ICJ ကမြန်မာအမှု ဖေဖော်ဝါရီ၂၁ရက်တွင် ပြန်လည်ကြားနာမည်

0
98

ICJ ကမြန်မာအမှု ဖေဖော်ဝါရီ၂၁ရက်တွင် ပြန်လည်ကြားနာမည်

မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် ပတ်သက်သော အမှုကိစ္စ ကြားနာမှုများအား ပြန်လည်စတင်တော့မည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံးက ကြားနာမှုအား ၄ ရက်ကြာဆောင်ရွက်မည်ဖြစ်သည်။

၂၀၁၂ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုံးအောင်ဆောင်ရွက်သည်ဆိုပြီး ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားကာ မြန်မာနိုင်ငံကို တရားစွဲထားခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ်ကပြုလုပ်သော ကြားနာမှုတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ခုခံချေပထားမှုရှိခဲ့သည်။

အခုကြားနာမှုက ICJ နိုင်ငံတကာတရားရုံးအနေဖြင့် လက်ခံစစ်ဆေးဖို့ သင့်မသင့်ကို ပဏာမအဆင့်ကြားနာမည်ဟုသိရသည်။

နစကဘက်က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားရင်ဆိုင်ရန်
နစက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တို့ ဦးဆောင်သည့်အဖွဲ့အား စေလွှတ်ထားသည်။

နစကနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်လည်း နေပြည်တော်မှတဆင့် အွန်လိုင်းဖြင့် ကြားနာပွဲတက်ရောက်ရန်ရှိသည်ဟုလည်းသိရသည်။

နစကပြောရေးဆိုခွင့်ရှိသူက ဗိုလ်ချုပ်ဇော်မင်းထွန်းကအပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)အနေဖြင့် နစကကိုယ်စားရင်ဆိုင်မည့် Agent နှင့် Alternate Agent ကို လက်ခံကြောင်းအကြောင်းကြားလာ၍ နစကဝန်ကြီးများအဖွဲ့ သည်ဟိဂ်သို့ သွားရောက်ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

Zaw Gyi

ICJ ကျမန္မာအမႈ ေဖေဖာ္ဝါရီ၂၁ရက္တြင္ ျပန္လည္ၾကားနာမည္

ျမန္မာႏိုင္ငံအေပၚ စြဲဆိုထားသည့္ ႐ိုဟင္ဂ်ာမ်ားအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈႏွင့္ ပတ္သက္ေသာ အမႈကိစၥ ၾကားနာမႈမ်ားအား ျပန္လည္စတင္ေတာ့မည္ျဖစ္သည္။

အျပည္ျပည္ဆိုင္ရာတရား႐ုံးက ၾကားနာမႈအား ၄ ရက္ၾကာေဆာင္႐ြက္မည္ျဖစ္သည္။

၂၀၁၂ ခုႏွစ္ေနာက္ပိုင္း ႐ိုဟင္ဂ်ာမ်ားအေပၚ လူမ်ိဳးတုံးေအာင္ေဆာင္႐ြက္သည္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက စြပ္စြဲထားကာ ျမန္မာႏိုင္ငံကို တရားစြဲထားျခင္းျဖစ္ကာ ၂၀၁၉ ခုႏွစ္ကျပဳလုပ္ေသာ ၾကားနာမႈတြင္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ၿပီး ခုခံေခ်ပထားမႈရွိခဲ့သည္။

အခုၾကားနာမႈက ICJ ႏိုင္ငံတကာတရား႐ုံးအေနျဖင့္ လက္ခံစစ္ေဆးဖို႔ သင့္မသင့္ကို ပဏာမအဆင့္ၾကားနာမည္ဟုသိရသည္။

နစကဘက္က အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)တြင္ တရားရင္ဆိုင္ရန္
နစက အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ဥပေဒေရးရာဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦး တို႔ ဦးေဆာင္သည့္အဖြဲ႕အား ေစလႊတ္ထားသည္။

နစကႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္သည္လည္း ေနျပည္ေတာ္မွတဆင့္ အြန္လိုင္းျဖင့္ ၾကားနာပြဲတက္ေရာက္ရန္ရွိသည္ဟုလည္းသိရသည္။

နစကေျပာေရးဆိုခြင့္ရွိသူက ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကအျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)အေနျဖင့္ နစကကိုယ္စားရင္ဆိုင္မည့္ Agent ႏွင့္ Alternate Agent ကို လက္ခံေၾကာင္းအေၾကာင္းၾကားလာ၍ နစကဝန္ႀကီးမ်ားအဖြဲ႕ သည္ဟိဂ္သို႔ သြားေရာက္ျခင္းျဖစ္သည္ဟု ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here