တွံတေးမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
138

(Unicode)

တွံတေးမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကျော်ကျော်သည် ဖေဖော်ဝါရီ ၁၈ ရက်(ယနေ့) တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှသိရသည်။

ကျွန်းတောရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကျော်ကျော်သည် နံနက် ၁၀ နာရီခွဲခန့်က မိုးညှင်းဘုန်းကြီးကျောင်းလမ်း၌ရှိနေစဥ် ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကျည်ရှပ်ထိဒဏ်ရာပဲရသွားပါတယ် မသေဘူး ရတဲ့ဒဏ်ရာကလည်းမစိုးရိမ်ရဘူး”ဟုရဲအရာရှိတစ်ဦးကပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကျော်ကျော်သည် မိုးညှင်းဘုန်းကြီးကျောင်းလမ်း၌ လမ်းခင်းနေခြင်းအားသွားရောက်ကြည့်ရှု့စဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ ကျည်ခွံအချို့အားသိမ်းဆည်းရမိခဲ့ပြီး ရပ်ကွက်အတွင်းရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်များအားတားဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများထံမှသိရသည်။

(Zawgyi)

တြံေတးၿမိဳ႕တြင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရ

တြံေတးၿမိဳ႕နယ္၊ ကြၽန္းေတာရပ္ကြက္၏ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးဦးေက်ာ္ေက်ာ္သည္ ေဖေဖာ္ဝါရီ ၁၈ ရက္(ယေန႔) တြင္ ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရသည္ဟု ရန္ကုန္ တိုင္းရဲတပ္ဖြဲ႕မွသိရသည္။

ကြၽန္းေတာရပ္ကြက္၏ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးဦးေက်ာ္ေက်ာ္သည္ နံနက္ ၁၀ နာရီခြဲခန္႔က မိုးညႇင္းဘုန္းႀကီးေက်ာင္းလမ္း၌ရွိေနစဥ္ ဆိုင္ကယ္ေမာင္းလာသည့္ အမည္မသိအမ်ိဳးသားႏွစ္ဦးက ေသနတ္ျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

“က်ည္ရွပ္ထိဒဏ္ရာပဲရသြားပါတယ္ မေသဘူး ရတဲ့ဒဏ္ရာကလည္းမစိုးရိမ္ရဘူး”ဟုရဲအရာရွိတစ္ဦးကေျပာသည္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးဦးေက်ာ္ေက်ာ္သည္ မိုးညႇင္းဘုန္းႀကီးေက်ာင္းလမ္း၌ လမ္းခင္းေနျခင္းအားသြားေရာက္ၾကည့္ရႈ႕စဥ္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္စဥ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးရာ က်ည္ခြံအခ်ိဳ႕အားသိမ္းဆည္းရမိခဲ့ၿပီး ရပ္ကြက္အတြင္းရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ကာ ျဖတ္သန္းသြားလာေနသည့္ ဆိုင္ကယ္မ်ားအားတားဆီးစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္ဟု ေဒသခံမ်ားထံမွသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here