ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးဦးအား မဲမသမာမှုပုဒ်မဖြင့် စွဲဆိုထားသည့်အမှုစစ်​​​ဆေး

0
206

(Unicode)

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးဦးအား မဲမသမာမှုပုဒ်မဖြင့် စွဲဆိုထားသည့်အမှုစစ်​​​ဆေး

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်မြင့်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့သုံးဦးကို မဲမသမာမှုပြုလုပ်သည်ဟုဆိုကာ စွပ်စွဲထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)အမှုအတွက် ယနေ့ (ဖေဖော်ဝါရီ ၂၁)တွင် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူအချို့ထံမှသိရသည်။

ယင်းသို့စစ်ဆေးမေးမြန်းရာတွင် တရားလိုဘက်ရှေ့နေနှင့် စွပ်စွဲခံရသူဘက်ရှေ့နေအဖွဲ့တို့က တရားလိုပြသက်သေအဖြစ်လာရောက်ထွက်ဆိုသူ ဦးအောင်မျိုးလွင်ကိုအပြန်အလှန်စစ်ဆေးမေးမြန်းခဲ့ကြခြင်းဖြစ်သည်။

စွပ်စွဲခံရသူဘက်ရှေ့နေအဖွဲ့က စစ်ဆေးမေးမြန်းရာတွင် တရားလိုပြသက်သေထွက်ဆိုချက်များနှင့်ပတ်သက်၍ အားရကျေနပ်ဖွယ်အဖြေများ ရရှိခဲ့သည်ဟု ​ရှေ့​နေ အသိုင်း အဝိုင်းနှင့် နီးစပ်သူများထံမှ ကြားသိရသည်။

ယနေ့တွင် တရားလိုပြသက်သေဖြစ်သူ ဦးအောင်မျိုးလွင် တစ်ဦးကိုသာ စစ်ဆေးနိုင်ခဲ့ပြီးနောက် တရားသူကြီးက ဖေဖော်ဝါရီ ၂၈ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့သည်။

ဖေဖော်ဝါရီ၂၈ရက်ရုံးချိန်းတွင် နောက်ထပ်တရားလိုပြတစ်ဦးဖြစ်သူ ဦးဇော်သန်းသင်းဆိုသူကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

​ဒေါ်​အောင်ဆန်းစုကြည် ၊ ဦး ဝင်းမြင့် နှင့် ဦး မင်းသူတို့ သုံးဦးစလုံး ကျန်းမာရေး ကောင်းမွန်သည်ကို တွေ့ရှိရသည်ဟုဆိုသည်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ သုံးဦးအား မဲမသမာမႈပုဒ္မျဖင့္ စြဲဆိုထားသည့္အမႈစစ္​​​ေဆး

ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္ျမင့္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးမင္းသူတို႔သုံးဦးကို မဲမသမာမႈျပဳလုပ္သည္ဟုဆိုကာ စြပ္စြဲထားေသာ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၃၀(က)အမႈအတြက္ ယေန႔ (ေဖေဖာ္ဝါရီ ၂၁)တြင္ တရားလိုျပသက္ေသတစ္ဦးကို စစ္ေဆးေမးျမန္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူအခ်ိဳ႕ထံမွသိရသည္။

ယင္းသို႔စစ္ေဆးေမးျမန္းရာတြင္ တရားလိုဘက္ေရွ႕ေနႏွင့္ စြပ္စြဲခံရသူဘက္ေရွ႕ေနအဖြဲ႕တို႔က တရားလိုျပသက္ေသအျဖစ္လာေရာက္ထြက္ဆိုသူ ဦးေအာင္မ်ိဳးလြင္ကိုအျပန္အလွန္စစ္ေဆးေမးျမန္းခဲ့ၾကျခင္းျဖစ္သည္။

စြပ္စြဲခံရသူဘက္ေရွ႕ေနအဖြဲ႕က စစ္ေဆးေမးျမန္းရာတြင္ တရားလိုျပသက္ေသထြက္ဆိုခ်က္မ်ားႏွင့္ပတ္သက္၍ အားရေက်နပ္ဖြယ္အေျဖမ်ား ရရွိခဲ့သည္ဟု ​ေရွ႕​ေန အသိုင္း အဝိုင္းႏွင့္ နီးစပ္သူမ်ားထံမွ ၾကားသိရသည္။

ယေန႔တြင္ တရားလိုျပသက္ေသျဖစ္သူ ဦးေအာင္မ်ိဳးလြင္ တစ္ဦးကိုသာ စစ္ေဆးႏိုင္ခဲ့ၿပီးေနာက္ တရားသူႀကီးက ေဖေဖာ္ဝါရီ ၂၈ ရက္သို႔ ႐ုံးခ်ိန္းျပန္လည္ခ်ိန္းဆိုခဲ့သည္။

ေဖေဖာ္ဝါရီ၂၈ရက္႐ုံးခ်ိန္းတြင္ ေနာက္ထပ္တရားလိုျပတစ္ဦးျဖစ္သူ ဦးေဇာ္သန္းသင္းဆိုသူကို ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

​ေဒၚ​ေအာင္ဆန္းစုၾကည္ ၊ ဦး ဝင္းျမင့္ ႏွင့္ ဦး မင္းသူတို႔ သုံးဦးစလုံး က်န္းမာေရး ေကာင္းမြန္သည္ကို ေတြ႕ရွိရသည္ဟုဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here