နေပြည်တော်တွင် တစ်ရက်ထဲနှင့် လူ ၉၀၀နီးပါးအထိ ကိုဗစ်ပိုးတွေ့

0
118

(Unicode)

နေပြည်တော်တွင် တစ်ရက်ထဲနှင့် လူ ၉၀၀နီးပါးအထိ ကိုဗစ်ပိုးတွေ့

နေပြည်တော်(၈)မြို့နယ်မှာ ကိုဗစ်ပိုးတွေ့ရှိမှု ရုတ်တရက်ထိုးတက်သွားပြီး ဖေဖော်ဝါရီ၂၁ရက်ညနေ၆နာရီ ထုတ်ပြန်ချက်အရ တစ်ရက်ထဲမှာပင် ကိုဗစ်ပိုးတွေ့ရှိမှု(၈၉၂)ဦးရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကသိရသည်။

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိမှုအများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း(၇၃၅)ဦးအထိ ရှိခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်တွင်(၈၉)ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင်(၄၀)ဦး၊ ပျဉ်းမနားမြို့နယ်တွင်(၉)ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင်(၈)ဦး၊ တပ်ကုန်းမြို့နယ်တွင်(၄)ဦး၊ ဥတ္တရသီရိမြို့နယ်တွင်(၄)ဦး၊ လယ်ဝေးမြို့နယ်တွင်(၃)ဦး ပိုးတွေ့ရှိခဲ့သည်ဟုသိရသည်။

၂၀၂၂ခုနှစ်ဖေဖော်ဝါရီ၁၉ ရက်ည၈နာရီကနေ ဖေဖော်ဝါရီ၂၀ရက် ည၈နာရီအတွင်းတွေ့ရသော ကိုဗစ်လူနာ (၃၃၀၃)ဦးထဲတွင် နေပြည်တော်၏ပိုးတွေ့ရှိမှုက ကျန်တိုင်းနှင့်ပြည်နယ်များထက် အများဆုံးနေရာတွင်ရှိနေခဲ့သည်။

ပိုးတွေ့မှုနေ့စဉ်ဆက်တိုက်များပြားနေသည့် ရန်ကုန်တိုင်းထက်ပင် ကျော်လွန်သွားသည်ကိုတွေ့ရသည်။

“နေပြည်တော်မှာက ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့သူ များတယ်။ အချို့ဆိုရင် ထပ်ဆောင်းတွေတောင်ထိုးထားကြတာရှိတယ်။ဒီတော့ ဖျားကြနာကြလည်း သိပ်ပြီး ပြင်းထန်တာမျိုးတွေ မတွေ့ရဘူး။၁ရက်၊၂ရက်လောက် ဖျားကြတာမျိုးတွေလည်းရှိတာတွေ့ရတယ်”ဟု နေပြည်တော်ဒေသခံတစ်ဦးကပြောသည်။

ပိုးကူးစက်သူ ၃၀၀၀ကျော်တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က(၁)ဦး၊ရှမ်းပြည်နယ်လားရှိုးက(၁)ဦး၊စစ်ကိုင်းတိုင်းရွှေဘိုက (၁)ဦး၊ကရင်ပြည်နယ်ဘားအံ့မြို့က (၁)ဦး စုစုပေါင်း၄ဦး ကိုဗစ်ကြောင့် အသက်ဆုံးသွားခဲ့သည်။

(Zawgyi)

ေနျပည္ေတာ္တြင္ တစ္ရက္ထဲႏွင့္ လူ ၉၀၀နီးပါးအထိ ကိုဗစ္ပိုးေတြ႕

ေနျပည္ေတာ္(၈)ၿမိဳ႕နယ္မွာ ကိုဗစ္ပိုးေတြ႕ရွိမႈ ႐ုတ္တရက္ထိုးတက္သြားၿပီး ေဖေဖာ္ဝါရီ၂၁ရက္ညေန၆နာရီ ထုတ္ျပန္ခ်က္အရ တစ္ရက္ထဲမွာပင္ ကိုဗစ္ပိုးေတြ႕ရွိမႈ(၈၉၂)ဦးရွိခဲ့သည္ဟု က်န္းမာေရးဝန္ႀကီးဌာနကသိရသည္။

ေဇယ်ာသီရိၿမိဳ႕နယ္တြင္ ကိုဗစ္ပိုးေတြ႕ရွိမႈအမ်ားဆုံးျဖစ္ခဲ့ၿပီး စုစုေပါင္း(၇၃၅)ဦးအထိ ရွိခဲ့ၿပီး ဇမၺဴသီရိၿမိဳ႕နယ္တြင္(၈၉)ဦး၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္(၄၀)ဦး၊ ပ်ဥ္းမနားၿမိဳ႕နယ္တြင္(၉)ဦး၊ ပုဗၺသီရိၿမိဳ႕နယ္တြင္(၈)ဦး၊ တပ္ကုန္းၿမိဳ႕နယ္တြင္(၄)ဦး၊ ဥတၱရသီရိၿမိဳ႕နယ္တြင္(၄)ဦး၊ လယ္ေဝးၿမိဳ႕နယ္တြင္(၃)ဦး ပိုးေတြ႕ရွိခဲ့သည္ဟုသိရသည္။

၂၀၂၂ခုႏွစ္ေဖေဖာ္ဝါရီ၁၉ ရက္ည၈နာရီကေန ေဖေဖာ္ဝါရီ၂၀ရက္ ည၈နာရီအတြင္းေတြ႕ရေသာ ကိုဗစ္လူနာ (၃၃၀၃)ဦးထဲတြင္ ေနျပည္ေတာ္၏ပိုးေတြ႕ရွိမႈက က်န္တိုင္းႏွင့္ျပည္နယ္မ်ားထက္ အမ်ားဆုံးေနရာတြင္ရွိေနခဲ့သည္။

ပိုးေတြ႕မႈေန႔စဥ္ဆက္တိုက္မ်ားျပားေနသည့္ ရန္ကုန္တိုင္းထက္ပင္ ေက်ာ္လြန္သြားသည္ကိုေတြ႕ရသည္။

“ေနျပည္ေတာ္မွာက ကိုဗစ္ကာကြယ္ေဆးထိုးၿပီးတဲ့သူ မ်ားတယ္။ အခ်ိဳ႕ဆိုရင္ ထပ္ေဆာင္းေတြေတာင္ထိုးထားၾကတာရွိတယ္။ဒီေတာ့ ဖ်ားၾကနာၾကလည္း သိပ္ၿပီး ျပင္းထန္တာမ်ိဳးေတြ မေတြ႕ရဘူး။၁ရက္၊၂ရက္ေလာက္ ဖ်ားၾကတာမ်ိဳးေတြလည္းရွိတာေတြ႕ရတယ္”ဟု ေနျပည္ေတာ္ေဒသခံတစ္ဦးကေျပာသည္။

ပိုးကူးစက္သူ ၃၀၀၀ေက်ာ္တြင္ ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္က(၁)ဦး၊ရွမ္းျပည္နယ္လားရႈိးက(၁)ဦး၊စစ္ကိုင္းတိုင္းေ႐ႊဘိုက (၁)ဦး၊ကရင္ျပည္နယ္ဘားအံ့ၿမိဳ႕က (၁)ဦး စုစုေပါင္း၄ဦး ကိုဗစ္ေၾကာင့္ အသက္ဆုံးသြားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here