ရန်ကုန် သာကေတမြို့နယ် ၇ စျေးတွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

0
226

ရန်ကုန် သာကေတမြို့နယ် ၇ စျေးတွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

ရန်ကုန်မြို့၊သာကေတမြို့နယ်၊မြင်တော်သာလမ်း၊ ၇ ရပ်ကွက်၏ ၇ စျေးတွင် ယနေ့မွန်းတည့် ၁၂ နာရီ ၅၈ မိနစ်က Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်စဥ်အား သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ၊ရပ်ကွက်နေသူများနှင့်စျေးသူ၊စျေးသားများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်ခဲ့သော်လည်း မီးထိန်းနိုင်မှုမရှိသဖြင့် နေ့လည် ၁ နာရီ ၂၃ မိနစ်၌ Level 2 မီးသတ်ယာဥ်အုပ်စုများမှဆက်လက်ထွက်ခွာငြိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

Level 2 အဆင့်ဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် နေ့လည် ၁ နာရီခွဲ၌ မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ ၃၇ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

“မီးလောင်တဲ့အကြောင်းရင်းနဲ့ဆုံးရှုံးမှုကတော့ ချက်ခြင်းမသိနိုင်သေးဘူး စစ်ဆေးပြီးမှသိရမှာပဲ စျေးသည်တစ်ချို့ပြောတာကတော့ ဝါယာရှော့ဖြစ်တာကနေစလောင်တာလို့ပြောတယ် သို့သော် မီးသတ်ကလောင်တဲ့အကြောင်းရင်းကိုသေချာစစ်ပြီးတော့မှသာအတိအကျသိရမှာပါ ဆိုင်တွေကတော့ အတော်မီးလောင်ပျက်စီးကုန်တာပေါ့”ဟု မီးလောင်ပြင်၌ကူညီငြိမ်းသတ်ခဲ့သည့် လူမှုကူညီရေးအသင်းဝင်ကိုရဲကြီးကပြောသည်။

Zaw gyi

ရန်ကုန် သာကေတမြို့နယ် ၇ ဈေးတွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

ရန်ကုန်မြို့၊သာကေတမြို့နယ်၊မြင်တော်သာလမ်း၊ ၇ ရပ်ကွက်၏ ၇ ဈေးတွင် ယနေ့မွန်းတည့် ၁၂ နာရီ ၅၈ မိနစ်က Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်စဉ်အား သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ၊ရပ်ကွက်နေသူများနှင့်ဈေးသူ၊ဈေးသားများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။



“မီးလောင်တဲ့အကြောင်းရင်းနဲ့ဆုံးရှုံးမှုကတော့ ချက်ခြင်းမသိနိုင်သေးဘူး စစ်ဆေးပြီးမှသိရမှာပဲ ဈေးသည်တစ်ချို့ပြောတာကတော့ ဝါယာရှော့ဖြစ်တာကနေစလောင်တာလို့ပြောတယ် သို့သော် မီးသတ်ကလောင်တဲ့အကြောင်းရင်းကိုသေချာစစ်ပြီးတော့မှသာအတိအကျသိရမှာပါ ဆိုင်တွေကတော့ အတော်မီးလောင်ပျက်စီးကုန်တာပေါ့”ဟု မီးလောင်ပြင်၌ကူညီငြိမ်းသတ်ခဲ့သည့် လူမှုကူညီရေးအသင်းဝင်ကိုရဲကြီးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here