ကိုမှ မစေလွှတ်ခဲ့ပေ။

ထို့ကြောင့် ယခုကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာကိုယ်စားပြုသူ တစ်ဦးမှ မရှိခဲ့သည်ကိုတွေ့ရသည်။

အာဆီယံနိုင်ငံအဖွဲ့ဝင်နိုင်ငံအချို့က နစကအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅)ချက်အား အကောင်အထည်မဖော်သ၍ အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံရေးအရမဟုတ်သည့်သူကိုသာ ဖိတ်ကြားရေးမူကို ကိုင်စွဲထားမည်ဟု ပြောဆိုထားကြသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ကကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ နစက နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ Video conference ဖြင့် တက်ရောက်ခဲ့မှု ရှိခဲ့သည်။

အဆိုပါအစည်းအဝေးအား ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E. EAT Sophea က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးစာချုပ်သို့ ဝင်ရောက်မည့် အာဆီယံပြင်ပနိုင်ငံများဆိုင်ရာကိစ္စ၊ အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး၊ (၁၁)ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ်နှင့် (၉)ကြိမ် မြောက်အာဆီယံ ပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်တွင် ဆုံးဖြတ်ခဲ့သည်များကို ဆက်လက် အကောင်အထည်ဖော်ရေး နှင့် အာဆီယံနှင့် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ နျူကလီးယားလက်နက်တားမြစ်ရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်း ဆောင်ရွက်ရန် အဆိုပြုချက်တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရာတွင် အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများအပေါ် ထောက်ခံကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ အသိုက်အဝန်းထူထောင်ခြင်း အပါအဝင် အဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာလုပ်ငန်းများ၌ အာဆီယံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့သည့်အပြင် အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံကိစ္စ ဆွေးနွေးရာတွင် အာဆီယံ၏ ပဋိဉာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အခြေခံမူများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံ၏ရပ်တည်ချက် သဘောထားများကို ရှင်းလင်းပြောကြားခဲ့ကြောင်း နစကနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်ထားသည်။

Zaw Gyi

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးစတင္က်င္းပ

အာဆီယံအလွည့္က်ဥကၠ႒ႏိုင္ငံျဖစ္သည့္ကေမာၻဒီးယားႏိုင္ငံ၏ ၿမိဳ႕ေတာ္ ဖႏြမ္ပင္တြင္ ယေန႔ ေဖေဖာ္ဝါရီ၁၇ရက္ မနက္ပိုင္းကစၿပီး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးပြဲအား စတင္က်င္းပေနၿပီျဖစ္သည္။

အစည္းအေဝးပြဲကိုအာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံ၏ ဒုတိယဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္သည့္ အျပင္ ျမန္မာ့အေရး အာဆီယံအထူးကိုယ္စားလွယ္တာဝန္ပါ ယူထားသည့္ မစၥတာ ပရက္ေဆာ့ခြန္းက ဦးေဆာင္က်င္းပေနျခင္းျဖစ္ၿပီး ထိုင္း၊ ဘ႐ူႏိုင္းႏွင့္ ဗီယက္နမ္ႏိုင္ငံျခားေရးဝန္ႀကီးမ်ားက အြန္လိုင္းမွ တဆင့္တက္ေရာက္ၾကကာ က်န္ႏိုင္ငံမ်ားမွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားက လူကိုယ္တိုင္တက္ေရာက္လွ်က္ရွိၾကသည္။

အဆိုပါ အစည္းအေဝးသို႔ အာဆီယံက နစကႏိုင္ငံျခားေရးဝန္ႀကီးဦးဝဏၰေမာင္လြင္အား ဖိတ္ၾကားျခင္းမရွိခဲ့ဘဲ ႏိုင္ငံေရးအရမဟုတ္သည့္သူတစ္ဦးကိုသာ ဖိတ္ၾကားလာခဲ့၍ နစကဘက္က အာဆီယံဆုံးျဖတ္ခ်က္မွာ ပဋိညာဥ္ႏွင့္ မကိုက္၍ အစည္းအေဝးသို႔ မည္သည့္ကိုယ္စားလွယ္ကိုမွ မေစလႊတ္ခဲ့ေပ။

ထို႔ေၾကာင့္ ယခုက်င္းပေနသည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတြင္ ျမန္မာကိုယ္စားျပဳသူ တစ္ဦးမွ မရွိခဲ့သည္ကိုေတြ႕ရသည္။

