သီပေါမြို့တွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ အမျိုးသား၏ မျိုးပွားအင်္ဂါဖြတ်ခံရ

0
297

(Unicode)

သီပေါမြို့တွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ အမျိုးသား၏ မျိုးပွားအင်္ဂါဖြတ်ခံရ

ရှမ်းပြည်(မြောက်ပိုင်း)၊သီပေါမြို့တွင် ဖေဖော်ဝါ ရီ ၂၁ ရက်ည ၁၀ နာရီခန့်က လင်မယားချင်းရန် ဖြစ်ရာမှ ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သီ ပေါမြို့အခြေစိုက်လူမှုကူညီရေးအသင်းမှသိရသည်။

လင်မယားချင်းရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူ၏ မျိုးပွားအင်္ဂါအား အမျိုးသမီးဖြစ်သူမှဖြတ်တောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အမျိုးသမီးဖြစ်သူမှာနေအိမ်တွင်မတွေ့ရှိရကြောင်း သိရသည်။

“ဖုန်းသတင်းရလို့သွားပြီးကူညီတဲ့အချိန်မှာ အခုလိုဖြတ်ခံထားရတာကိုသိရတာ ဘာ့ကြောင့်ရန် ဖြစ်တယ်ဆိုတာကိုတော့မသိဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မျိုးပွားအင်္ဂါဖြတ်တောက်ခံရသည့် အမျိုးသားအား လူမှုကူညီရေးအသင်းဝင်များက သီပေါပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်း ထန်မှုကြောင့် လားရှိုးမြို့ပြည်သူ့ဆေးရုံသို့(စိုးရိမ်ရ)လူနာအဖြစ်ထပ်မံတင်ပို့ပေးခဲ့ရသည်ဟု သိရသည်။

“လားရှိုးဆေးရုံမှာတော့ အရေးပေါ်ကုသမှုတွေလုပ်ပေးနေတယ် ကျန်တဲ့အပိုင်းတွေကတော့ကျွန် တော်တို့လည်းမသိတော့ဘူး ကူညီပြီးပို့ပေးခဲ့တယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

(Zawgyi)

သီေပါၿမိဳ႕တြင္ လင္မယားခ်င္းစကားမ်ားရန္ျဖစ္ရာမွ အမ်ိဳးသား၏ မ်ိဳးပြားအဂၤါျဖတ္ခံရ

ရွမ္းျပည္(ေျမာက္ပိုင္း)၊သီေပါၿမိဳ႕တြင္ ေဖေဖာ္ဝါ ရီ ၂၁ ရက္ည ၁၀ နာရီခန႔္က လင္မယားခ်င္းရန္ ျဖစ္ရာမွ ယင္းသို႔ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သီ ေပါၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းမွသိရသည္။

လင္မယားခ်င္းရန္ျဖစ္ရာမွ အမ်ိဳးသားျဖစ္သူ၏ မ်ိဳးပြားအဂၤါအား အမ်ိဳးသမီးျဖစ္သူမွျဖတ္ေတာက္ခဲ့ျခင္းျဖစ္ကာ လက္ရွိတြင္ အမ်ိဳးသမီးျဖစ္သူမွာေနအိမ္တြင္မေတြ႕ရွိရေၾကာင္း သိရသည္။

“ဖုန္းသတင္းရလို႔သြားၿပီးကူညီတဲ့အခ်ိန္မွာ အခုလိုျဖတ္ခံထားရတာကိုသိရတာ ဘာ့ေၾကာင့္ရန္ ျဖစ္တယ္ဆိုတာကိုေတာ့မသိဘူး”ဟု လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

မ်ိဳးပြားအဂၤါျဖတ္ေတာက္ခံရသည့္ အမ်ိဳးသားအား လူမႈကူညီေရးအသင္းဝင္မ်ားက သီေပါျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး ဒဏ္ရာျပင္း ထန္မႈေၾကာင့္ လားရႈိးၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔(စိုးရိမ္ရ)လူနာအျဖစ္ထပ္မံတင္ပို႔ေပးခဲ့ရသည္ဟု သိရသည္။

“လားရႈိးေဆး႐ုံမွာေတာ့ အေရးေပၚကုသမႈေတြလုပ္ေပးေနတယ္ က်န္တဲ့အပိုင္းေတြကေတာ့ကြၽန္ ေတာ္တို႔လည္းမသိေတာ့ဘူး ကူညီၿပီးပို႔ေပးခဲ့တယ္”ဟုလူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာ သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here