မြို့ကြီးအချို့ရဲ့ အဝင်အထွက်ဂိတ်တွေမှာ ကိုဗစ်ရှိ၊မရှိစစ်ဆေးမှုများပြန်လည်စတင်

0
124

(Unicode)

မြို့ကြီးအချို့ရဲ့ အဝင်အထွက်ဂိတ်တွေမှာ ကိုဗစ်ရှိ၊မရှိစစ်ဆေးမှုများပြန်လည်စတင်

ကိုဗစ်ကူးစက်မှုနှုန်း တကျော့ပြန်တက်လာတာကြောင့် ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းဒေသကြီးအချို့က မြို့နယ်အချို့တွေရဲ့ ဂိတ်တွေမှာ ကိုဗစ်စစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေဆီ လာရောက်မယ့် ခရီးသွားတွေကို ပုသိမ်အရောက်မှာ ကိုဗစ်ဆေးထိုးပြီးကြောင်းထောက်ခံစာပြခိုင်းတာ၊ထောက်ခံစာမပါရင် ကိုဗစ်စစ်ပြီး ကင်းရှင်းရင် ဆက်သွားခွင့်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

“ကိုဗစ်စစ်လို့ တွေ့ရရင် ကွာရန်တင်းစင်တာကို ပို့ပါတယ်။ကားပေါ်ပါလာသူအကုန်လုံးကိုလည်း ကွန်တက်ပါစင်အနေနဲ့ ကွာရန်တင်းထားပါတယ်”လို့ အဲ့ဒီ့တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီလိုပဲ မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊သရက်မြို့နယ်မှာလည်း ယနေ့ ဖေဖော်ဝါရီ ၂၂ရက်က ထုံးတောင်မြို့ဝင် စစ်ဆေးရေးဂိတ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကဒ်ပြားမပါရှိသူတွေ၊နေအိမ်ပြင်ပထွက်ခွာပြီး Mask တပ်ဆင်မှုမထားသူတွေနဲ့ ကာကွယ်ဆေးမထိုးထားတဲ့သူတွေကို Mobile RDT နဲ့ စစ်ဆေးပြီး ရောဂါပိုးတွေ့ရှိသူတွေကိုကွာရန်တင်းစင်တာတန်းပို့ တယ်လို့ သိရပါတယ်။

အခုဆိုရင် မြို့နယ်အချို့တွေမှာ ခရီးသွားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ပြခိုင်းတာတွေလည်း ရှိနေပါတယ်။

(Zawgyi)

ၿမိဳ႕ႀကီးအခ်ိဳ႕ရဲ့ အဝင္အထြက္ဂိတ္ေတြမွာ ကိုဗစ္ရွိ၊မရွိစစ္ေဆးမွုမ်ားျပန္လည္စတင္

ကိုဗစ္ကူးစက္မွုႏွုန္း တေက်ာ့ျပန္တက္လာတာေၾကာင့္ ဧရာဝတီတိုင္းနဲ႔ မေကြးတိုင္းေဒသႀကီးအခ်ိဳ႕က ၿမိဳ႕နယ္အခ်ိဳ႕ေတြရဲ့ ဂိတ္ေတြမွာ ကိုဗစ္စစ္ေဆးမွုေတြ ျပန္လည္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္းက ေငြေဆာင္နဲ႔ ေခ်ာင္းသာကမ္းေျခေတြဆီ လာေရာက္မယ့္ ခရီးသြားေတြကို ပုသိမ္အေရာက္မွာ ကိုဗစ္ေဆးထိုးၿပီးေၾကာင္းေထာက္ခံစာျပခိုင္းတာ၊ေထာက္ခံစာမပါရင္ ကိုဗစ္စစ္ၿပီး ကင္းရွင္းရင္ ဆက္သြားခြင့္ေပးတာေတြ လုပ္ေဆာင္ေနတယ္လို႔ တာဝန္ရွိသူေတြဆီကေန သိရပါတယ္။

“ကိုဗစ္စစ္လို႔ ေတြ႕ရရင္ ကြာရန္တင္းစင္တာကို ပို႔ပါတယ္။ကားေပၚပါလာသူအကုန္လုံးကိုလည္း ကြန္တက္ပါစင္အေနနဲ႔ ကြာရန္တင္းထားပါတယ္”လို႔ အဲ့ဒီ့တာဝန္ရွိသူက ဆက္ေျပာပါတယ္။

ဒီလိုပဲ မေကြးတိုင္းေဒသႀကီး၊သရက္ခရိုင္၊သရက္ၿမိဳ႕နယ္မွာလည္း ယေန႔ ေဖေဖာ္ဝါရီ ၂၂ရက္က ထုံးေတာင္ၿမိဳ႕ဝင္ စစ္ေဆးေရးဂိတ္မွာ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထိုးကဒ္ျပားမပါရွိသူေတြ၊ေနအိမ္ျပင္ပထြက္ခြာၿပီး Mask တပ္ဆင္မွုမထားသူေတြနဲ႔ ကာကြယ္ေဆးမထိုးထားတဲ့သူေတြကို Mobile RDT နဲ႔ စစ္ေဆးၿပီး ေရာဂါပိုးေတြ႕ရွိသူေတြကိုကြာရန္တင္းစင္တာတန္းပို႔ တယ္လို႔ သိရပါတယ္။

အခုဆိုရင္ ၿမိဳ႕နယ္အခ်ိဳ႕ေတြမွာ ခရီးသြားေတြကို ကိုဗစ္ကာကြယ္ေဆးထိုးၿပီးေၾကာင္းလက္မွတ္ျပခိုင္းတာေတြလည္း ရွိေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here