ရန်ကုန် ဒဂုံမြောက်ပိုင်းရှိ ထားဝယ်ချောင်နယ်မြေရဲစခန်း ဗုံးဖြင့်ပစ်ခတ်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့

0
197

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၉ ရပ်ကွက်ရှိ ထားဝယ်ချောင်နယ်မြေရဲစခန်းအား ဖေဖော်ဝါရီ ၁၉ ရက်ည ၇ နာရီခန့်က ဗုံးဖြင့်ပစ် ခတ်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

“ပထမ ဗုံးပေါက်သံတွေကြားရပြီး သေနတ်ပစ်သံတွေဆက်တိုက်ကြားရတာ ကျွန်တော်ကအဲ့အချိန်အပြင်မှာရှိတယ် ဗုံးပေါက်သံကြားတာနဲ့ဘယ်မှာပေါက်တာလဲ စုံစမ်းမလို့လုပ်တုန်းသေ နတ်သံတွေကြားတာနဲ့အိမ်ထဲဝင်ပြေးနေလိုက်ရတယ်”ဟု ၄၉ ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ထားဝယ်ချောင်နယ်မြေရဲစခန်းအား ဗုံးသီးဖြင့် ပစ်ခတ်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရဲစခန်း ၏အနောက်ဘက်ခြမ်း၌ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“ဒဏ်ရာရတာရှိ၊မရှိကိုတော့ ကျွန်တော်တို့လည်း မသိဘူး လူနာတင်ကားလာတဲ့အသံလည်း မကြားရတဲ့အတွက် သေချာမသိတာ”ဟု ၄၉ ရပ်ကွက်နေသူတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်ပြီးချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များက ၄၉ ရပ်ကွက်အတွင်းနှင့်အနီးပတ်ဝန်းကျင်အား လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ထားဝယ်ချောင်ရဲကင်းစခန်းတိုက်ခိုက်မှုဖြစ်စဥ်အား Spring Brothers Force နှင့် People’s Force တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

zaw gyi

LEAVE A REPLY

Please enter your comment!
Please enter your name here