ရန်ကုန်ကြည့်မြင်တိုင်ငါးစျေးဆိပ်ကမ်းအနီး ငါးစက်လှေတစ်စီး ဓါးပြတိုက်ခံရ

0
337

(Unicode)

ရန်ကုန်ကြည့်မြင်တိုင်ငါးစျေးဆိပ်ကမ်းအနီး ငါးစက်လှေတစ်စီး ဓါးပြတိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးစျေးအနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်အစောပိုင်းက ငါးစက်လှေတစ်စီးဓါးပြတိုက်ခံရမှုဖြစ်စဥ်ဖြစ်ပွားခဲ့​သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှသိရသည်။

ယနေ့ နံနက်၃နာရီ မိနစ် ၅၀ အချိန်တွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကာထန်းတပင်မြို့နယ်မှ ဗဟိုစံပြငါးဈေးသို့ ငါး၊ပုဇွန်များရောင်းချရန်လာသောစိန်၀င်းခိုင်အမည်ရှိငါးစက်လှေ ဓါးမြတိုက်ခံရခြင်းဖြစ်သည်။

“ငါးဈေးကမ်းနားအနီးမှာ အဲ့စက်လှေက ရပ်နေတာကိုလူ(၁၅)ဦးလောက်က တုတ်/ဓါးတွေနဲ့ ဓါးပြတိုက်တာ၊စက်လှေ(၂)စီးနဲ့လာတိုက်တာ။ဒီဘက်က ၉ယောက်နဲ့ ပစ္စည်းတွေမပါသွားဖို့ ကာကွယ်တာမရခဲ့ဘူး။ပုဇွန် ၁၀သိန်းတန်ဖိုးနဲ့ငွေသား၄သိန်းပါသွားတယ်လို့သိရတယ်”ဟု လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူကပြောပြသည်။

ငါးစက်လှေလုပ်သားတစ်ဦးကလည်း လူမိုက်များဖြစ်သည်ဟု ပြောသည်။

အဆိုပါဖြစ်စဥ်တွင်ဓါးပြတိုက်သူများကစက်လှေပေါ်ပါလုပ်သားများအားရိုက်နှက်ထိုးခုတ်မှုကြောင့်ငါးစက်လှေပေါ်ပါ(၈)ဦးတွင် ဒဏ်ရာများရရှိခဲ့၍ ဆေးရုံတက်ကုသနေရသည်ဟုသိရသည်။

(Zawgyi)

ရန္ကုန္ၾကည့္ျမင္တိုင္ငါးေစ်းဆိပ္ကမ္းအနီး ငါးစက္ေလွတစ္စီး ဓါးျပတိုက္ခံရ

ရန္ကုန္တိုင္းေဒသႀကီး၊ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ဗဟိုစံျပငါးေစ်းအနီးတြင္ ယေန႔ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ နံနက္အေစာပိုင္းက ငါးစက္ေလွတစ္စီးဓါးျပတိုက္ခံရမႈျဖစ္စဥ္ျဖစ္ပြားခဲ့​သည္ဟု ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွသိရသည္။

ယေန႔ နံနက္၃နာရီ မိနစ္ ၅၀ အခ်ိန္တြင္ ျဖစ္ပြါးခဲ့ျခင္းျဖစ္ကာထန္းတပင္ၿမိဳ႕နယ္မွ ဗဟိုစံျပငါးေဈးသို႔ ငါး၊ပုဇြန္မ်ားေရာင္းခ်ရန္လာေသာစိန္၀င္းခိုင္အမည္ရွိငါးစက္ေလွ ဓါးျမတိုက္ခံရျခင္းျဖစ္သည္။

“ငါးေဈးကမ္းနားအနီးမွာ အဲ့စက္ေလွက ရပ္ေနတာကိုလူ(၁၅)ဦးေလာက္က တုတ္/ဓါးေတြနဲ႔ ဓါးျပတိုက္တာ၊စက္ေလွ(၂)စီးနဲ႔လာတိုက္တာ။ဒီဘက္က ၉ေယာက္နဲ႔ ပစၥည္းေတြမပါသြားဖို႔ ကာကြယ္တာမရခဲ့ဘူး။ပုဇြန္ ၁၀သိန္းတန္ဖိုးနဲ႔ေငြသား၄သိန္းပါသြားတယ္လို႔သိရတယ္”ဟု လုံၿခဳံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူကေျပာျပသည္။

ငါးစက္ေလွလုပ္သားတစ္ဦးကလည္း လူမိုက္မ်ားျဖစ္သည္ဟု ေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ဓါးျပတိုက္သူမ်ားကစက္ေလွေပၚပါလုပ္သားမ်ားအား႐ိုက္ႏွက္ထိုးခုတ္မႈေၾကာင့္ငါးစက္ေလွေပၚပါ(၈)ဦးတြင္ ဒဏ္ရာမ်ားရရွိခဲ့၍ ေဆး႐ုံတက္ကုသေနရသည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here