မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
168

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အမရဌာနီအရှေ့ရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးရန် ကင်းသည် ဖေဖော်ဝါရီ ၂၂ ရက်ည ၇ နာရီခွဲခန့်က နေအိမ်ရှေ့ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးရန်ကင်း(၅၀)နှစ်ခန့်သည် နေအိမ်ရှေ့၌ထိုင်နေစဥ် ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသားနှစ်ဦးက သေ နတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု မြိုနယ်နေသူများထံမှ သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးရန်ကင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို ဆေးကုသရန်ပို့ဆောင်စဥ်သေဆုံးသွားခဲ့သည်ဟု သိရသည်။

“အခုပစ်သတ်ခံရတဲ့အုပ်ချုပ်ရေးမှူးနဲ့ဆိုရင် သုံးယောက်ရှိသွားပြီ ရပ်ကျေးအဖွဲဝင်တွေပစ်ခံရတာ ၂၀ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်ထဲက ရာအိမ်မှူးဦးထွန်းဝေနဲ့ ၂၁ ရက်မှာရာအိမ်မှူးဦးအောင်စိန်တို ပစ်သတ်ခံရတယ် ညကတော့ရပ် ကွက်အုပ်ချုပ်ရေးမှူးဦးရန်ကင်းပေါ့ သုံးယောက် လုံးသေဆုံးသွားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အခင်းဖြစ်နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ ကျည်ခွံသုံးခုအားသိမ်းဆည်းရမိခဲ့ပြီး ရပ်ကွက်များအတွင်းနှင့်လမ်းမများပေါ်တွင် စစ် ဆေးမှုများပြုလုပ်ခဲ့ကြသည်။

မန္တလေးမြိုတွင် ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကျေးရုံးမီးရှိဖျက်စီးခံခဲ့ရပြီး မဟာအောင်မြေမြို့နယ်ရှိ ရပ်ကျေးရုံးတွင်လည်း ဗုံးသုံးလုံးပေါက်ကွဲခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here