မိန်းကလေးတွေ လှနေတာ ယောက်ျားလေးတွေ အတွက်ပါပဲ Super Red ပိုင်ရှင် နီနီခင်ဇော်

0
121

ni-2ni

နှုတ်ခမ်းနီထုတ်တာ တစ်လပြည့်ခဲ့ပြီဖြစ်တဲ့ Super Red Cosmetics ဖန်တီးသူ အဆိုတော် နီနီခင်ဇော်ကတော့ အချိန်တိုတိုလေးအတွင်းမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတဲ့အတွက် ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ Super Red ရဲ့ဈေးနှုန်းကလည်း သင့်တင့်လျောက်ပတ်တဲ့ ပမာဏလောက်ပဲရှိပြီး နီနီခင်ဇော်ကိုယ်တိုင်ကလည်း မိန်းကလေးပီပီအလှအပကိုမြတ်နိုးတဲ့အတွက် သူမရဲ့ Product က သုံးစွဲသူတွေအကြိုက်နဲ့ ထပ်တူကျသွားတယ်လို့ပဲ ပြောရမှာပါ။

” နီနီတို့ နှုတ်ခမ်းနီကို Celebrity ကထုတ်တဲ့ နှုတ်ခမ်းနီ အဖြစ်သွားတဲ့အခါမှာ စမ်းတဝါးဝါး သွားရတာလည်းရှိတယ်။ ပရိသတ်ကှအသခု တွေပြတ်တဲ့အထိ အခုလို အားပေးကြတဲ့အတွက် ရှေ့ လျှောက်ဖို့ အများကြီး ခွန်အားတွေဖြစ်စေပါတယ်။ Super Red က နီနီ့ရဲ့ ပထမဦးဆုံးလုပ်တဲ့ စီးပွား ရေးလုပ်ငန်းဖြစ်တဲ့အတွက် ပရိသတ်က ဘယ်လောက် Demand လဲ၊ နီနီတို့က ဘယ်လောက် Supply ပေးနိုင်မလဲဆိုတဲ့ Balance ကို အတတ်နိုင်ဆုံး ညှိသွားပါမယ်။ ပြီးသွားတဲ့အခါကျတော့ ပရိသတ်ကြီးဆီကနေပြီးတော့ ပထမဆုံး First Series ရဲ့ Feed Back တွေပေါ်မူတည်ပြီးတော့ နောက်လာမယ့် Second Series တွေ၊ နောက်လာမယ့် Edition တွေမှာ ဒီ့ထက်ပိုပြီးတော့ Quality ပိုင်းရော၊ ပရိသတ်ကြီး စိတ်တိုင်းကျမယ့် အရောင်တွေ၊ ကာလာတွေ၊ ပရိသတ်ကြီး စိတ်တိုင်းကျမယ့် Product တွေရော ထပ်ပြီးထုတ်သွားဖို့အတွက် နီနီတို့ကြိုးစားနေပါတယ်” လို့ သူမက ပြောပါတယ်။နီနီတို့လို အောင်မြင်တဲ့ အနုပညာရှင်တွေ အနေနဲ့ Product တွေထုတ်တဲ့အခါ အဲဒီ Product ရဲ့ ကွာလတီမကောင်းရင် ကိုယ့်ရဲ့ Imageပါထိခိုက်လာနိုင်တာတွေရှိတဲ့အတွက် Super Red ရဲ့ Quality ကို နီနီဘယ်လို ထိန်းလဲလို့မေးတဲ့အခါ..

” Quality Control က အရေးအကြီးဆုံးပါပဲ။ ဒါက Brand ရဲ့ Image ကို ထမ်းပြီးတော့ အလုပ်လုပ်ရတာဖြစ်ပါတယ်။ အဲဒီတော့ ဒီ Super Red သည် နီနီ့ရဲ့နှုတ်ခမ်းပေါ်မှာ ယုံယုံကြည်ကြည်နဲ့ အသုံးပြုတဲ့ Brand ဖြစ်တဲ့အတွက် နီနီကိုယ်တိုင်စံထားပြီးတော့မှ ပရိသတ်ဆီ ဖြန့်တာဖြစ်ပါတယ်။ အဲဒီတော့ Quality Control ပိုင်းမှာတော့ လုံးဝမကျအောင် နီနီတို့ Super Red Team က သူ့ရဲ့ သတ်မှတ်ထားတဲ့စံချိန်၊ စံညွှန်းနဲ့အညီ စနစ်တကျ ထုတ်လုပ်ပါတယ်” လို့ပြောပါတယ်။ Super Red က နီနီ့ရဲ့အိပ်မက်ဆိုတော့ ဘယ်အချိန်မှာဘယ်လို Product အသစ်တွေထွက်လာမလဲဆိုတာ နီနီကြိုတင်စဉ်းစားထားမှာပါ။ နီနီ့ပရိသတ်တွေထဲမှာ ယောက်ျားလေး ပရိသတ်တွေလည်းရှိကြတော့ အခုပထမဆုံး Product ဖြစ်တဲ့ နှုတ်ခမ်းနီပြီး တဲ့နောက် Men Cosmetics တွေလာဖို့ အစီအစဉ်ရှိ ဦးမလားလို့ဆိုတဲ့အခါ..

” ဒါကတော့ Product Development မှာ ပါရင်ပါသွားမှာပေါ့။ လောလောဆယ်ကတော့ ဒီနှစ်ပိုင်းအတွက် နှုတ်ခမ်းနီကို နီနီ Focus ထားပါမယ်။ ပြီးသွားရင်တော့ တခြား Colour Product တွေ ထုတ်ဖို့ရှိပါတယ်။ တစ်ခါတလေကျတော့လည်း အလုပ်ကို Year Plan တွေနဲ့ပဲသွား ထားတာဆိုတော့ အဝေးကြီးတော့ တအားကြီးကြည့်မထားဘူး။ နီနီ ၂ဝ၁၇ အတွက်တော့ Year Plan တွေချထားပြီးပြီ။ နီနီ့ကိုချစ်တဲ့ ပရိသတ်တွေထဲမှာ ယောက်ျားလေး တွေလည်းပါတယ်ဆိုတော့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီထုတ်ပေးတယ်ဆိုတာ ယောက်ျားလေးတွေအတွက်ပါပဲ။ မိန်းကလေးတွေ လှနေပြီဆိုရင် ယောက်ျားလေးတွေအတွက်ကတော့ ဒါဟာ ဆွဲဆောင်မှုရှိတာပါပဲလေ။ မိန်းကလေးတွေ လှနေတာ ယောက်ျားလေးတွေအတွက်ပါပဲ” လို့ နီနီခင်ဇော်က ရယ်ရယ်မောမော ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here