အာဆီယံႏိုင္ငံအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕က နစကအေနျဖင့္ အာဆီယံဘုံသေဘာတူညီခ်က္ (၅)ခ်က္အား အေကာင္အထည္မေဖာ္သ၍ အာဆီယံထိပ္သီးအစည္းအေဝးသို႔ ႏိုင္ငံေရးအရမဟုတ္သည့္သူကိုသာ ဖိတ္ၾကားေရးမူကို ကိုင္စြဲထားမည္ဟု ေျပာဆိုထားၾကသည္။

ယမန္ေန႔ ေဖေဖာ္ဝါရီလ ၁၆ရက္ေန႔ကကေမာၻဒီးယားႏိုင္ငံ၊ ဖေနာင္ပင္ၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့သည့္ အာဆီယံအဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝးသို႔ နစက ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအး ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ေနျပည္ေတာ္မွ Video conference ျဖင့္ တက္ေရာက္ခဲ့မႈ ရွိခဲ့သည္။

အဆိုပါအစည္းအေဝးအား ကေမာၻဒီးယားအဆင့္ျမင့္အရာရွိႀကီး H.E. EAT Sophea က အစည္းအေဝးသဘာပတိအျဖစ္ ေဆာင္႐ြက္၍ က်င္းပခဲ့ျခင္းျဖစ္ၿပီး အာဆီယံႏိုင္ငံမ်ားမွ အဆင့္ျမင့္ အရာရွိႀကီးမ်ားႏွင့္ အာဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံး၏ အာဆီယံႏိုင္ငံေရးႏွင့္ လုံၿခဳံေရးအသိုက္အဝန္းဆိုင္ရာ ဒုတိယအတြင္းေရးမႉးခ်ဳပ္ တက္ေရာက္ခဲ့ၾကသည္။

အစည္းအေဝးတြင္ အာဆီယံအသိုက္အဝန္းထူေထာင္ျခင္း၊ အေရွ႕ေတာင္အာရွခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္ေဆာင္႐ြက္ေရးစာခ်ဳပ္သို႔ ဝင္ေရာက္မည့္ အာဆီယံျပင္ပႏိုင္ငံမ်ားဆိုင္ရာကိစၥ၊ အာဆီယံ ေဆြးေႏြးဖက္ဆက္ဆံေရး၊ (၁၁)ႀကိမ္ေျမာက္ အာဆီယံပင္လယ္ေရေၾကာင္းဖိုရမ္ႏွင့္ (၉)ႀကိမ္ ေျမာက္အာဆီယံ ပင္လယ္ေရေၾကာင္းတိုးခ်ဲ႕ဖိုရမ္တြင္ ဆုံးျဖတ္ခဲ့သည္မ်ားကို ဆက္လက္ အေကာင္အထည္ေဖာ္ေရး ႏွင့္ အာဆီယံႏွင့္ လက္တင္အေမရိကႏွင့္ ကာေရဘီယံေဒသ န်ဴကလီးယားလက္နက္တားျမစ္ေရး ေအဂ်င္စီတို႔အၾကား နားလည္မႈစာခြၽန္လႊာေရးထိုး၍ ပူးေပါင္း ေဆာင္႐ြက္ရန္ အဆိုျပဳခ်က္တို႔ႏွင့္ပတ္သက္၍ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၾကရာတြင္ အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအးက ၂၀၂၂ ခုႏွစ္၊ အာဆီယံဥကၠဌအျဖစ္ တာဝန္ယူေဆာင္႐ြက္လ်က္ရွိသည့္ ကေမာၻဒီးယားႏိုင္ငံ၏ ဦးစားေပးလုပ္ငန္းမ်ားအေပၚ ေထာက္ခံႀကိဳဆိုေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံ၏ အသိုက္အဝန္းထူေထာင္ျခင္း အပါအဝင္ အဆီယံ၏ ျပင္ပဆက္ဆံေရး တိုးျမႇင့္မႈဆိုင္ရာလုပ္ငန္းမ်ား၌ အာဆီယံႏွင့္ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းကို ေဆြးေႏြးေျပာၾကားခဲ့သည့္အျပင္ အာဆီယံအဖြဲ႕အေနျဖင့္ ျမန္မာႏိုင္ငံကိစၥ ေဆြးေႏြးရာတြင္ အာဆီယံ၏ ပဋိဉာဥ္စာတမ္းပါ ျပ႒ာန္းခ်က္မ်ားႏွင့္အေျခခံမူမ်ားႏွင့္အညီ ေဆာင္႐ြက္ရန္ကိစၥ၊ ျမန္မာႏိုင္ငံအတြင္း ျဖစ္ေပၚတိုးတက္မႈ အေျခအေနမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ရပ္တည္ခ်က္ သေဘာထားမ်ားကို ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း နစကႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္က သတင္းထုတ္ျပန္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here