နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်ဖွင့်ရန် စီစဉ်နေဟု ပြန်ကြားရေးဝန်ကြီးဆို

0
178

နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်ဖွင့်ရန် စီစဉ်နေဟု ပြန်ကြားရေးဝန်ကြီးဆို

 

 

နိုင်ငံတကာ လေကြောင်းလိုင်းများကို ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ကိုဗစ်-၁၉ အိုမီခရွန် ကူးစက်ပြန့်ပွားနေသည့်အတွက် ခေတ္တဆိုင်းငံ့ထားခြင်းသာဖြစ်ကြောင်း နစကပြန်ကြားရေးဝန်ကြီးကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဂျပန်နိုင်ငံ Mainichi သတင်းစာမှ သတင်းထောက် Ms. Kana Takagi တို့၏ တွေ့ဆုံမေးမြန်းခန်းတွင် ဝန်ကြီးက အထပ်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခြင်းအား ဖေဖော်ဝါရီ လကုန်အထိ ဆိုင်းငံ့ကာလကို တိုးမြှင့်ထားသည်။

ထိုသို့ ယာယီကန့်သတ် ထားသော်လည်း နေရပ်ကို ပြန်လည် ဝင်ရောက်လာမည့် နိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ၊ ကုန်စည်နှင့် ဆေးပစ္စည်း သယ်ယူပို့ဆောင်သည့်လေယာဉ်ခရီးစဉ်များနှင့် အရေးပေါ် လေယာဉ်ခရီးစဉ် များ စသဖြင့် ခရီးစဉ်များရှိကာခရီးသွားလာမှု သက်သက်ကိုသာ ယာယီကန့်သတ်ထား ခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးဦးမောင်မောင်အုန်းကဆက်ပြောသည်။

နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြုမည့်အချိန်ကာလနှင့် ပတ်သတ်ပြီး ဝန်ကြီးက ပြည်ပနိုင်ငံများနှင့် မိမိတို့နိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်သည့် အနေ အထားများအပေါ်မူတည်ပြီး ပြန်လည် ဖွင့်လှစ်ရန် စီမံဆောင်ရွက်သွားမည်ဟုပြောသည်။

zaw Gyi

ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ား ျပန္ဖြင့္ရန္ စီစဥ္ေနဟု ျပန္ၾကားေရးဝန္ႀကီးဆို

ႏိုင္ငံတကာ ေလေၾကာင္းလိုင္းမ်ားကို ျပန္လည္ဖြင့္လွစ္ရန္ ေဆာင္႐ြက္လ်က္ရွိၿပီး လက္ရွိအခ်ိန္တြင္ ကိုဗစ္-၁၉ အိုမီခ႐ြန္ ကူးစက္ျပန႔္ပြားေနသည့္အတြက္ ေခတၱဆိုင္းငံ့ထားျခင္းသာျဖစ္ေၾကာင္း နစကျပန္ၾကားေရးဝန္ႀကီးကေျပာသည္။

ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းႏွင့္ ဂ်ပန္ႏိုင္ငံ Mainichi သတင္းစာမွ သတင္းေထာက္ Ms. Kana Takagi တို႔၏ ေတြ႕ဆုံေမးျမန္းခန္းတြင္ ဝန္ႀကီးက အထပ္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

လက္ရွိျမန္မာႏိုင္ငံတြင္ ႏိုင္ငံတကာ ခရီးသည္တင္ေလယာဥ္မ်ား ပ်ံသန္းေျပးဆြဲျခင္းအား ေဖေဖာ္ဝါရီ လကုန္အထိ ဆိုင္းငံ့ကာလကို တိုးျမႇင့္ထားသည္။

ထိုသို႔ ယာယီကန႔္သတ္ ထားေသာ္လည္း ေနရပ္ကို ျပန္လည္ ဝင္ေရာက္လာမည့္ ႏိုင္ငံသားမ်ားႏွင့္ ႏိုင္ငံျခားသားမ်ားအတြက္ ကယ္ဆယ္ေရးေလယာဥ္ခရီးစဥ္မ်ား၊ ကုန္စည္ႏွင့္ ေဆးပစၥည္း သယ္ယူပို႔ေဆာင္သည့္ေလယာဥ္ခရီးစဥ္မ်ားႏွင့္ အေရးေပၚ ေလယာဥ္ခရီးစဥ္ မ်ား စသျဖင့္ ခရီးစဥ္မ်ားရွိကာခရီးသြားလာမႈ သက္သက္ကိုသာ ယာယီကန႔္သတ္ထား ျခင္းျဖစ္သည္ဟုလည္း ဝန္ႀကီးဦးေမာင္ေမာင္အုန္းကဆက္ေျပာသည္။

ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ား ျပန္လည္ေျပးဆြဲခြင့္ျပဳမည့္အခ်ိန္ကာလႏွင့္ ပတ္သတ္ၿပီး ဝန္ႀကီးက ျပည္ပႏိုင္ငံမ်ားႏွင့္ မိမိတို႔ႏိုင္ငံတြင္ ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္သည့္ အေန အထားမ်ားအေပၚမူတည္ၿပီး ျပန္လည္ ဖြင့္လွစ္ရန္ စီမံေဆာင္႐ြက္သြားမည္ဟုေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here