ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း ပါရှိသူများသာ မန်းရွှေစက်တော်ဘုရား၌ ညအိပ်တည်းခိုခွင့်ပြုမည်

0
186

ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း ပါရှိသူများသာ မန်းရွှေစက်တော်ဘုရား၌ ညအိပ်တည်းခိုခွင့်ပြုမည်

မကွေးတိုင်း၊မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၌ ညအိပ်တည်းခိုလိုသည့် ဘု ရားဖူးသူများသည် အထက်ပါ အချက်အ လက်များပါရှိမှသာ ညအိပ်တည်းခိုခွင့်ရမည်ဖြစ် သည်ဟု မန်းရွှေစက် တော်ဘုရားဂေါပကအဖွဲ့မှ သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား တပိုတွဲလ ဆန်း ၅ ရက်နေ့မှစတင်၍ ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိပြီး ဘုရားဖူးလာသူများအား ဖူးမြှော်ခွင့်ပြုထား သည်။

ထိုသို့ ဘုရားဖူးမြှော်ခွင့်ပြုထားသော်လည်း မန်းချောင်းအနီး၌ဖွင့်လှစ်ထားသည့် တည်းခိုဆောင်အလုံး ၉၀ ကျော်တွင် ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်မပြုဘဲ နေ့ဘက်သာတည်းခိုခွင့်ပြုထားသည်ဟု သိရသည်။

ညအိပ်တည်းခိုလိုသည့် ဘုရားဖူးများသည် မန်းရွှေစက်တော်ဘုရားအနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ဓမ္မာရုံများ၊သာသနိကအဆောက်အဦးများ၌ ညအိပ်တည်းခိုနိုင်သည်ဟု ဂေါပကအဖွဲ့မှသိရသည်။

ထိုသို့ ညအိပ်တည်းခိုရာတွင် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊မှတ်ပုံ တင်နှင့်အိမ်ထောင်စုစာရင်းများပြသ၍ ဧည့်စာ ရင်းတိုင်ကြားပြီးမှသာ ညအိပ်တည်းခိုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဘုရားဖူးများသည် ခြေတော်ရာအား ရွှေသင်္ကန်း ကပ်ခြင်း၊ဆီမီး၊ပန်း၊ရေချမ်းကပ်လှူခြင်း၊ နဂါးစားကျွေးခြင်း၊ငါးလွှတ်ခြင်းနှင့်မန်းချောင်းအ တွင်းရေချိုးအပန်းဖြေခြင်းများရှိသည်။

zaw gyi

ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထိုးၿပီးေၾကာင္းလက္မွတ္၊မွတ္ပုံတင္ႏွင့္အိမ္ေထာင္စုစာရင္း ပါရွိသူမ်ားသာ မန္းေ႐ႊစက္ေတာ္ဘုရား၌ ညအိပ္တည္းခိုခြင့္ျပဳမည္

မေကြးတိုင္း၊မင္းဘူးခ႐ိုင္၊မင္းဘူး(စကု)ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရား၌ ညအိပ္တည္းခိုလိုသည့္ ဘု ရားဖူးသူမ်ားသည္ အထက္ပါ အခ်က္အ လက္မ်ားပါရွိမွသာ ညအိပ္တည္းခိုခြင့္ရမည္ျဖစ္ သည္ဟု မန္းေ႐ႊစက္ ေတာ္ဘုရားေဂါပကအဖြဲ႕မွ သိရသည္။

မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္အား တပိုတြဲလ ဆန္း ၅ ရက္ေန႔မွစတင္၍ ကိုဗစ္(၁၉) စည္းကမ္းခ်က္မ်ားႏွင့္အညီ က်င္းပလ်က္ရွိၿပီး ဘုရားဖူးလာသူမ်ားအား ဖူးေျမႇာ္ခြင့္ျပဳထား သည္။

ထိုသို႔ ဘုရားဖူးေျမႇာ္ခြင့္ျပဳထားေသာ္လည္း မန္းေခ်ာင္းအနီး၌ဖြင့္လွစ္ထားသည့္ တည္းခိုေဆာင္အလုံး ၉၀ ေက်ာ္တြင္ ဘုရားဖူးမ်ားအား ညအိပ္တည္းခိုခြင့္မျပဳဘဲ ေန႔ဘက္သာတည္းခိုခြင့္ျပဳထားသည္ဟု သိရသည္။

ညအိပ္တည္းခိုလိုသည့္ ဘုရားဖူးမ်ားသည္ မန္းေ႐ႊစက္ေတာ္ဘုရားအနီးတဝိုက္ရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ဓမၼာ႐ုံမ်ား၊သာသနိကအေဆာက္အဦးမ်ား၌ ညအိပ္တည္းခိုႏိုင္သည္ဟု ေဂါပကအဖြဲ႕မွသိရသည္။

ထိုသို႔ ညအိပ္တည္းခိုရာတြင္ သက္ဆိုင္ရာရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားထံ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထိုးၿပီးေၾကာင္းလက္မွတ္၊မွတ္ပုံ တင္ႏွင့္အိမ္ေထာင္စုစာရင္းမ်ားျပသ၍ ဧည့္စာ ရင္းတိုင္ၾကားၿပီးမွသာ ညအိပ္တည္းခိုခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။

ဘုရားဖူးမ်ားသည္ ေျခေတာ္ရာအား ေ႐ႊသကၤန္း ကပ္ျခင္း၊ဆီမီး၊ပန္း၊ေရခ်မ္းကပ္လႉျခင္း၊ နဂါးစားေကြၽးျခင္း၊ငါးလႊတ္ျခင္းႏွင့္မန္းေခ်ာင္းအ တြင္းေရခ်ိဳးအပန္းေျဖျခင္းမ်ားရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here