မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ လွိုင်ကော်မြို့မှ စစ်ဘေးရှောင် ၅၆၆ ဦးအား စားနပ် ရိက္ခာနှင့်အသုံးအဆောင်များထောက်ပံ့

0
197

(Unicode)

မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ လွိုင်ကော်မြို့မှ စစ်ဘေးရှောင် ၅၆၆ ဦးအား စားနပ် ရိက္ခာနှင့်အသုံးအဆောင်များထောက်ပံ့

မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်နှင့်ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ စားနပ်ရိက္ခာနှင့်အသုံးအဆောင်ပ စ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ် သည်။

လွိုင်ကော်မြို့၌ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေကြသူများအား ယာယီစောင့်ရှောက်ထားသည့် ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းတွင် စစ်ဘေးရှောင် ၅၆၆ ဦးရောက်ရှိခိုလှုံလျက်ရှိသည်။

ဆန် ၁၅၆ အိတ်၊ ဆီ ၁၅၆ ဗူး၊ အသားဗူး ၉၉၂ ဗူး၊ ခေါက်ဆွဲ ၁၅၅ ထုပ်၊ အနွေးထည် ၁၅၅ ထည်နှင့် စောင် ၁၅၅ ထည်တို့အားထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၆၄ စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပ စ္စည်း ၁၂၁ စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၁၂၂ စုံ၊ ပါးစပ်နှင့်နှာခေါင်းစည်း ၁၃၀၀ ဗူးနှင့်လက်သန့်စင်ဆေးရည် ၆၀ ဗူးတို့ကိုလည်းထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အလားတူ စစ်ဘေးရှောင်အမျိုးသမီးများအတွက် အုတ်ကန်နှင့်ရေချိုးခန်း ၁ ခု၊ ၂ ခန်းတွဲ ယင်လုံအိမ်သာ ၂ လုံးတို့ကိုလည်း ဆောက်လုပ်ပေးခဲ့သည်။

ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှလည်း ရှမ်းပြည်(တောင်ပိုင်း)ကြက်ခြေနီကြီး ကြပ်မှုကော်မတီနှင့်ပူးပေါင်း၍ စစ်ဘေးရှောင်များအား ရှမ်းပြည်(တောင်ပိုင်း)ရှိ စစ်ဘေးရှောင်ယာယီစခန်းများသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပို့ဆောင်ပေးခဲ့ကြသည်။

(Zawgyi)









LEAVE A REPLY

Please enter your comment!
Please enter your name here