တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မကွေးတိုင်းက လျှောက်ထားလာသူ ၂၂၀၀၀ကျော်ရှိနေ

0
178

(Unicode)

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မကွေးတိုင်းက လျှောက်ထားလာသူ ၂၂၀၀၀ကျော်ရှိနေ

၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင် စားမေးပွဲတွင် မကွေးတိုင်းဒေသကြီးမှ မြို့နယ်(၂၄)မြို့နယ်တွင် စာ‌ဖြေဌာနပေါင်း(၇၉)ခုဖြင့် ကျင်းပသွားမည်ဟု တိုင်းပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေအနေဖြင့် (၂၂၁၄၂)ဦး စာရင်းပေးသွင်းထားကြကြောင်းလည်းသိရသည်။

ထိုထဲ မကွေးတိုင်း နတ်မောက်မြို့နယ်က ကျောင်းသားကျောင်းသူ (၅၇၆)ဦးမှာ ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားကြောင်း တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အလားတူ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ် ဝင်စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုသူပေါင်း ၁၇၇ ဦးရှိပြီး ပြင်ပဖြေဆိုမည့် ကျောင်းသားကျောင်းသူ ၁၄၁ ဦး စုစုပေါင်း ၃၁၈ ဦး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန်လျှောက် လွှာများ တင်သွင်းထား ကြောင်းသိရသည်။

ငဖဲမြို့နယ်တွင်အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း၊အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၃ ကျောင်း နှင့်ကိုယ်ပိုင်အထက် တန်းကျောင်း ၁ ကျောင်းရှိပြီး ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ငဖဲ၊ ပဒါန်း စာစစ်ဌာန ၂ခုမှ ဘာသာတွဲ(၁) ဖြေဆိုသူ အတွင်းအပြင်ပေါင်း ၁၇၆ ဦး၊ ဘာသာတွဲ(၂)အတွင်းအပြင် ဖြေဆိုသူပေါင်း ၉၄ ဦး၊ ဘာသာတွဲ(၇)အတွင်းအပြင် ဖြေဆိုသူပေါင်း ၄၈ ဦး စုစုပေါင်းဖြေဆိုသူ ၃၁၈ ဦးသည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများကိုတင်သွင်းထားကြောင်း ငဖဲမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

(Zawgyi)

တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုရန္ မေကြးတိုင္းက ေလွ်ာက္ထားလာသူ ၂၂၀၀၀ေက်ာ္ရွိေန

၂၀၂၂ ခုႏွစ္၊ မတ္လ(၃၁)ရက္ေန႔မွ ဧၿပီလ(၉)ရက္ေန႔အထိ က်င္းပမည့္ ၂၀၂၁-၂၀၂၂ပညာသင္ႏွစ္ တကၠသိုလ္ဝင္ စားေမးပြဲတြင္ မေကြးတိုင္းေဒသႀကီးမွ ၿမိဳ႕နယ္(၂၄)ၿမိဳ႕နယ္တြင္ စာ‌ေျဖဌာနေပါင္း(၇၉)ခုျဖင့္ က်င္းပသြားမည္ဟု တိုင္းပညာေရးမႉး႐ုံးမွ သိရသည္။

စာေမးပြဲေျဖဆိုရန္ ေလွ်ာက္ထားသူဦးေရအေနျဖင့္ (၂၂၁၄၂)ဦး စာရင္းေပးသြင္းထားၾကေၾကာင္းလည္းသိရသည္။

ထိုထဲ မေကြးတိုင္း နတ္ေမာက္ၿမိဳ႕နယ္က ေက်ာင္းသားေက်ာင္းသူ (၅၇၆)ဦးမွာ ၂၀၂၁ – ၂၀၂၂ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆိုရန္ စာရင္းေပးထားေၾကာင္း တိုင္းအစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္အရသိရသည္။

အလားတူ မင္းဘူးခ႐ိုင္ ငဖဲၿမိဳ႕နယ္အတြင္း ၂၀၂၂ ခုႏွစ္တြင္ က်င္းပမည့္ တကၠသိုလ္ ဝင္စာေမးပြဲ၌ ေက်ာင္းတြင္းေျဖဆိုသူေပါင္း ၁၇၇ ဦးရွိၿပီး ျပင္ပေျဖဆိုမည့္ ေက်ာင္းသားေက်ာင္းသူ ၁၄၁ ဦး စုစုေပါင္း ၃၁၈ ဦး တကၠသိုလ္ဝင္ခြင့္စာေမးပြဲ၌ ဝင္ေရာက္ေျဖဆိုရန္ေလွ်ာက္ လႊာမ်ား တင္သြင္းထား ေၾကာင္းသိရသည္။

ငဖဲၿမိဳ႕နယ္တြင္အေျခခံပညာအထက္တန္းေက်ာင္း ၃ ေက်ာင္း၊အေျခခံပညာအထက္တန္းေက်ာင္း (ခြဲ) ၃ ေက်ာင္း ႏွင့္ကိုယ္ပိုင္အထက္ တန္းေက်ာင္း ၁ ေက်ာင္းရွိၿပီး ၂၀၂၂ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို ငဖဲ၊ ပဒါန္း စာစစ္ဌာန ၂ခုမွ ဘာသာတြဲ(၁) ေျဖဆိုသူ အတြင္းအျပင္ေပါင္း ၁၇၆ ဦး၊ ဘာသာတြဲ(၂)အတြင္းအျပင္ ေျဖဆိုသူေပါင္း ၉၄ ဦး၊ ဘာသာတြဲ(၇)အတြင္းအျပင္ ေျဖဆိုသူေပါင္း ၄၈ ဦး စုစုေပါင္းေျဖဆိုသူ ၃၁၈ ဦးသည္ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲဝင္ေရာက္ေျဖဆိုရန္ ေလွ်ာက္လႊာမ်ားကိုတင္သြင္းထားေၾကာင္း ငဖဲၿမိဳ႕နယ္ ပညာေရးမႉး႐ုံးမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here