သထုံမြို့မစျေး၏ စျေးစည်ပင်သာယာရေးရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူများရှိ

0
187

(Unicode)

သထုံမြို့မစျေး၏ စျေးစည်ပင်သာယာရေးရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူများရှိ

မွန်ပြည်နယ်၊သထုံမြို့ရှိ သထုံမြို့မစျေး ၏ စျေးစည်ပင်သာယာရေးရုံးတွင် ယ နေ့နံနက် ၁၁ နာရီကျော်ခန့်က ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့်ဆိုင်ခန်းပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“ဗုံးပေါက်တာကတော့ စျေးစည်ပင်ရုံးပဲ ဒါပေမယ့် ရုံးဘေးမှာက ဆိုင်ခန်းတွေလည်းရှိတော့ပျက် စီးကုန်တာပေါ့ ဒဏ် ရာရတဲ့လူတွေလည်းရှိတယ် ဘယ်နှစ်ယောက်ဆိုတာတော့သေချာမသိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် စျေးစည်ပင်သာ ယာရေးရုံးမှာပျက်စီးဆုံးရှုံးသွားခဲ့ပြီး စျေးဆိုင်ခန်း ၂၀ ခန့်နှင့်ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိသည်ဟု ဒေသခံများထံမှသိရသည်။

“စည်ပင်ရုံးကတော့အကုန်ပျက်စီးသွားတယ် ထိခိုက်တဲ့လူတွေကိုလည်း ဆေးရုံတွေဆီခေါ်သွားတာတွေ့တယ် စျေးထဲမှာဖြစ်နေတာရယ် စျေးဝယ်စျေးရောင်းတွေရှိနေတဲ့အချိန်ရယ်ဆိုတော့ ထိမိကြတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်နေရာအား သထုံမြို့မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ကြက်ခြေနီအဖွဲ့ဝင်များက ရောက်ရှိ၍ ကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူများအား သထုံပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ပေးခဲ့ကြသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးကာ သထုံမြို့မစျေးအ တွင်းနှင့်မြို့မစျေးအနီးတဝိုက်တို့တွင်လည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

(Zawgyi)

သထုံမြို့မဈေး၏ ဈေးစည်ပင်သာယာရေးရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူများရှိ

မွန်ပြည်နယ်၊သထုံမြို့ရှိ သထုံမြို့မဈေး ၏ ဈေးစည်ပင်သာယာရေးရုံးတွင် ယ နေ့နံနက် ၁၁ နာရီကျော်ခန့်က ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့်ဆိုင်ခန်းပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“ဗုံးပေါက်တာကတော့ ဈေးစည်ပင်ရုံးပဲ ဒါပေမယ့် ရုံးဘေးမှာက ဆိုင်ခန်းတွေလည်းရှိတော့ပျက် စီးကုန်တာပေါ့ ဒဏ် ရာရတဲ့လူတွေလည်းရှိတယ် ဘယ်နှစ်ယောက်ဆိုတာတော့သေချာမသိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဈေးစည်ပင်သာ ယာရေးရုံးမှာပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဈေးဆိုင်ခန်း ၂၀ ခန့်နှင့်ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိသည်ဟု ဒေသခံများထံမှသိရသည်။

“စည်ပင်ရုံးကတော့အကုန်ပျက်စီးသွားတယ် ထိခိုက်တဲ့လူတွေကိုလည်း ဆေးရုံတွေဆီခေါ်သွားတာတွေ့တယ် ဈေးထဲမှာဖြစ်နေတာရယ် ဈေးဝယ်ဈေးရောင်းတွေရှိနေတဲ့အချိန်ရယ်ဆိုတော့ ထိမိကြတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။


အခင်းဖြစ်စဉ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးကာ သထုံမြို့မဈေးအ တွင်းနှင့်မြို့မဈေးအနီးတဝိုက်တို့တွင်လည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here