ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့အား စစ်ဆေးပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

0
153

(Unicode)

ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့အား စစ်ဆေးပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးမြင့်ဦးနှင့် ဒေါ်နုမြဇံတို့ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေး ရေးအဖွဲ့ သည် ရန်ကုန်မြို့အခြေစိုက်ဖြစ်သော ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် နှင့် ပြည်သူ့ပါတီတို့ကို ၇.၂.၂၀၂၂ ရက်နေ့မှ ၁၁.၂.၂၀၂၂ ရက်နေ့အထိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကိုစစ်ဆေးဆောင်ရွက်ခဲ့သည်ဟု ပြောဆိုထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီများဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ( ပြည်ထောင်စုမြန်မာနိုင်ငံ )၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကိုစစ်ဆေးသွားရန်ရှိသည့်အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဆိုပါ ပါတီများအား အသိပေးအကြောင်းကြားထားသည်ဟုသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့် အညီ စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကိုစစ်ဆေးဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာန ဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ ကချင်ပြည်နယ် အခြေစိုက်ပါတီ ၅ ပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ ၂ ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက် ပါတီ ၂ ပါတီ၊ တနင်္သာရီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီ၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၃ ပါတီ၊ မန္တလေးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၂ ပါတီ၊ မွန်ပြည်နယ်အခြေစိုက်ပါတီ ၃ ပါတီ၊ ရခိုင်ပြည်နယ် အခြေစိုက်ပါတီ ၇ ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီ ၂၄ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက် ပါတီ ၁၃ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီနှင့် ပြည်ထောင်စုနယ်မြေအခြေစိုက် ပါတီ ၄ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးခဲ့ပြီး ဖြစ်သည်ဟုသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားရှိသည့် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီရှိသည်ဟုသိရသည်။

(Zawgyi)

ျပည္သူ႔ပါတီအပါအဝင္ ႏိုင္ငံေရးပါတီအခ်ိဳ႕အား စစ္ေဆးၿပီးျဖစ္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ထုတ္ျပန္

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္မ်ား ျဖစ္သည့္ ဦးျမင့္ဦးႏွင့္ ေဒၚႏုျမဇံတို႔ဦးေဆာင္ၿပီး စာရင္းစစ္ခ်ဳပ္႐ုံး၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနႏွင့္ အထူး စုံစမ္းစစ္ေဆးေရးဦးစီးဌာနတို႔မွ ဌာနဆိုင္ရာကိုယ္စားလွယ္မ်ားပါဝင္သည့္ စစ္ေဆး ေရးအဖြဲ႕ သည္ ရန္ကုန္ၿမိဳ႕အေျခစိုက္ျဖစ္ေသာ ကရင္ျပည္သူ႔ပါတီ၊ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ၊ အမ်ိဳးသား ဒီမိုကေရစီပါတီသစ္ ႏွင့္ ျပည္သူ႔ပါတီတို႔ကို ၇.၂.၂၀၂၂ ရက္ေန႔မွ ၁၁.၂.၂၀၂၂ ရက္ေန႔အထိ စစ္ေဆး ေဆာင္႐ြက္ခဲ့ေၾကာင္း သိရွိရသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေရး ပါတီမ်ား၏ ပါတီဝင္အင္အား၊ ပါတီပိုင္ရန္ပုံေငြႏွင့္ပစၥည္းမ်ား စုေဆာင္းျခင္း၊ ထိန္းသိမ္းျခင္း၊ သုံးစြဲျခင္း၊ စစ္ေဆးျခင္းႏွင့္ စာရင္းရွင္းလင္းဖ်က္သိမ္းျခင္း၊ ပါတီဆိုင္ရာလုပ္ငန္းမ်ားအား စနစ္တက် ေဆာင္႐ြက္ထားျခင္း ရွိ၊ မရွိ တို႔ကိုစစ္ေဆးေဆာင္႐ြက္ခဲ့သည္ဟု ေျပာဆိုထားသည္။

၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္မွ ၁၈ ရက္ေန႔အထိ ရန္ကုန္တိုင္းေဒသႀကီး အေျခစိုက္ပါတီမ်ားျဖစ္ေသာ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ ၈၈ မ်ိဳးဆက္ေက်ာင္းသား လူငယ္မ်ား ( ျပည္ေထာင္စုျမန္မာႏိုင္ငံ )၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီႏွင့္ ရွမ္းတိုင္းရင္းသား မ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီတို႔ကိုစစ္ေဆးသြားရန္ရွိသည့္အေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အဆိုပါ ပါတီမ်ားအား အသိေပးအေၾကာင္းၾကားထားသည္ဟုသိရသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ႏိုင္ငံေရးပါတီမ်ား၏ ပါတီဝင္အင္အား၊ ပါတီပိုင္ရန္ပုံေငြႏွင့္ပစၥည္းမ်ား စုေဆာင္းျခင္း၊ ထိန္းသိမ္း ျခင္း၊ သုံးစြဲျခင္း၊ စစ္ေဆးျခင္းႏွင့္ စာရင္းရွင္းလင္းဖ်က္သိမ္းျခင္း၊ ပါတီဆိုင္ရာလုပ္ငန္းမ်ားအား ဥပေဒႏွင့္ အညီ စနစ္တက် ေဆာင္႐ြက္ထားျခင္း ရွိ၊ မရွိ တို႔ကိုစစ္ေဆးေဆာင္႐ြက္လ်က္ရွိရာတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္မ်ား ဦးေဆာင္ၿပီး စာရင္းစစ္ခ်ဳပ္႐ုံး၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနႏွင့္ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာနတို႔မွ ဌာန ဆိုင္ရာ ကိုယ္စားလွယ္မ်ားပါဝင္သည့္ စစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ စစ္ေဆးခဲ့ရာ ကခ်င္ျပည္နယ္ အေျခစိုက္ပါတီ ၅ ပါတီ၊ ကရင္ျပည္နယ္အေျခစိုက္ပါတီ ၂ ပါတီ၊ စစ္ကိုင္းတိုင္းေဒသႀကီး အေျခစိုက္ ပါတီ ၂ ပါတီ၊ တနသၤာရီတိုင္းေဒသႀကီးအေျခစိုက္ပါတီ ၁ ပါတီ၊ ပဲခူးတိုင္းေဒသႀကီးအေျခစိုက္ပါတီ ၃ ပါတီ၊ မႏၲေလးတိုင္းေဒသႀကီးအေျခစိုက္ပါတီ ၂ ပါတီ၊ မြန္ျပည္နယ္အေျခစိုက္ပါတီ ၃ ပါတီ၊ ရခိုင္ျပည္နယ္ အေျခစိုက္ပါတီ ၇ ပါတီ၊ ရန္ကုန္တိုင္းေဒသႀကီးအေျခစိုက္ပါတီ ၂၄ ပါတီ၊ ရွမ္းျပည္နယ္အေျခစိုက္ ပါတီ ၁၃ ပါတီ၊ ဧရာဝတီတိုင္းေဒသႀကီးအေျခစိုက္ပါတီ ၁ ပါတီႏွင့္ ျပည္ေထာင္စုနယ္ေျမအေျခစိုက္ ပါတီ ၄ ပါတီ၊ စုစုေပါင္း ႏိုင္ငံေရးပါတီ ၆၇ ပါတီကို စစ္ေဆးခဲ့ၿပီး ျဖစ္သည္ဟုသိရသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တြင္ မွတ္ပုံတင္ထားရွိသည့္ ႏိုင္ငံေရးပါတီေပါင္း ၉၂ ပါတီရွိသည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here