ကော့ကရိတ်မြို့နယ်ရှိ အာရှလမ်းမကြီးတွင် သံ တိုသံစတင်တွဲကားတိမ်းမှောက် နှစ်ဦးဒဏ်ရာရ

0
147

(Unicode)

ကော့ကရိတ်မြို့နယ်ရှိ အာရှလမ်းမကြီးတွင် သံ တိုသံစတင်တွဲကားတိမ်းမှောက် နှစ်ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ အာရှလမ်း မကြီး၏ ကွမ်းခြံကွေ့ကုန်းအဆင်းတွင် ဖေဖော်ဝါ ရီ ၁၈ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီခွဲခန့်က သံ တိုသံစများတင်ဆောင်လာသည့် တွဲကားတစ်စီးတိမ်းမှောက်ခဲ့သည်ဟု သင်္ဃန်းညီနောင်(မြို့သစ်) လူမှုကူညီရေးအသင်းမှ သိရသည်။

“ပြီးခဲ့တဲ့ရက်ကမှ ပြောင်းတင်တွဲကားမှောက်တဲ့နေရာမှာပဲထပ်မှောက်တာ ကားကတော့ အတော်ပျက်စီးသွားတာပဲ ကားမောင်းတဲ့လူနဲ့စပယ်ယာကတော့ ဒဏ်ရာပဲရသွားတယ်”ဟုသင်္ဃန်းညီ နောင်(မြို့သစ်)လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကပြောသည်။

အဆိုပါ သံတိုသံစများတင်ဆောင်လာသည့် တွဲကားသည် ကော့ကရိတ်မြို့ဘက်မှမြဝတီမြို့ဘက်သို့ အောင်းနှင်လာစဥ် ကွမ်းခြံကွေ့ကုန်းဆင်းအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းအတွင်းသို့ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ် သည်။

တွဲကားတိမ်းမှောက်မှုကြောင့် ကားမောင်းသူမှာစိုးရိမ်ရဒဏ်ရာများနှင့်ကားစပယ်ယာဖြစ်သူတွင် မစိုးရိမ်ရဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။

Photo-သင်္ဃန်းညီနောင်(မြို့သစ်)လူမှုကူညီရေးအဖွဲ့

(Zawgyi)

ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ အာရွလမ္းမႀကီးတြင္ သံ တိုသံစတင္တြဲကားတိမ္းေမွာက္ ႏွစ္ဦးဒဏ္ရာရ

ကရင္ျပည္နယ္၊ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ အာရွလမ္း မႀကီး၏ ကြမ္းၿခံေကြ႕ကုန္းအဆင္းတြင္ ေဖေဖာ္ဝါ ရီ ၁၈ ရက္(ယေန႔)မြန္းတည့္ ၁၂ နာရီခြဲခန္႔က သံ တိုသံစမ်ားတင္ေဆာင္လာသည့္ တြဲကားတစ္စီးတိမ္းေမွာက္ခဲ့သည္ဟု သဃၤန္းညီေနာင္(ၿမိဳ႕သစ္) လူမႈကူညီေရးအသင္းမွ သိရသည္။

“ၿပီးခဲ့တဲ့ရက္ကမွ ေျပာင္းတင္တြဲကားေမွာက္တဲ့ေနရာမွာပဲထပ္ေမွာက္တာ ကားကေတာ့ အေတာ္ပ်က္စီးသြားတာပဲ ကားေမာင္းတဲ့လူနဲ႔စပယ္ယာကေတာ့ ဒဏ္ရာပဲရသြားတယ္”ဟုသဃၤန္းညီ ေနာင္(ၿမိဳ႕သစ္)လူမႈကူညီေရးအသင္း ဥကၠ႒ကေျပာသည္။

အဆိုပါ သံတိုသံစမ်ားတင္ေဆာင္လာသည့္ တြဲကားသည္ ေကာ့ကရိတ္ၿမိဳ႕ဘက္မွျမဝတီၿမိဳ႕ဘက္သို႔ ေအာင္းႏွင္လာစဥ္ ကြမ္းၿခံေကြ႕ကုန္းဆင္းအေရာက္ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးေျမာင္းအတြင္းသို႔ထိုးက်တိမ္းေမွာက္ခဲ့ျခင္းျဖစ္ သည္။

တြဲကားတိမ္းေမွာက္မႈေၾကာင့္ ကားေမာင္းသူမွာစိုးရိမ္ရဒဏ္ရာမ်ားႏွင့္ကားစပယ္ယာျဖစ္သူတြင္ မစိုးရိမ္ရဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ျမဝတီခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ခဲ့ရသည္။

Photo-သဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကူညီေရးအဖြဲ႕


LEAVE A REPLY

Please enter your comment!
Please enter your name here