မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကျေးရုံးမီးလောင်မှုဖြစ် ရုံးတစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့

0
177

(Unicode)

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကျေးရုံးမီးလောင်မှုဖြစ် ရုံးတစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(ခ)ရပ်ကွက်ရှိ ရပ်ကျေးရုံးတွင် ယနေ့နံနက် ၄ နာရီခန့်က မီး လောင်မှုဖြစ်ပွားခဲ့သဖြင့် ရုံးအဆောက်အဦးတစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

“ရှို့မီးလို့တော့သိရတာပါ၊ အတိအကျတော့မသိဘူးပေါ့ ၊ တစ်ရုံးလုံးကတော့ပြာကျသွားတာပဲ၊ ရပ်ကွက်ကလူတွေ မီးသတ်တွေဝိုင်းငြိမ်းပေမယ့် မရတော့ဘူး” ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

အဆိုပါ ရပ်ကျေးရုံးသည် ယခင်ကလည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့် ရပ်ကျေးရုံးဖြစ်ကာ ယနေ့၌မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် ပေ ၃၀ ပေ ၂၀ သွပ်မိုး၊ထရံ ကာ သမံတလင်းခင်း ရပ်ကျေးရုံးအဆောက်အ ဦး မီးလောင်ဆုံးရှုံးခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

“မီးလောင်တဲ့အကြောင်းရင်းကိုတော့ မီးသတ်ကစစ်ဆေးနေတာပဲ ကျွန်တော်တို့လည်းသေချာမသိဘူးပေါ့ သေချာတာတစ်ခုကတော့ တစ်ရုံးလုံးပြာကျသွားတယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်နှင့်အောင် မြေသာစံမြို့နယ်တို့ရှိ ရပ်ကျေးရုံးနှစ်ရုံးလည်း ၂၀၂၁ ခုနှစ်အတွင်းက မီးလောင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

(Zawgyi)

မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ရပ္ေက်း႐ုံးမီးေလာင္မႈျဖစ္ ႐ုံးတစ္ခုလုံးပ်က္စီးဆုံးရႈံးခဲ့

မႏၲေလးၿမိဳ႕၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊(ခ)ရပ္ကြက္ရွိ ရပ္ေက်း႐ုံးတြင္ ယေန႔နံနက္ ၄ နာရီခန္႔က မီး ေလာင္မႈျဖစ္ပြားခဲ့သျဖင့္ ႐ုံးအေဆာက္အဦးတစ္ခုလုံးပ်က္စီးဆုံးရႈံးခဲ့သည္ဟု ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

“ရႈိ႕မီးလို႔ေတာ့သိရတာပါ၊ အတိအက်ေတာ့မသိဘူးေပါ့ ၊ တစ္႐ုံးလုံးကေတာ့ျပာက်သြားတာပဲ၊ ရပ္ကြက္ကလူေတြ မီးသတ္ေတြဝိုင္းၿငိမ္းေပမယ့္ မရေတာ့ဘူး” ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

အဆိုပါ ရပ္ေက်း႐ုံးသည္ ယခင္ကလည္း ဗုံးေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့သည့္ ရပ္ေက်း႐ုံးျဖစ္ကာ ယေန႔၌မီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္သည္။

မီးေလာင္မႈေၾကာင့္ ေပ ၃၀ ေပ ၂၀ သြပ္မိုး၊ထရံ ကာ သမံတလင္းခင္း ရပ္ေက်း႐ုံးအေဆာက္အ ဦး မီးေလာင္ဆုံးရႈံးခဲ့သည္ဟု ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

“မီးေလာင္တဲ့အေၾကာင္းရင္းကိုေတာ့ မီးသတ္ကစစ္ေဆးေနတာပဲ ကြၽန္ေတာ္တို႔လည္းေသခ်ာမသိဘူးေပါ့ ေသခ်ာတာတစ္ခုကေတာ့ တစ္႐ုံးလုံးျပာက်သြားတယ္”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္ႏွင့္ေအာင္ ေျမသာစံၿမိဳ႕နယ္တို႔ရွိ ရပ္ေက်း႐ုံးႏွစ္႐ုံးလည္း ၂၀၂၁ ခုႏွစ္အတြင္းက မီးေလာင္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here