ရခိုင်ပြည်နယ်တွင် အိုမီခရွန်ပိုးကူးစက်မှုများလာ၍ လေယာဉ်စီးခရီးသည်များအပြင် ရေကြောင်းအသုံးပြုခရီးသည်များ၊ကားစီးမည့်ခရီးသည်များလည်း ကိုဗစ်စစ်ရမည်

0
105

ရခိုင်ပြည်နယ်တွင် အိုမီခရွန်ပိုးကူးစက်မှုများလာ၍ လေယာဉ်စီးခရီးသည်များအပြင် ရေကြောင်းအသုံးပြုခရီးသည်များ၊ကားစီးမည့်ခရီးသည်များလည်း ကိုဗစ်စစ်ရမည်

ရခိုင်ပြည်နယ်တွင် အိုမီခရွန်ပိုးကူးစက်မှုများလာ၍ လေယာဉ်စီးခရီးသည်များအပြင် ရေကြောင်းအသုံးပြုခရီးသည်များ၊ကားစီးမည့်ခရီးသည်များလည်း ကိုဗစ်စစ်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အုပ်ချုပ်ရေးကောင်စီတာ၀န်ရှိသူကပြောသည်။

“အရင်က ဆေးနှစ်ခါထိုးပြီးသားဆိုတဲ့ ကတ်ကို ပြရင်ပြီးပြီ။ အဲဒီနောက်မှာ လေယာဉ်စီးသူတွေကို ကိုဗစ် ထပ် စစ်ရတာလုပ်ခဲ့တယ်။ အခုကတော့ ကားဂိတ်တွေ မှာ ကားနဲ့ သွားမယ့် ခရီးသည်တွေ ၊ သင်္ဘောဆိပ် မှာ သင်္ဘောစီးမယ့် ခရီးသည် တွေကိုလည်း နှာခေါင်းထိုးပြီး ကိုဗစ် စစ်ဖို့ ၊ပြီးတော့ နှာခေါင်းစည်းတပ်ဖို့စီစဉ်နေပါတယ်”ဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်က စ၍ လေယာဉ်စီးမည့် ခရီးသည်များ ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသည် ဖြစ်စေ ၊ မထိုးပြီးသည် ဖြစ်စေ ကိုဗစ်စစ်ဆေးရမည်ဟု ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း၊ယင်းနေ့တွင် လေယာဉ်စီးခရီးသည် ၁ဝ ကျော်နှင့် စစ်တွေတက္ကသိုလ်ဝန်ထမ်း ၅ဝ ကျော်တို့ကို စစ်ဆေးရာ ၉ ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလအစောပိုင်းမှ စ၍ ကိုဗစ်ပိုးတွေ့ရှိမှု ပိုမို မြင့်တက်လာရာ ဖေဖော်ဝါရီလ ၁၈ ရက် ထိ ကိုဗစ်ပိုးတွေ့ရှိသူ ၅,၄၇၁ ဦးနှင့် သေဆုံးသူ ၅ဝ၁ ဦးရှိကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏စာရင်းအရ သိရသည်။

Zaw Gyi

ရခိုင္ျပည္နယ္တြင္ အိုမီခ႐ြန္ပိုးကူးစက္မႈမ်ားလာ၍ ေလယာဥ္စီးခရီးသည္မ်ားအျပင္ ေရေၾကာင္းအသုံးျပဳခရီးသည္မ်ား၊ကားစီးမည့္ခရီးသည္မ်ားလည္း ကိုဗစ္စစ္ရမည္

ရခိုင္ျပည္နယ္တြင္ အိုမီခ႐ြန္ပိုးကူးစက္မႈမ်ားလာ၍ ေလယာဥ္စီးခရီးသည္မ်ားအျပင္ ေရေၾကာင္းအသုံးျပဳခရီးသည္မ်ား၊ကားစီးမည့္ခရီးသည္မ်ားလည္း ကိုဗစ္စစ္ရမည္ျဖစ္ေၾကာင္း ရခိုင္ျပည္နယ္ အုပ္ခ်ဳပ္ေရးေကာင္စီတာ၀န္ရွိသူကေျပာသည္။

“အရင္က ေဆးႏွစ္ခါထိုးၿပီးသားဆိုတဲ့ ကတ္ကို ျပရင္ၿပီးၿပီ။ အဲဒီေနာက္မွာ ေလယာဥ္စီးသူေတြကို ကိုဗစ္ ထပ္ စစ္ရတာလုပ္ခဲ့တယ္။ အခုကေတာ့ ကားဂိတ္ေတြ မွာ ကားနဲ႔ သြားမယ့္ ခရီးသည္ေတြ ၊ သေဘၤာဆိပ္ မွာ သေဘၤာစီးမယ့္ ခရီးသည္ ေတြကိုလည္း ႏွာေခါင္းထိုးၿပီး ကိုဗစ္ စစ္ဖို႔ ၊ၿပီးေတာ့ ႏွာေခါင္းစည္းတပ္ဖို႔စီစဥ္ေနပါတယ္”ဟု ျပည္နယ္ေကာင္စီေျပာခြင့္ရသူ ျပည္နယ္ဥပေဒခ်ဳပ္ ဦးလွသိန္းကေျပာသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၅ ရက္က စ၍ ေလယာဥ္စီးမည့္ ခရီးသည္မ်ား ကာကြယ္ေဆး ႏွစ္ႀကိမ္ ထိုးၿပီးသည္ ျဖစ္ေစ ၊ မထိုးၿပီးသည္ ျဖစ္ေစ ကိုဗစ္စစ္ေဆးရမည္ဟု က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့ေၾကာင္း၊ယင္းေန႔တြင္ ေလယာဥ္စီးခရီးသည္ ၁ဝ ေက်ာ္ႏွင့္ စစ္ေတြတကၠသိုလ္ဝန္ထမ္း ၅ဝ ေက်ာ္တို႔ကို စစ္ေဆးရာ ၉ ဦးတြင္ အိုမီခ႐ြန္ပိုးေတြ႕ရွိခဲ့ေၾကာင္း ျပည္နယ္ေကာင္စီက ထုတ္ျပန္ခဲ့သည္။

ရခိုင္ျပည္နယ္တြင္ ေဖေဖာ္ဝါရီလအေစာပိုင္းမွ စ၍ ကိုဗစ္ပိုးေတြ႕ရွိမႈ ပိုမို ျမင့္တက္လာရာ ေဖေဖာ္ဝါရီလ ၁၈ ရက္ ထိ ကိုဗစ္ပိုးေတြ႕ရွိသူ ၅,၄၇၁ ဦးႏွင့္ ေသဆုံးသူ ၅ဝ၁ ဦးရွိေၾကာင္း ျပည္နယ္ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ၏စာရင္းအရ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here