ဒဂုံမြောက်ပိုင်းရှိ ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာကိုပေါက်၏နေအိမ်ချိတ်ပိတ်ခံရ

0
274

(Unicode)

ဒဂုံမြောက်ပိုင်းရှိ ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာကိုပေါက်၏နေအိမ်ချိတ်ပိတ်ခံရ

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၂ ရပ်ကွက်ရှိ ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာကိုပေါက်၏နေအိမ် ဖေဖော်ဝါရီ ၂၁ ရက်ကချိတ်ပိတ်ခံခဲ့ရသည်ဟု သိရသည်။

ကိုပေါက်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က)ဖြင့် အမှုဖွင့်ခံထားရပြီး တိမ်းရှောင်လျက်ရှိသည်။

ထိုသို့ တိမ်းရှောင်နေသဖြင့် ကိုပေါက်ပိုင်ဆိုင်သည့်နေအိမ်အား နစက ၏လုံခြုံရေးအဖွဲ့ဝင်များ၊ရပ်ကျေးအဖွဲ့များနှင့်မြို့နယ်ထွေအုပ်တို့မှ လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

“ဒါရိုက်တာ ကိုပေါက်အိမ်ချိတ်ပိတ်ခံရတာဟုတ်တယ် ဟိုတစ်ခါညဖက် သူတို့အိမ်ကိုသေနတ်နဲ့အချက်ရေများများပစ်ခံရသေးတယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြော သည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here