ငါးရက်အတွင်း လူဦးရေတစ်သောင်းခွဲခန့်၌ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့ဟု ကျန်းမာရေးဝန် ကြီးဌာနထုတ်ပြန်

0
137

ငါးရက်အတွင်း လူဦးရေတစ်သောင်းခွဲခန့်၌ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့ဟု ကျန်းမာရေးဝန် ကြီးဌာနထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၉ ရက်ည ၈ နာရီအထိစာရင်းများအရ ငါးရက်အတွင်း လူဦးရေ ၁၄၀၀၇ ဦး၌ ကိုဗစ်(၁၉)ရောဂါပိုး စစ် ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်မတိုင်မီက နေ့စဥ်ဓာတ်ခွဲစစ် ဆေးချက်များအရ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိမှုမှာ လူဦးရေ ရာဂဏန်းဝန်းကျင်သာ တွေ့ရှိခဲ့ရပြီး ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ဓာတ်ခွဲစစ် ဆေးချက်များအရ ပိုးတွေ့မှုထပ်မံများပြားလာခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ဓာတ်ခွဲနမူနာပေါင်း ၁၅၆၃၆၉ ခုအား စစ်ဆေးရာမှ ကိုဗစ်(၁၉)ရောဂါအတည်ပြုလူနာ ၁၄၀၀၇ ဦးအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ ဖေဖော်ဝါရီ ၁၉ ရက်တွင် အ တည်ပြုလူနာ ၃၀၅၀ ဦး၊ ၁၈ ရက်တွင် ၃၀၅၈ ဦး၊ ၁၇ ရက်တွင် ၂၆၉၂ ဦး၊ ၁၆ ရက်တွင် ၂၇၄၀ ဦးနှင့် ၁၅ ရက်တွင် ၂၄၆၇ ဦး(ငါးရက်အတွင်း ကိုဗစ်(၁၉)‌ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၄၀၀၇ ဦး)ရှိသည်ဟု သိရသည်။

ကိုဗစ်(၁၉)ရောဂါအတည်ပြုလူနာများအား ကျန်း မာရေးဝန်ကြီးဌာနမှ Quarantine Centre များ၌ ထားရှိကာ လိုအပ်သည့်ကုသစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိပြီး နေအိမ်၌နေထိုင်လိုသည့် အတည်ပြုလူနာများလိုက်နာရမည့် သတ်မှတ်ချက်များအား ထုတ်ပြန်အသိပေးထားကာ လို အပ်သည့်ကျန်းမာရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် ခရိုင်အလိုက်ဆက်သွယ်မေးမြန်းနိုင်မည့် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ကြေညာထား သည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here